မေမေ နဲ့ သားလုံး

မေမေ မေမေ အိမ်ရှေ့ က သစ်ပင်ကြီးမှာ ပိတောက်ပန်းတွေ အများကြီးပဲ မေမေ… ဟုတ်တယ် သားရဲ့  မေမေ တို့ ခူးပြီး ဘုရားတင်ကြမယ်နော်။ သင်္ကြန်ရောက်တော့မှာလား မေမေ … “ဟုတ်တယ်သားရဲ့ ” “ပျော်လိုက်တာ မေမေ ရယ် … သားရေပက်ကတော့မယ်…. သားရေပက်ကတော့မယ်…။” “မေမေ ..သင်္ကြန်မှာ ရေ ဘာလိုံပက်ကတာလည်းဟင်”
ဒီလိုသားရဲ့ ဟိုး အရင်တုန်း က သိကြားမင်းကြီး နဲ့  ဗြဟ္မာမင်းတို့  ဗေဒင်တွက်ကြရင်း ရန်ဖြစ်ကြတယ်သားရဲ့ ။ ဒါ နဲ့ သိကြားမင်း က လူ့ ပြည်က ဗေဒင်ဂုရုကြီးကို တို့ သွားမေးကြမယ်။ ရှုံးတဲ့လူ က ဆင်ခေါင်းကြီးခေါင်းမှာ ပြောင်းတပ်ကြေးဆို ပြီး ပြောတယ်။ ဒါနဲ့ ဗြဟ္မာမင်းကလည်း သဘောတူပြီး သွားမေးကြတာပေါ့သားရယ်။ အဒိမှာ ဗေဒင်ဂုရုကြီးက ဖြေလိုက်တာ သိကြားမင်းက နိုင်သွားပါကောတဲ့။ အဒါနဲ့ ဗြဟ္မာမင်းလည်း လူမျက်နှာကို ချွတ်ဆင်ခေါင်းကြီး ပြောင်းစွပ်ပြီးနေကတော့တာပေါ့ ။ နောက် သူ့ လူပုံဦးခေါင်းကို မင်းနီုင်ပါပီယူချေဆိုပြီး သိကြားမင်းကိုပေးလိုက်တယ်။သိကြားမင်း လည်း နတ်ပြည် ကို ယူသွားပေမဲ့ တကယ်တန်းကျတော့ ဗြဟ္မာမင်းကို အနိုင်လုပြီး ဆင်ခေါင်းကြီးတပ်ခိုင်းရတာ ကို သူ့ သူငယ်ချင်းလည်းဖြစ်တာမို့ စိတ်မကောင်းဖူးတဲ့ကွယ်။့ ထားစရာနေရာရှာမတွေ့ ဖူးတဲ့ သားရဲ့  ။ ဘာလို့ လည်းဆိုတော့ ဗြဟ္မာကြီးက တန်ခိုး အရမ်းကြီးတော့ သူချွတ်ပေးလိုက်တဲ့ ဦးခေါင်းမှာ လည်း တန်ခိုးတွေ ရှိနေလို့  ရေထဲချရင် ရေတွေခမ်းသွားမလို မြေပြင်ပေါ်ချရင်လည်း မီးတွေလောင်သွားမှာတဲ့ကွယ်။ အဒါနဲ့ သိကြားမင်းလည်း အကြံအိုက်နေတာပေါ့။ နောက်တော့ သိကြားမင်း က အကြံတစ်ခု ရပါလေရောတဲ့။ အဒါနဲ့ သူဟာ နတ်သမီးတွေ ကို ဆင့်ခေါ်လိုက်ပြီး ဗြဟ္မာမင်းဦးခေါင်း ကို တစ်ယောက်တစ်လှည့်စီ ကိုင်ထားကြဆိုပြီးတာဝန်ပေးလိုက်တယ်ကွဲ့ ။ နတ်သမီးတွေဟာ တစ်ယောက်တစ်လှည့်စီ ကိုင်ကြရင်း ညောင်းညာလာတဲ့အခါ လက်လွှဲပြောင်းကြရင်းဗြဟ္မာမင်းဦးခေါင်းကို အလေးအမြတ်ထားတဲ့အနေနဲ့  ရေစင်တွေ နံသာ မွှေးတွေ နဲ့  ပက်ဖြန်းကြတယ်ကွဲ့ ။အဒိအချိန်မှာ အတာကူးပြီဆိုပီး လူ့ ပြည်မှာ လည်း နှစ်ဟောင်းက အညစ်အကြေးတွေ မကောင်းတဲ့ ကံတွေ သန့် စင် စေ ဖို့  တစ်ယောက် နဲ့ တစ်ယောက် ချမ်းသာ ပျော်ရွှင်စေဖို့  ရေလောင်းကြတယ်။
“သားလည်း သူငယ်ချင်းတွေကို ချစ်ရင် သူတို့ အေးချမ်းပျော်ရွှင်ဖို့  ရေလောင်းကမှာပေါ့နော် မေမေ…” ဒါပေါ့သားရဲ့ ဖြေးဖြေးချင်း ညင်ညင်သာသာ လေး အေးချမ်းပါစေ ဆို ပြီး လောင်း ပေးကမှာပေါ့ကွယ်။

— with Htay Naing, Phyu Thinn and Kyaw Myo Lwin.