မေမေတို့ရဲ့ အလှအပအတွက် ထောပတ်သီးအစေ့ အသုံးဝင်ပုံ

ထောပတ်သီးအစေ့ကို ပထမဆုံး ရေနဲ့ ပြောင်စင်အောင်ဆေးကြောပြီး နေလှန်းပေးပါ။ ခြောက်သွေ့တဲ့ ထောပတ်သီးအစေ့ကို အမှုန့်ပြုလုပ်ပြီး မျက်နှာကို ပေါင်းတင်ပေးနိုင်ပါတယ်။

ထောပတ်သီးကတော့ မေမေတို့ရဲ့ အသားအရေကို ကောင်းမွန်စေပါတယ်။ ဗီတာမင်ဘီ ပါဝင်တာကြောင့် ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် ထောပတ်သီးက အထူးသင့်တော်ပါတယ်။ ထောပတ်သီးမှာ ဗီတာမင် B အပါအဝင် သတ္ထုဓာတ်၊ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အဆီဓာတ်နဲ့ အမျှင်ဓာတ်တို့ အပြည့်အဝပါဝင်ပါတယ်။ ထောပတ်သီးကို သုံးစွဲလိုက်တဲ့အခါမှာ ထောပတ်သီးအစေ့ကို ဒီအတိုင်းလွင့်ပစ်လိုက်မယ်ဆိုရင် နှမြောစရာကောင်းပါတယ်။ ထောပတ်သီးအစေ့ကလည်း မေမေတို့ရဲ့ အသားအရေအတွက် အထူးသင့်တော်ပါတယ်။ ဒါပေမယ့်လည်း ထောပတ်သီးအစေ့ရဲ့ အသုံးဝင်ပုံကို လူသိနည်းတာကြောင့် ဒီအတိုင်းလွှင့်ပစ်လိုက်တာများပါတယ်။

ဝက်ခြံများကို ပျောက်ကင်းစေနိုင်

ထောပတ်သီးအစေ့က အလှအပအတွက် အသုံးဝင်တာကြောင့် မေမေတို့အနေနဲ့ မလွှင့်ပစ်ဖို့ Kalay ကနေ သတိပေးလိုက်ပါတယ်။ ထောပတ်သီးအစေ့ကို သွေးပြီးမျက်နှာပေါ်ကို လိမ်းပေးမယ်ဆိုရင် မျက်နှာပြင်ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ချောမွေ့စေပါတယ်။ ဆဲလ်သေတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေတဲ့အခါမှာ ဝက်ခြံတွေ ထွက်ပေါ်လာပါတယ်။ ထောပတ်သီးအစေ့ကို သွေးလိမ်းတာက ဝက်ခြံတွေကို ပျောက်ကင်းစေပါတယ်။

ထောပတ်သီးအစေ့က အလှအပအတွက် အသုံးဝင်တာကြောင့် မေမေတို့အနေနဲ့ မလွှင့်ပစ်ပါနဲ့ (Photo by esnoticia)

မျက်နှာသစ်ဆေး

ထောပတ်သီးအစေ့ကို ပထမဆုံး ရေနဲ့ ပြောင်စင်အောင်ဆေးကြောပြီး နေလှန်းပေးဖို့လိုပါတယ်။ ဒီလိုခြောက်သွေ့တဲ့ ထောပတ်သီးအစေ့ကို ကြိတ်စက်နဲ့ ညက်အောင်ကြိတ်ပြီး မျက်နှာကို ပေါင်းတင်ပေးနိုင်ပါတယ်။ နောက်တနည်းကတော့ မျက်နှာသစ်ဆပ်ပြာနဲ့ ရောနှောပြီး မျက်နှာသစ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ထောပတ်သီးအစေ့မှုန့်ရောထားတဲ့ မျက်နှာသစ်ဆေးကို မျက်နှာပြင်အနှံ့ (၅)မိနစ်ခန့် ပွတ်ပေးဖို့လိုပါတယ်။

မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေထွက်လာအောင် အကူအညီပေးပါတယ်။ ဒါ့ကြောင့် မေမေတို့အနေနဲ့ ထောပတ်သီးစားတဲ့အခါမှာ အစေ့တွေကို အလွယ်တကူမလွှင့်ပစ်ဘဲ အသားအရေအတွက်အသုံးဝင်တာကြောင့် နေလှန်းပြီး သိမ်းဆည်းထားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

 

From Kalay with