Late talker ကလေးများအကြောင်း
|ကလေးတွေရဲ့ဖွံ့ဖြိုးမှုနဲ့
မေး >> ဘယ်လိုကလေးမျိုးကို Late talkerလို့ သတ်မှတ်နိုင်ပါသလဲ?
ဖြေ >> အသက်၂နှစ်ကနေ ၄နှစ်ကြား ကလေးတချို့ဟာ ကာယ၊ ဉာဏ၊ ပေါင်းသင်းဆက်ဆံရေးနဲ့
—————
မေး >> ကလေးတွေရဲ့ ဘာသာစကား စံနှုန်းဆိုတာ ဘယ်လိုပါလဲ?
ဖြေ >> ဘာသာစကား ပညာရှင်တွေဟာ ကလေးတွေ သူ့အသက်အရွယ်နဲ့သူ အသုံးချနိုင်လာကြတဲ့ ဘာသာစကားကို နှစ်ပေါင်းများစွာ သုတေသနလုပ်ကြတယ်။ ရလာတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး standard စံနှုန်းအနေနဲ့ လမ်းညွှန်ချက်ပေးခဲ့ကြတ
>> ကလေးတွေရဲ့ ဘာသာစကား ဖွံ့ဖြိုးမှု မိုင်တိုင်တွေက တစ်ယောက်နဲ့ တစ်ယောက်လည်း ကွဲပြားကြပါသေးတယ်။
# ဥပမာ – ရွယ်တူ ယောင်္ကျားလေးနဲ့ မိန်းကလေးကို နှိုင်းယှဉ်ရင် မိန်းကလေးက ပိုပြီးစောစော စကားစပြောသလို စကားလုံးလဲ ပိုကြွယ်ဝတယ်။ ဒါဟာ သဘာဝအရ ဦးနှောက်ဖွဲ့စည်းပုံ မတူလို့ပါ။
# တချို့သော ကလေးတွေကတော့ ဘာသာစကား တစ်မျိုးထက် ပိုသုံးတဲ့ မိသားစုမှာ ပေါက်ဖွားလာတယ်။ သူတို့ကို Bilingual Children လို့ခေါ်တယ်။ သူတို့ဟာ ငယ်စဉ်ဘ၀မှာ ဘာသာစကား နှစ်မျိုး၊ သုံးမျိုးလောက် မှတ်ရတဲ့အတွက် ရောထွေးသွားနိုင်ပြီး စကားပြောနောက်ကျမှု speech delay ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။
—————
မေး >> ဘယ်လို စံနှုန်းကို မမှီရင် late talkerလို့ သတ်မှတ်ကြပါသလဲ?
ဖြေ >> ပညာရှင်တွေ အဆိုအရ အသက်နှစ်နှစ် ပြည့်ပြီးတာတောင် စကားလုံးအရေအတွက် ၅၀နှင့်အောက်သာ အသုံးချနိုင်ပြီး၊ စကားလုံး နှစ်လုံး သုံးလုံးပါတဲ့ စကားစု Phrase တွေကို မပြောနိုင်တဲ့ ကလေးများကို Late talkerလို့ ယူဆနိုင်ပါတယ်။ သူတို့ဟာ ဘာသာစကားအားနည်းလို့ လူမှုဆက်ဆံရေးမှာလည်း စိတ်ဝင်စားမှု လျော့နည်းတတ်ကြပါတယ်။
—————-
မေး >> Late talker တွေကို special needs အဖြစ် သတ်မှတ်နိုင်ပါသလား?
ဖြေ >> Late talkerလေးတွေက ဘာသာစကား ဖွံ့ဖြိုးမှုသာ နောက်ကျပေမယ့် တခြား ဖွံ့ဖြိုးမှုတွေကတော့ သာမန်ပါ။ Autismနဲ့ Down Syndromeလိုမျိုးကတော့ ဘာသာစကားသာမက တခြား ဖွံဖြိုးမှုတွေပါ နှေးကွေးနေတတ်ကြပါတယ်။
—————-
မေး >> Late talker အမျိုးအစား ဘယ်နှမျိုးလောက် ရှိပါသလဲ?
ဖြေ >> အဓိကအားဖြင့်ကတော့ နှစ်မျိုးရှိတယ်ဗျ။
# ပထမတစ်ခုက Speech Disorder – အသံထွက် ခက်ခြင်း ပြဿနာ။ ကလေးတွေ စကားပြောရာမှာ အသံထွက်ဖို့ ခက်ခဲခြင်း၊ စကားထစ်ခြင်း၊ စကားမပီခြင်း၊ အသံထွက်သော်လည်း အသံထွက်မမှန်ခြင်းတွေဟာ
# နောက်တစ်ခုက Language Disorder – ဘာသာစကား မကြွယ်ဝခြင်း ပြဿနာ။ ဒီပြဿနာကိုလည်း (၂)မျိုးထပ်ခွဲ နိုင်ပါတယ်။
(၁) Receptive Language Disorder – ဒီပြဿနာ ရှိတဲ့ကလေးတွေက သူတို့ကိုပြောတဲ့ စကားအများစုကို နားမလည်နိုင်ကြရှာပါဘူး။ တနည်းအားဖြင့် ဆိုရရင်တော့ Receptive skill ဖြစ်တဲ့ listening skill – နားထောင်မှုစွမ်းရည် အားနည်းကြတာပါ။
(၂) Expressive Language Disorder – ဒီပြဿနာရဲ့ လက္ခဏာကတော့ ကလေးတွေ သူတို့ကို ပြောသမျှနားလည်ကြပေမယ့်
—————–
မေး >> မိဘတွေအနေနဲ့ late talkerလေးတွေအတွက် ဘာတွေများ ကူညီလုပ်ဆောင်ပေးသင့်ပ
ဖြေ >> မိဘတွေအနေနဲ့ လုပ်ဆောင်ပေးရမှာ နှစ်ပိုင်းရှိတယ်။ မိဘတွေကိုယ်တိုင်က ကလေးကို စိတ်ရှည်စွာနဲ့ language exposure – ဘာသာစကားနဲ့ ထိတွေ့ခွင့် များများပေးရမယ်။ နောက်တစ်ပိုင်းကတော့ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူရမှာ ဖြစ်ပါတယ်။
မိဘတွေ ဖန်တီးပေးရမယ့် အခွင့်အလမ်းများ
……………………..
