တစ်ဒေါ်လာတန် ငွေစက္ကူပေါ်မှ Arizona မှ ပြန်ပေးဆွဲခံရသော မိန်းကလေး ရေးသည့်စာ တွေ့ရှိ

Wisconsin တွင် တွေ့ရှိရသော တစ်ဒေါ်လာတန် ငွေစက္ကူတစ်ရွက်ကြောင့် ၁၉ နှစ်ကြာခဲ့ပြီဖြစ်သော
Mikelle Biggs (၁၁)နှစ် သမီးလေး ပြန်ပေးဆွဲခံရသောအမှုကို လူအများ ပြန်လည် စိတ်ဝင်စားလာခဲ့ကြ
သည်။ သူမသည် Arizona ရှိ နေအိမ်ပတ်ဝန်းကျင်၌ ရေခဲမုန့်ကားစောင့်နေစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်
သည်။
“ကျွန်မနာမည် Mikel (sic) Biggs ပါ Mesa AZ က ပြန်ပေးဆွဲခံရသူပါ ကျွန်မ အသက်ရှင်နေဆဲပါ”
ဟု ငွေစက္ကူအနား ပတ်လည်တွင် ရေးသားထားသည်။
Mikelle ၏ညီမ Kimber ကတော့ ဒီစာကို ပျောက်ဆုံးသွားခဲ့တဲ့ သူ့အစ်မရေးတယ်လို့ မယုံကြည်ခဲ့
ပါ။ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း သောကပင်လယ်ဝေခဲ့ရပြီးနောက် သူမဟာသင်ခန်းစာကောင်း
ရရှိခဲ့လို့ ဖြစ်ပါတယ်။
“ဒီဟာက ကျွန်မစိတ်ကို ဖမ်းစားခဲ့ပါတယ်။ ပထမတော့ တော်တော်လေး စိပ်ရူပ်ခဲ့တယ်။ ပြောဆို
ရိုက်ခတ်မှုတချို့ ဖြစ်ပေါ်လာပြီး နောက်မှာတော့ ကျွန်မမိသားစုနဲ့ ပြောဆိုခဲ့ပါတယ်။ ဒီဟာက ကိုယ်ချင်း
စာနာစိတ်မရှိတဲ့ နောက်ပြောင်မှုတစ်ခုလို့ ခံစားမိပါတယ်”ဟု သူမက InsideEdition.com သို့ ပြောခဲ့
သည်။
ငွေစက္ကူ သတင်းကိစ္စအား Wisconsin ရှိ Neenah ရဲစန်းသို့ သတင်းပို့ခဲ့သည်။ Kimber မှ ထိုသ
တင်းကို Facebook စာမျက်နှာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သူမ၏အစ်မ ပြန်ပေးဆွဲခံရသည့် သတင်းအ
ကြောင်းအရာများလည်း ရေးသားထားသည်။
ထိုအချိန်က Mikelle နှင့် Kimber တို့သည် အိမ်အပြင်ဘက်၌ ကစားနေကြပြီး ရေခဲမုန့်ကားသီချင်း
သံကြားရသဖြင့် ရေခဲမုန့်ဝယ်စားရန် Mikelle ကသူတို့၏အမေဆီမှ မုန့်ဖိုး ဆင့် ၅၀ တောင်းခဲ့သည်။ အ
ပြင်တွင် လမ်းမီးများလည်း လင်းလာပြီဖြစ်ပြီး အေးလည်းအေးလာသည်။ အသက် ၉ နှစ်အရွယ် Kimber
က အနွေးထည်ယူရန် အိမ်သို့ပြန်ပြေးလာခဲ့သည်။ သူတို့၏အိမ်မှာ ၄ အိမ်စာလောက်ပဲဝေးသဖြင့် စက်
ဘီးကိုတော့ မယူဘဲထားခဲ့သည်။
သူမ အိမ်ထဲသို့ရောက်သောအခါ Kimber ၏အမေမှ Mikelle ကိုပါပြန်သွားခေါ်ပြီး အိမ်သို့ပြန်လာ
ကြရန်ပြောသည်။ အပြင်ဘက်တွင် မှောင်စပြုနေပြီဖြစ်ပြီး ရေခဲမုန့်ကားလည်း ပေါ်မလာသေးပေ။ သူမက
အစ်မကိုပြန်ခေါ်လာရန် အိမ်ပြင်သို့ ပြန်ထွက်လာခဲ့သည်။ စုစုပေါင်းကြာချိန် စက္ကန့် ၉၀ မျှသာရှိခဲ့သည်။
သူမရောက်တော့ Mikelle ကမရှိတော့ပေ။ Kimber ၏ စက်ဘီးကတော့ လမ်းထဲမှာ လဲကျနေသည်ကို
တွေ့ရသည်။
“အသေးစိတ် အချက်အလက်တွေကတော့ ရှုပ်ယှက်ခတ်ပြီး အများကြီးဘဲ။ ကျွန်မ ဘယ်တော့မှ
မေ့မရတဲ့ မြင်ကွင်းကတော့ လမ်းဘေးမှာလဲကျနေတဲ့ တာယာတွေပြန်ချုပ်ထားတဲ့ ကျွန်မစီးနေကျ စက်
ဘီးကလေးပါပဲ”ဟု Kimber ကပြောခဲ့သည်။