ပြောင်းဖူးကြော် ကြွတ်ကြွတ်ရွရွလေး


သမီးက ပြောင်းဖူးကြော်ပေးပါဆိုလို့ ပြောင်းဖူးအစိမ်းတစ်ဖူးကိုချွေ ဂျပန်တန်ပူရာအမှုန့် ထမင်းစားဇွန်းသုံးဇွန်း ဆားနည်းနည်း နနွင်းမှုန့်နည်းနည်းလေးနဲ့ ရေကိုမပြစ်မကျဲလေးဖျော်ပြိး ဆီလေးလက်တစ်ဆစ်ရဲ့တစ်ဝက်လောက်ထည့် မီးအလည်လတ်လောက်ထားကြော် ရွှေရောင်လေးသန်းလာပြီဆို တစ်ဖက်လှန်ပေး။ လွယ်လွယ်လေးနဲ့အာဟာရလည်းပြည့် ဆီကြော်တွေကတော့ တစ်ပတ်တစ်ရက်လောက်ပဲကျွေးသင့်တယ်ကလေးတွေကို။