၃နှစ်ကလေးရဲ့ ပျောက်နေတဲ့ ဝက်ဝံရုပ် ရှာတွေ့ တဲ့သူကို ဒေါ်လာ ၅၀၀ဆုချမည်ဟု ကလေးမိခင်ကပြော

သူမသမီးလေးရဲ့ ရှာတွေ့ ဖို့ မျှော်လင့်ချက် မရှိတော့တဲ့ ဝက်ဝံရုပ် ရှာတွေ့ တဲ့သူကို ဒေါ်လာ ၅၀၀ ဆုချမည်ဟု နယူးယောက်မှာနေထိုင်တဲ့ မိခင်တစ်ဦးကပြောပါတယ်။

သူမတို့ မိသားစုတွေ ဒစ်စနေလန်းကအပြန်လမ်းမှာ သူ့ မရဲ့သမီး Morgan ကသူမချစ်ရတဲ့ ဝက်ဝံဘယ်မှာလဲလို မေးပါတယ် ဟု Amy Early ကပြောပြပါတယ်။

“ကျမတို့ လဲထပ်ခါထပ်ခါရှာဖွေခဲ့ကြတယ်၊ ဒီမှာမရှိဘူးဆိုတာသေချာသွားတယ်” ဟု Early က InsiteEdition.com ကိုပြောပြခဲ့ပါတယ်။ “အဲဒါက ပြတင်းပေါက်ကနေ ထွက်ကျသွားငါတို့ သဘောပေါက်လိုက်တယ်”။

“ပျောက်သွားပြီ” လို့  Early က သုံးနှစ်သမီးလေးကိုပြောလိုက်ပြီး သူမလဲ သမီးလေးကို မနှစ်သိမ့် နိုင်ခဲ့ပါဘူး။ သူမနှင့်အဲဒီဝက်ဝံရုပ်လေး မွေးကတည်းကအတူ ရှိခဲ့တယ်။

ကလေးမိခင်လည်း Ganz ကုမ္ပဏီထုပ် ဝက်ဝံရုပ်လေးနဲ့ တူတဲ့အရုပ်ကို အဟောင်းအရောင်းဆိုင် ဝက်ဘ်ဆိုက်တွေမှာစတင်ပြီးတော့ လိုက်ရှာနေခဲ့တယ်။

ဘယ်သူပဲဖြစ်ဖြစ် အဲဒီအရုပ်လေးကိုတွေ့ တဲ့သူကို ဒေါ်လာ ၅၀၀ ပေးမည်ဟုကမ်းလှမ်းခဲ့သည်။

ကျေးဇူးတင်စရာပါပဲ သူမတင်ထားတဲ့ ပို့ စ်ကိုတွေ့ သွားသည့် ကြင်နာတတ်သော အမျိုးသမီး တစ်ဦး ကသူမလည်းပဲ အဲဒီလို အဖြစ်မျိုးကြုံရစဉ်က သူမသားအတွက် ဝယ်ထားခဲ့သည့် အဲဒီအရုပ်နဲ့ တူတဲ့ အရုပ်ရှိကြောင်းကို အသိပေးလာခဲ့သည်။

“အဒါက သူမရဲ့ဟာ မဟုတ်မှန်းကို သိနေခဲ့တယ်၊ ဒါပေမယ့် ဒါကနာကျင်မှုကို ဖြေလျှော့စေမှာကတော့ သေချာ ပါတယ်”
ဟု Early ကပြောခဲ့ပါသည်။