၁၁ လသား ကလေးငယ်ကို ဧည့်ခန်းထဲတွင် ပြေးတမ်း လိုက်တမ်းကစားပြီး ထိန်းပေးထားတဲ့ ဂျာ မန် Shepherd အမျိုးအစား အမဲလိုက်ခွေးကြီး

လေးဘက်တွား ကလေးငယ် တစ်ဦးနဲ့ သူ့ရဲ့ဂျာမန် အမဲလိုက်ခွေးကြီးတို့ ဧည့်ခန်းထဲမှာ တစ်ဦးနဲ့တစ်
ဦး ပြေးတမ်းလိုက်တမ်း ကစားနေတာကို မြင်ရတာဟာ အတော်ကို ကြည်နူးစရာ ကောင်းလှပါတယ်။
၁၁ လသားလေး Leo Kauffman နဲ့ သူ့သူငယ်ချင်း ဂျာမန်မွေးရှည်ခွေးကြီး Zeus တို့ဟာ ဧပြီလ ၁
ရက်နေ့က ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် Enola မြို့က သူတို့ရဲ့အိမ် ဧည့်ခန်းထဲမှာ ၁၁ လသားလေး
က လေးဘက်တွားပြီး ခွေးကြီးကိုလိုက်ဖမ်း ခွေးကြီးက အခန်းထောင့်ကိုပတ်ပြေး ပြီးရင် ကလေးနောက်
မှာပြန်ရောက်လာ၊ ကလေးက တစ်ခါ ပြန်လှည့်ပြီးလိုက် တစ်နှစ်နဲ့ရှစ်လအရွယ် ခွေးကြီးကပတ်ပြေးလိုက်
ကလေးအနောက်မှာ ပြန်ပေါ်လာလိုက်နဲ့ Leo လေးကို တခစ်ခစ်နဲ့ ပျော်ရွှင်စေခဲ့ပါတယ်။
ကလေးနဲ့ သူ့ရဲ့ခွေးက ဗီဒီယိုရိုက်နေတာတောင် သတိထားမိဟန် မတူပါဘူး။ အခန်းထဲက ပရိဘော
ဂတွေကိုလည်း ဂရုစိုက်ပုံမပေါ်ပါဘူး ကလေးပျော်ရွှင်အောင် ခွေးကြီးက ကစားပေးနေပါတယ်။ Leo ရဲ့
အဖွား Kimberly က “ပထမတော့ ကျွန်မထင်တာက Zeus က တိရစ္ဆာန်ဆိုတော့ အိမ်ပတ်ပတ်လည်ကို
လျှောက်ပြေးမယ် အောက်မေ့တာ။ နောက်တော့မှ Leo က သူ့ကိုလိုက်ဖမ်းစေချင်မှန်းသိတာ။  တော်
တော် ပျော်ရွှင်ကြည်နူးစရာကောင်းပါတယ်။ သူတို့က အံ့သြစရာကောင်းလောက်အောင် တစ်ဦးနဲ့တစ်ဦး
ချစ်ခင်ကြတယ်”ဟု ပြောသည်။
၎င်းက ဆက်လက်၍ “Leo ကိုမွေးပြီး ဆေးရုံကပြန်ခေါ်လာတဲ့နေ့ကစပြီး သူတို့နှစ်ဦးကို ကျွန်မတို့
က အတူထားထားတာ။ Zeus က ကျွန်မတို့နဲ့ဆိုရင် နည်းနည်းကြမ်းချင်တယ်။ Leo နဲ့ဆိုရင်တော့ အ
တော်လေး နူးညံ့သိမ်မွေ့တယ်။ ဒီလပိုင်းအတွင်း Leo က မတ်တတ်စမ်းနေပြီ။ သူက Zeus ကိုအားပြုပြီး
မတ်တတ်ရပ်ရတာကို သဘောကျတယ်လေ”ဟု ပြောခဲ့သည်။