မုန်လာဥနီကိတ်(ပေါင်းထားတာလေးပါ) ခြောက်ခုစာပါ

ကလေးတွေအတွက်အရသာရှိပြီးအာဟာရလည်းပြည့်တဲ့ အဆာပြေမုန့်လေးပါ လုပ်ရတာလည်းလွယ်ပါတယ်

မုန်လာဥနီအဖတ် 1 cup
all purpose flour 1/2 cup
ကြက်ဥအကာနှစ်လုံး
အနှစ်တလုံး
နွားနို့ 1/2 cup
သကြား 2tbs
baking powder 1/2 tsp
ဆား 1/4 tsp

မုန်လာဥဖျော်ရည်လုပ်ပီးအရည်ညစ်ပီးကျန်တဲ့အဖတ်လေးတွေကိုသုံးပါတယ်
ကြက်ဥအကာနှစ်လုံးကိုပွလာအောင်ခေါက်ပြီးမှ အနှစ်တစ်လုံးထည့်ခလောက်
နွားနို့ထည့်
ဂျုံနဲ့တခြားပစ္စည်းတွေကိုအကုန်ရောပီးသမအောင်မွှေ
cup cake လုပ်တဲ့ခွက်လေးတွေမှာ ထောပတ်သုတ်ပီး ထည့်
ရေနွေးခံပြီး နာရီဝက်ပေါင်း ဓားနဲ့ထိုးကြည့်လို့မုန့်သားကပ်ပါမလာရင် မီးဖိုပေါ်ကချ အအေးခံသုံးဆောင်နိုင်ပါတယ်