ပြောင်းဖူးကြော်

သမီးအတွက်နေ့လည်အဆာပြေလုပ်ပေးဖြစ်တာလေးပါ

ပြောင်းဖူးတစ်ဖူးကိုခြစ်
ယိုဒယားအကြော်မှုန့်ကိုပြောင်းဖူးနဲ့ဆတူရော
ကြက်ဥတစ်လုံးဖောက်ထည့်
ဆားနည်းနည်းထည့်
အကုန်ရောမွှေပြီး
မီးအလည်လတ်နဲ့ ရွှေရောင်သန်းလာအောင်ကြော်
လုပ်ရတာလွယ်ပြီးအာဟာရလည်းပြည့်တဲ့သရေစာလေးပါ
သမီးကတော့အရမ်းကြိုက်ပါတယ်
ဝါးတတ်မျိုချတတ်တဲ့
တစ်နှစ်ကျော်ကလေးတွေအတွက်အဆင်ပြေမှာပါ