ကလေးမွေးဖွားပြီးနောက် ဆံပင်ကျွတ်ခြင်း

ကလေးမွေးဖွားပြီးနောက် ဆံပင်ကျွတ်ခြင်း
‍♀️‍♀️‍♀️‍♀️‍♀️‍♀️‍♀️‍♀️‍♀️‍♀️‍♀️

‍♀️လူတိုင်း ဆံပင်ကျွတ်သည်။ တစ်ရက်ကို အမျှင် ၁၀၀ ခန့် ကျွတ်သည်။ မထူးဆန်းပါ။

ကလေးမွေးဖွားပြီးနောက် ၃-လ ခန့်ကြာသော အခါ အဆုပ်လိုက်। အထွေးလိုက် ဆံပင်ကျွတ်သည်။ ဆေးပညာ၌ Telogen Effluvium ဟုခေါ်သည်။ စိတ်ပူစရာ မလိုပါ။ ၆-၉ လ အကြာတွင် ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မည်။ ဘာကုသမှုမှ ယူစရာမလိုပါ။

‍♀️၉-လ ကျော်ခါမှ မရပ်သေးလျှင်တော့ အခြေခံသွေးစစ်မှုကို ဆရာဝန်က လုပ်နိုင်ပါသည်။ သွေးအဖြေများ ကောင်းလျှင်တော့ ဘာမှလုပ်စရာမလိုပါ။ နှစ်အနည်းငယ် ကြာလျှင်တော့ ကောင်းသွားပါလိမ့်မည်။

‍♀️သို့သော် စောင့်ရတာ စိတ်ကမရှည်। ကုသမှု တခုခု လိုချင်တယ် ဆိုလျှင်တော့ Minoxidil ဆိုသော ဆေး ကို ကျဲနေသော ဦးခေါင်းအရေပြားပေါ်တွင် တနေ့ ၂-ကြိမ်လိမ်းပေးနိုင်ပါသည်။ foam အမြှုပ်ပုံစံ। lotion အရည် ပုံစံ ဖြင့် Minoxidil ကိုထုတ်ထားပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်သူများကတော့ မသုံးရ။ တချို့သူများတွင် ဓာတ်မတည့်၍ ဦးခေါင်းအရေပြား အနည်းငယ် ယောင်နိုင်သည်။ နဖူး।နားထင် နားတွင် တော့ မလိမ်းသင့်။ ဆံပင်အကွက်များ ပေါက်လာနိုင်သောကြောင့်ဖြစ်သည်။

မေတ္တာဖြင့်
စိုးမိုးကျော်( Child Health Myanmar Page)