ကလေးလေး ငယ်သွားစတင်ပေါက်ပြီဆိုရင်
|သားသားမီးမီးလေး သွားစပေါက်လို့ ဂကျီဂကြောင် ကျနေပြီလား။ တချို့မေမေတွေမှာတော့ သွားစပေါက်ရမယ့် အရွယ်မှာ မပေါက်သေးလို့ စိတ်ညစ်နေတာတွေလည်း ရှိပါတယ်။
မေမေတို့ရေ သားသားမီးမီးလေး သွားစပေါက်လို့ ဂကျီဂကြောင် ကျနေပြီလား။ တချို့မေမေတွေမှာတော့ သားသားမီးမီးလေးတွေ သွားစပေါက်ရမယ့် အရွယ်မှာ မပေါက်သေးလို့ စိတ်ညစ်နေတာတွေလည်း ရှိပါတယ်။ ဒီတော့ ဘယ်အချိန်မှာ သွားစပေါက်မလဲ၊ ငယ်သွားစပေါက်တဲ့အချိန်မှာ ကလေးကို ဘယ်လိုစောင့်ရှောက်မလဲဆိုတဲ့ စောင့်ရှောက်နည်းတွေ သိထားသင့်ပါတယ်။ ဒါမှ ငယ်သွားစပေါက်တဲ့အချိန်မှာ ကလေးရော မေမေပါ အဆင်ပြေမှာပါ။
ငယ်သွားစပေါက်မယ့်အချိန်
- ၅လ ( ၄လ မှ ၇လ အတွင်း ) ငယ်သွားစပေါက်ပါမယ်
- ၆လ ( ၅လ မှ ၇လ အတွင်း ) အောက်ဖက် အလယ် ရှေ့သွားများ
- ၇လ ( ၆လ မှ ၈လ အတွင်း ) အပေါ် အလယ် ရှေ့သွားများ
- ၉လ မှ ၁၆လ ( ၉လ မှ ၁၂လ အတွင်း ) အပေါ် ဘေးဖက် ရှေ့သွားများ၊ ပြီးရင် အောက် ဘေးဖက် ရှေ့သွားများ
- ၁၄လ ( ၁၂လ မှ ၁၅လ အတွင်း ) ပထမဆုံး အံ့သွားများ
- ၁၈လ ( ၁၆လ မှ ၂၂လ အတွင်း) သွားစွယ်များ
- ၂၆လ ( ၂၀လ မှ ၃၀လ အတွင်း ) ဒုတိယ အံ့သွားများ
- ၂၆လ ( ၂၅လ မှ ၃၃လ အတွင်း ) ဒုတိယ အပေါ်အံ့သွားများ၊ ပြီးရင် ဒုတိယ အောက် အံ့သွားများ
လက္ခဏာများ
ငယ်သွားပေါက်ခါနီးဆိုရင် အရာဝတ္ထုများ ကိုက်ခြင်း၊ သွားဖုံးရောင်ပြီး နီရဲနေခြင်း၊ သွားရည်ကျခြင်း၊ ပုံမှန်ထက် ပိုပြီး လှုပ်ရှားခြင်း၊ နားရွက်တွေဆွဲခြင်းနဲ့ အစားကောင်းကောင်း မစားတာတွေ ဖြစ်နိုင်ပါတယ်။
ပြုစုစောင့်ရှောက်ခြင်း
မေမေတို့ ကလေးလေး ငယ်သွားစပေါက်ပြီဆိုတာနဲ့ သွားဖုံးကို သန့်ရှင်းတဲ့ လက်ချောင်းနဲ့ တစ်ခါကို (၂)မိနစ်လောက် ပွတ်တိုက်ပေးပါ။ အစပိုင်းမှာ ကလေးက ငြင်းလောက်ပေမယ့် ဒါက တကယ်စိတ်ကျေနပ်မှု ပေးနိုင်တာပါ။ အစာ အမာများ၊ မုန်လာဥ၊ အေးလွန်းတဲ့ အစားအစာတွေ မကျွေးပါနဲ့ဦးနော်။ သွားတိုက်ဆေးမှာ ပါဝင်တဲ့ ဆေးတွေက ကလေးအတွက် ဘေးဖြစ်စေတတ်တာကြောင့် သေသေချာချာလေး ရွေးချယ်ပြီးမှ အသုံးပြုပါ။ သွားတိုက်ဆေး အရမ်းမပြင်းဖို့ သတိပြုပါ။ ပမာဏများများလည်း အသုံးမပြုပါနဲ့ဦးနော်။