ကလေးတွေတော်တယ်ဆိုရင် ဘယ်လိုနေရာမှာ တော်တဲ့ smart kid မျိုး လဲ။Street Smart or Book Smart, or Both?”

မိဘတွေဟာ မိမိရဲ့ကလေးဟာ ဘယ်နေရာမှာတော်တာလဲဆိုတာ ငယ်ငယ်ထဲက စောင့်ကြည့်ဖို့လိုပါတယ်။ Smart ဆိုတဲ့နေရာမှာ ၂မျိုးရှိပါတယ်။တချို့က စာအရမ်းတော်တာ။အဲ့ဒါကို Book Smart လို့ခေါ်ပါတယ်။တချို့ကြတော့ အမှားလုပ်တယ်၊အဲ့ဒီကနေပြန်ပြီး သင်ယူသွားတာ၊လူတကာနဲ့ ပေါင်းသင်းဆက်ဆံနိုင်တာ၊စွန့်စားမှု့တွေ လုပ်ရတာကြိုက်တာ၊အတွေ့အကြုံများတာ အဲ့ဒါကို Street Smart လို့ခေါ်ပါတယ်။

ဘဝမှာအောင်မြင်တဲ့သူဖြစ်ဖို့ဆိုရင် Book smart ရော Street smart ရောဖြစ်ဖို့လိုပါတယ်။အဲ့ဒါမှ logic ကျကျစဉ်းစားနိုင်ပြီး တကယ့်လက်တွေ့ဘဝမှာ အသုံချနိုင်မှာ ဖြစ်ပါတယ်။

တချို့ Book smart တွေဟာ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးမဝင်လှပါဘူး။ College Degree ရှိတာဟာ အလုပ်ကောင်းရဖို့ အသုံးဝင်ပါတယ်။ဒါပေမဲ့ Street smart ကတော့ College Degree ကပေးတဲ့ပညာထက် သာလွန်ပိုကောင်းတာတွေ လုပ်နိုင်ပါတယ်။ဥပမာ – ယနေ့နာမည်ကြီး Apple ကုမ္မဏီပိုင်ရှင် Steve Job နဲ့ Dell Computer ပိုင်ရှင် Miachel S.Dell တို့ဟာလည်း ဘွဲ့မရခဲ့ပါဘူး။ဒါပေမဲ့ အရမ်းကို အောင်မြင်သူများ ဖြစ်ကြပါတယ်။

တချို့တွေအတွက် Book smart ဖြစ်ခြင်းဟာ ပိုပြီးအောင်မြင်တဲ့ Street smart ဖြစ်ဖို့ အထောက်အကူပေးပါတယ်။

Street smart ရော Book smart ရော သင့်ရဲ့ကလေးကို ဖြစ်အောင်လုပ်ဖို့ဆိုရင် School မှာ စာတော်ဖို့အပြင် Street smart ဖြစ်အောင်
~ကလေးတွေကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးပါ။
~အမှားလုပ်မိရင် ဆူပူကြိမ်းမောင်းမယ့်အစား အမှားကနေ ပြန်လည်သင်ယူခွင့်ပေးလိုက်ပါ။
~စာအုပ်တွေ ဖတ်ပြပါ။ကမ္ဘာအနှံမှာဖြစ်နေတဲ့အကြောင်းတွေ သိပါစေ။
~အကယ်၍ မတော်တဆ အပြင်သွားရင်း လူချင်းကွဲသွားခဲ့ရင် ဘာလုပ်ရမလဲသင်ထားပေးပါ။
~ကလေးတွေကို အရမ်း control လုပ်ထားမယ့် အစား သူငယ်ချင်းတွေနဲ့ ခရီးသွားခွင့်၊ညအိပ်ခွင့်၊ကစားခွင့်ပေးပါ။
~Phone no# တွေကို မှတ်မိအောင်သင်ထားပေးပြီး တခုခုဆို ခေါ်ဆိုတတ်အောင် အကြောင်းအရာတွေဆို ပြောပြတတ်အောင် လေ့ကျင့်ထားပေးပါ။

There are many more facts, I just list some important things. Will write more in next articles…..😉

မေမေတို့ရဲ့ကလေးတွေကို Street smart or Book smart ဖြစ်စေချင်တာလား၊၂မျိုးလုံးဖြစ်စေချင်တာလား comment မှာရေးခဲ့ပေးပါ။

မေတ္တာဖြင့်
ဒေါက်တာမိုး
#MoefromAmerica

References:
1) http://elitedaily.com/money/entrepreneurship/street-smarts-book-smarts-or-both/
2) http://www.investopedia.com/financial-edge/0612/is-it-better-to-be-book-smart-or-street-smart.aspx