ကလေးလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကျွေးရမယ့် အစားအစာ
|မေမေတို့ကျွေးတဲ့အစားအစာတိုင်းက သားသားမီးမီးလေးရဲ့ ဦးနှောက်ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုတွေကို အကျိုးဖြစ်ထွန်းစေပါတယ်။
မေမေတို့ရေ မေမေတို့ကျွေးတဲ့အစားအစာတိုင်းက သားသားမီးမီးလေးရဲ့ ဦးနှောက်ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုတွေကို အကျိုးဖြစ်ထွန်းစေပါတယ်။ ဒီတော့ ဘယ်လိုအစားအစာတွေက ကလေးရဲ့ ဦးနှောက်ကို ကောင်းမွန်စေသလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဒါမှ မေမေတို့ ချင့်ချိန်ကျွေးလို့ ရမှာပါနော်။
အမဲသား သားသားမီးမီးလေးတွေကို ကျွေးဖို့လိုတယ်နော်(Photo: likrot.com)
(၁) အဆီနည်းတဲ့ အမဲသား
မေမေတို့ရေ အဆီနည်းတဲ့ အမဲသား သားသားမီးမီးလေးတွေကို ကျွေးဖို့လိုတယ်နော်။ အမဲသားမှာ ပါဝင်တဲ့ သံဓါတ်က စွမ်းအင်ပြည့်ဝစေပြီး ကလေးရဲ့ ဥာဏ်ရည်ကို အထောက်အကူပြုပါတယ်။ ဒါ့အပြင် ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် ဇင့်ဓါတ်လည်း ပါဝင်ပါသေးတယ်။
(၂) ဒိန်ချဉ်
ဒိန်ချဉ်မှာ ပါဝင်တဲ့ အဆီက ဦးနှောက်သန်မာသန်စွမ်းစေဖို့ အရေးပါ ပါတယ်။ အဆီပြည့်ဝတဲ့ ဒိန်ချဉ်က ဦးနှောက်ဆဲလ်တွေကို သတင်းအချက်အလက် လက်ခံပေးမှုနဲ့ ပြန်လည်ပေးပို့မှုတွေအတွက် ကောင်းမွန်တဲ့ အနေအထားဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်က ဦးနှောက်ထဲကို သွေးလည်ပတ်စီးဆင်းမှု ကောင်းမွန်အောင် လုပ်ဆောင်ပေးတာမို့ မှတ်ဥာဏ်လည်း ကောင်းမွန်စေပါတယ်။
(၃) အစိမ်းရောင်အသီးအရွက်များ
ဗီတာမင် ကြွယ်ဝတဲ့ အသီးအရွက်တွေဟာ မှတ်ဥာဏ်ချို့တဲ့ခြင်းတွေ မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ကိုက်လန်မှာ ဦးနှောက်ဆဲလ်အသစ်တွေကို ကြီးထွားဖွံ့ဖြိုးစေတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အခြားဓာတ်တွေများစွာ ပါဝင်နေပါတယ်။
(၄) ငါး
ငါးမှာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းတာနဲ့ မှတ်ဥာဏ်စွမ်းရည်လျော့ကျတာတွေကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် ဒီ နဲ့ omega 3 fatty အက်ဆစ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဆယ်လ်မွန်၊တူနာနဲ့ဆာဒင်းငါးတွေ မှာ အိုမီဂါ သရီးကြွယ်ဝစွာပါဝင်နေပါတယ်။ ဦးနှောက်အတွက် omega 3 fatty အက်ဆစ်တွေ ပမာဏများများရရှိလေလေ ကလေး တွေကို အာရုံစူးစိုက်နိုင်စွမ်း ပိုမိုကောင်းမွန်စေမှာဖြစ်သလို ကလေးငယ်တွေရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
(၅) အခွံမာသီးနဲ့အစေ့အဆံများ
ပရိုတင်းဓါတ်၊omega 3 fatty အက်ဆစ်တွေ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေများစွာပါဝင်နေတဲ့ အခွံမာ အသီးတွေနဲ့ အစေ့အဆန်တွေက ကလေးရဲ့ စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေပြီး အာရုံစနစ်ကို ထိန်းသိမ်းပေးပါတယ်။
From Kalay with