ကိုယ်ဝန်ရဖို့ ကြန့်ကြာစေတဲ့ ကဖင်းဓါတ်

ကိုယ်ဝန်ရနိုင်ဖို့ဆိုတာ အစားအစာ၊ အနေအထိုင်တွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ကိုယ်ဝန်ရဖို့ ကြန့်ကြာစေတဲ့ အစားအစာတွေထဲမှာ ကဖင်းဓါတ်လည်း ပါဝင်ပါတယ်။

ဖေဖေ မေမေတို့ရေ ကော်ဖီကြိုက်တယ်၊ ချောကလက်ကြိုက်တယ်ဆိုရင်တော့ ဒါဟာ ကဖင်းဓါတ်တွေကို ကြိုက်နှစ်သက်နေပါပြီ။ ဖေဖေမေမေတို့ ကိုယ်ဝန်ရနိုင်ဖို့၊ မျိုးအောင်နိုင်ဖို့ဆိုတာ အစားအစာ၊ အနေအထိုင်တွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ကိုယ်ဝန်ရဖို့ ကြန့်ကြာစေတဲ့ အစားအစာတွေထဲမှာ ကဖင်းဓါတ်လည်း ပါဝင်ပါတယ်။ ကဖင်းဓါတ်က ကိုယ်ဝန်ရနိုင်ခြေကိုနည်းစေတဲ့အပြင် ကိုယ်ဝန်ရဖို့ ကြန့်ကြာစေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ မေမေလောင်းတို့ တစ်နေ့ကို ကော်ဖီတစ်ခွက်ထက်ပို သောက်မယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ(၅၀) % ကို လျှော့ကျစေပါတယ်။ သိရှိရပါတယ်။ ဖန်ပြွန် သန္ဓေသား ယူထားတဲ့မေမေတွေကို လေ့လာတဲ့အခါမှာ ပျမ်းမျှတစ်နေ့ကို (၅၀)mg သောက်တဲ့ မေမေလောင်းတွေမှာတောင်မှ ကိုယ်ဝန်ရနိုင်ခြေ နည်းနေတာကို တွေ့ရပါတယ်။ ကဖင်းက မမျိုးဥဖွံ့ဖြိုးဖို့ကို နှောင့်ယှက်တာကြောင့်ပါ။

ကဖင်းက မမျိုးဥဖွံ့ဖြိုးဖို့ကို နှောင့်ယှက်တာကြောင့်ပါ(Photo: Tesco Baby Club)

 ကဖင်းဓါတ်တွေရဲ့ ဆိုးကျိုးဟာ

ကဖင်းဓါတ်တစ်နေ့ကို ဘယ်လောက်စားသုံးသလဲဆိုတဲ့အပေါ် မူတည်ပြီး အကျိုးသက်ရောက်ပါတယ်။ ကဖင်းပါတဲ့ အရည်တွေ များများသောက်လေ့ရှိတဲ့ မေမေလောင်းတွေဟာ ခေါင်းကိုက်တာ၊ စိတ်မသက်မသာဖြစ်တာ၊ ဂနာမငြိမ်ဖြစ်တာနဲ့ မအီမသာဖြစ်တာတွေ ရှိနိုင်ပါတယ်။ ကဖင်းဓါတ်များများစားမယ်ဆိုရင် မရင့်မာသေးတဲ့ မမျိုးဥလေးဟာ မတည်မငြိမ်ဖြစ်နေပြီး မျိုးမအောင်နိုင်ပါဘူး။

ကိုယ်ဝန်ရခဲ့မယ်ဆိုရင်တောင် ကဖင်းဓါတ်က ကလေးပျက်ကျမှု ဖြစ်စေဖို့ ရာခိုင်နှုန်း များပါတယ်

တစ်နေ့ကို (၂၀၀) မီလီဂရမ်ထက်ပိုပြီး မှီဝဲမယ်ဆိုရင် ကလေးပျက်ကျနိုင်ခြေ (၁၂.၅%) ကနေ နှစ်ဆအထိတောင် မြင့်တက်သွားနိုင်ပါတယ်။ ကဖင်းဓါတ်ဟာ အချင်းကနေတဆင့် သန္ဓေသားလေးဆီရောက်ကာ ဖွံ့ဖြိုးဆဲ ကလေးလေးကို ဆိုးကျိုးဖြစ်စေတာကြောင့် မွေးရာပါ ချို့ယွင်းတာမျိုးတောင် ဖြစ်စေနိုင်ပါတယ်။

 

 

 

From Kalay with