မွေးကင်းစသားသားမီးမီးလေးတွေကို ခေါင်းအစခြေအဆုံး ဂရုစိုက်နည်း
|မွေးကင်းစ သားသားမီးမီးလေးတွေရဲ့ တကိုယ်ရည်သန့်ရှင်းရေးက မေမေဖေဖေတို့အပေါ်မှာ မူတည်နေတာကြောင့် သူတို့လေးတွေကို တကိုယ်ရည်သန့်ရှင်းရေး မှန်မှန်ပြုလုပ်ပေးပါ။
မွေးကင်းစသားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေကတော့ သူတို့လေးတွေကို ဂရုစိုက် စောင့်ရှောက် တဲ့ မေမေဖေဖေတို့အပေါ်မှာ အများကြီးမူတည်နေပါတယ်။ မွေးကင်းစက သားသားမီးမီးလေးတွေက နုနယ်လွန်းတာကြောင့် သေသေချာချာလေး ဂရိုစိုက်ပေးဖို့ လိုပါတယ်။
အတွေ့အကြုံမရှိသေးတဲ့ မေမေဖေဖေတို့အနေနဲ့ ကျွမ်းကျင်သူတွေဆီမှာ မေးမြန်းနိုင်ပါတယ်။
သူတို့လေးတွေကို ခေါင်းအစ ခြေအဆုံး ဘယ်လိုဂရုစိုက်ကြမလဲ
၁။ မျက်နှာ
မွေးကင်းစ သားသားမီးမီးလေးတွေရဲ့ မျက်နှာလေးတွေက နီရဲနေပါတယ်။ နို့ပါဝင်တဲ့ ကလေးသုံးဆပ်ပြာရည်နဲ့ နေ့စဉ်မျက်နှာသစ်ပေးဖို့လိုပါတယ်။
၂။ မျက်လုံး
တချို့သားသားမီးမီးလေးတွေရဲ့ မျက်စိလေးတွေမှာ မျက်ဝတ်(မျက်ချေး)တွေ ပိတ်နေပါတယ်။ လတော်တော်ကြာကြာ မျက်ဝတ်(မျက်ချေး)ထွက်နိုင်ပါတယ်။ သန့်ရှင်းတဲ့ ဝါဂွမ်းကို ရေနွေး(မပူလွန်း၊မအေးလွန်းအခြေအနေ)အနည်းငယ်စွတ်ပြီး မျက်ဝတ်(မျက်ချေး)တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၃။ ဦးခေါင်း
မွေးခါစ သားသားမီးမီးလေးတွေရဲ့ ဦးခေါင်းမှာ အဖြူရောင်အဖက်လေးတွေ ရှိနေတတ်ပါတယ်။ သားသားမီးမီးလေးတွေကို ရေချိုးပေးတဲ့အခါမှာ သွားတိုက်တံလေးနဲ့ ညင်ညင်သာသာ ပွတ်ပေးနိုင်ပါတယ်။
၎။ နှာခေါင်း
သားသားမီးမီးလေးတွေရဲ့ နှာခေါင်းထဲက အကျိအချွဲတွေကို ထုတ်ပေးသင့်ပါတယ်။ လက်နဲ့ ထုတ်ပေးတာကိုတော့ ရှောင်ရှားပေးပါ။ ကလေးငယ်တွေရဲ့ နှားခါင်းသန့်ရှင်းရေးအတွက် သီးသန့်ထုတ်ထားတဲ့ ကိရိယာကို အသုံးပြုပေးပါ။
၅။ လက်သည်း
မွေးကင်းစသားသားမီးမီးလေးတွေရဲ့ လက်သည်းလေးတွေက နူးညံ့ကြပါတယ်။ ဒါပေမယ့်လည်း လက်သည်းရှည်နေတယ်ဆိုရင်တော့ ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ ကလေးညှပ်တဲ့ လက်သည်းညှပ်ကို အသုံးပြုပြီး လက်သည်းလေးတွေကို ညှပ်ပေးပါ။ ရေချိုးပြီးတဲ့အခါ သို့မဟုတ် အိပ်နေချိန်မှာ လက်သည်းညှပ်ပေးပါ။
၆။ အသားအရေ
သားသားမီးမီးလေးတွေ ရေချိုးတဲ့အခါမှာ ကလေးသုံးဆပ်ပြာကို အသုံးပြုပြီးရေချိုးပေးလို့ရပါတယ်။ အနံ့မပါတဲ့ ကလေးသုံးဆပ်ပြာကို ရွေးချယ်အသုံးပြုပေးပါ။
၇။ ဒိုက်ပါ
သားသားမီးမီးလေးတွေသုံးတဲ့ ဒိုက်ပါကို မကြာခဏ လဲပေးပါ။ ဒိုက်ပါလဲတဲ့အခါမှာ အသားပွန်းတာတွေ ဖြစ်ပေါ်လာပါက ပေါင်ဒါမှုန့် သို့မဟုတ် zinc oxide ပါတဲ့ ရေနံဂျယ်လီကို လိမ်းပေးနိုင်ပါတယ်။
၈။ ချက်ကြိုး
ချက်ကြိုးကို ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။ ဒိုက်ပါလဲပေးတဲ့အခါ သို့မဟုတ် သန့်ရှင်းရေးလုပ်ပေးတဲ့အခါမှာ ချက်ကြိုးကို မထိခိုက်အောင် သတိထားပါ။
၉။ ဆီးဝမ်းသွားအင်္ဂါ
သားသားမီးမီးလေးတွေရဲ့ ဆီးဝမ်းသွားအင်္ဂါတွေကို မကြာခဏ သန့်ရှင်းရေးပြုလုပ်ပေးဖို့လိုပါတယ်။ သေးပေါက်ပြီးတဲ့အခါ သို့မဟုတ် ဒိုက်ပါလဲတဲ့အခါမှာ ဆီးဝမ်းသွားအင်္ဂါတွေကို သန့်ရှင်းရေးပြုလုပ်ပေးပါ။
၁၀။ လက်နဲ့ ခြေထောက်
ခြေသည်းလက်သည်လေးတွေ ရှည်လာခြင်းရှိမရှိ မေမေဖေဖေတို့ ဂရုစိုက်စောင့်ကြည့်ပေးပါ။ မွေးကင်းစသားသားမီးမီးလေးတွေရဲ့ တကိုယ်ရည်သန့်ရှင်းရေး ကောင်းမွန်ဖို့အတွက် မေမေဖေဖေတို့ အမြဲဂရုစိုက်ပေးနေဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။