# မိဘတွေအနေနဲ့ သားသမီးအတွက် အချိန်ပိုပေးပြီး စကားများများပြောပေးပါ။ စကားပြောတဲ့အခါမှာ ကလေးနဲ့ မျက်လုံးတစ်တန်းတည်း (same eye level) နေပြီး ဖြည်းဖြည်းမှန်မှန်နဲ့ ရှင်းလင်းစွာ ပြောရပါမယ်။
# နေ့တိုင်း ကလေးစိတ်ဝင်စားမယ့် စာအုပ်(ပုံပြင် + ကာတွန်း) တွေကို ဖတ်ပြပေးပါ။ ကလေး လက်လှမ်းမီတဲ့၊ မြင်သာတဲ့ နေရာတွေမှာ စာအုပ်၊ ပိုစတာတွေနဲ့ language rich environment ဖြစ်အောင် ဖန်တီးပေးပါ။
# Expansion behaviour ဆိုတဲ့ ချဲ့ပြောတဲ့ စနစ်ကို သုံးပေးပါ။ ဥပမာ – ကလေးက “ဆင်”လို့ ပြောရင် မိဘက “ဆင်ကြီးက အကြီးကြီးပဲ” ၊ “ဆင်က ကြံတွေကို စားတယ်”ဆိုပြီး ချဲ့ပြောပေးရပါမယ်။
# ကလေးက စကားစမ်းပြောတဲ့အခါ သူပြောတာ အားလုံးကို လိုက်ပြန်ပြောတဲ့ Imitation behaviourဆိုတဲ့ စနစ်ကိုလည်း သုံးသင့်ပါတယ်။
# Responsive questioning behaviour ဆိုတဲ့ မေးခွန်းလေးတွေ မေးပေးတဲ့ စနစ်ကလည်း အရမ်းကောင်းပါတယ်။
# Bilingual children ဆိုတဲ့ မိခင်ဘာသာစကား နှစ်မျိုးနဲ့ အထက်ပြောရတဲ့ ကပြား ကလေးတွေအတွက်ဆိုရင် “One Parent One Language (OPOL) Rule”ကိုသုံးပေးပါ။ မိခင်နဲ့ ဖခင်က တစ်ဘာသာစီကို ခွဲပြီး ပုံသေပြောပေးရတဲ့ စည်းမျဉ်းကို သုံးခြင်းဟာ ကလေးအတွက် မှတ်ရတာ ပိုလွယ်စေနိုင်ပါတယ်။
တတ်ကျွမ်းသူများနဲ့ ဆွေးနွေးတိုင်ပင်ခြင်း
……………………..
# မိဘတွေအနေနဲ့ မိမိကလေးကို late talkerလို့ သံသယ၀င်ခဲ့ရင် ကလေးဆေးရုံတွေမှာ Speech-Language Pathologistတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြောင်းအရင်းကို ရှာရပါမယ်။ ဒီဘာသာစကားပညာရှင်တွေဟာ ကလေးရဲ့ ဦးနှောက်ဖွဲ့စည်းပုံ ချို့ယွင်းချက်ရှိမရှိ၊ sound producing mechanism ဆိုတဲ့ အသံထွက် ကိရိယာအစိတ်အပိုင်းတွေဖြ
# Language disorder ရှိတဲ့ ကလေးတွေအတွက် အကြားအာရုံ စစ်ဆေးမှု (Audiological assessment) လုပ်ပေးရပါမယ်။
# Late talkerလေးတွေကို ဂရုတစိုက် စိတ်ရှည်လက်ရှည် လေ့ကျင့်ပေးနိုင်တယ့် မူကြိုကို မိဘတွေအနေနဲ့ ဂရုတစိုက် ရွေးချယ်ရပါမယ်။ ပြီးတော့ ကလေးရဲ့ အခြေအနေကို ကျောင်းတာဝန်ရှိသူတွေနဲ
————-
အထက်က အကြောင်းအရာတွေကတော့ မိဘအများစု သိချင်ကြတဲ့ မေးခွန်းတွေကို လေ့လာမိသလောက် ကြိုးစားဖြေပြထားတာပါ။ ကလေးတွေနဲ့ ပတ်သက်တဲ့ ထာဝရမှန်ကန်တဲ့ ပရမတ္တ သစ္စာတရား – Universal truth တစ်ခုရှိပါတယ်။ အဲဒါကတော့ “Every child is unique” ဆိုတဲ့စကားပါ။ ကလေးတစ်ယောက်ချင်းစီဟာ
(ရင်သွေးငယ်တိုင်းရဲ့
တီချယ်အာကာ