ကလေး Diaper စနစ်တကျသုံးခြင်း
|ကလေး Diaper စနစ်တကျသုံးခြင်း
======
Jessica Mozart (အေးအေးမျိုးဆက်)
Diaper ကို ဘယ်အချိန်စသုံးလို့ရလဲ
————————–
မွေးမွေးချင်းကတည်းက သုံးလို့ရပါပြီ။ ချက်ကြိုးနဲ့လွတ်ဖို့အတွက် Newborn diaper ဝယ်ပါ။ ချက်ကြိုးနေရာကို အခွက်လေးလုပ်ပေးထားပါတယ်။
Diaper လဲခြင်းနဲ့ သန့်စင်ပေးခြင်း
————————–
ကလေးတွေရဲ့ လိင်အင်္ဂါ (genitals) လေးတွေဟာ အင်မတန်နူးညံ့တဲ့အတွက် သေချာ ဂရုစိုက်ပေးရပါမယ်။ တစ်ချိန်လုံးဆေးကြောနေတာမျု
အရှေ့ကနေအနောက်ကို သန့်စင်ပေးခြင်းဟာ သူ့ရဲ့အနောက်ပိုင်းက bacteria တွေကို သူ့ရဲ့ genitals လေးဆီရောက်မလာအောင် ကာကွယ်ပေးခြင်းလဲဖြစ်ပါတယ်။
Diaper လဲရမယ့် အချိန်
——————–
Diaper လဲဖို့ကတော့ ပုံသေနည်းအားဖြင့် သုံးနာရီခြား၊ လေးနာရီခြားတစ်ခါ လဲပေးရမှာပါ။ ဒါပေမယ့် သုံးနာရီ၊ လေးနာရီမပြည့်ခင် အီအီးပါလိုက်တယ်ဆိုရင်တော့ ချက်ချင်း အသစ်လဲပေးပါ။ ညဖက်တွေ Diaper လဲခြင်းက ကလေးကို အိပ်ရေးပျက်စေနိုင်တဲ့အတွက်
မွေးကင်းစကလေးတွေက မကြာခဏ သေးပေါက် အီးပါတတ်ပါတယ်။ နည်းနည်းကြီးလာတဲ့ကလေးတွေကေ
Diaper လဲဖို့အတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ တစ်ခါထဲ အနားမှာယူထားပါ။ Diaper လဲဖို့ စလိုက်တာနဲ့ ကလေးနားကနေ ခွာဖို့ မဖြစ်နိုင်တော့ပါဘူး။ *** လုံးဝမခွာပါနဲ့၊ ကလေးကို တစ်ယောက်ထဲ တစ်နေရာမှာ ထားခဲ့တာမလုပ်ပါနဲ့၊ အန္တရာယ်များပါတယ်။ Diaper ကို တင်ပါးအောက်ထည့်တဲ့အခါ ကလေးရဲ့ ခြေချင်းဝတ်ကလေးကို ညင်ညင်သာသာလေး မ ပြီးမှ ထည့်ပါ။
Diaper Rash ဖြစ်ခြင်း
——————
Diaper သုံးတဲ့ ကလေးတွေအတွက် အထူးသတိထားရမှာက Diaper Rash ဖြစ်ခြင်းပါ။ တချို့တွေ Diaper လောင်တယ်လို့ ပြောကြပါတယ်။ ၀မ်းသွားနေတဲ့အခါ၊ Diaper အစိုကြီးကို အကြာကြီးမလဲပဲထားမိသွားတဲ့အ
🔴 Diaper လဲတိုင်း
🔴 Diaper Cream (Nappy Rash Cream) လေးတွေကို သေး၊ အီး ထိနိုင်တဲ့နေရာတွေ၊ ပေါင်ကြား၊ တင်ပါးကြားလေးတွေမှာ လိမ်းပေးပါ။
ကျွန်မကတော့ ပုံမှာပြထားတဲ့တံဆိပ် Pureen သုံးပါတယ်။ ဈေးသက်သာပြီး ကောင်းတဲ့ ပစ္စည်းပါ။ City Baby ဆိုင်တွေမှာ ရှိပါတယ်။ Pureen ၀ယ်လို့မရရင် ပုံမှာပြထားတဲ့ Zinc Oxide ကို Diaper လဲတိုင်း လိမ်းပေးပါ။ သူက Thick Cream ဖြစ်တဲ့အတွက် အရမ်းအထူကြီး လိမ်းစရာမလိုပါဘူး။ Zinc Oxide က ဆေးဆိုင်တော်တော်များများမှ
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် Diaper Rash ဖြစ်သွားပြီ။ တင်ပါးလေးတွေနီရဲနေပြီဆိုရင
Baby Powder က Diaper သုံးတဲ့ကလေးတွေအတွက် အဆင်မပြေပါဘူး။ အခုနောက်ပိုင်း ဘေဘီပေါင်ဒါတွေသုံးတာကို ပြည်တွင်းပြည်ပ ကလေးဆရာဝန်တွေ အားမပေးပါဘူး။ ဘာကြောင့်လဲဆိုတာ နောက်မှ သပ်သပ်ရေးပေးပါ့မယ်။
🚫 ကိုယ်နေတဲ့နေရာက အရမ်းပူပြီး ကိုယ့်အိမ်က aircon တပ်မထားရင် diaper သုံးခြင်းက ကလေးအတွက် အဆင်မပြေလောက်ပါဘူး။
Ref : www.babycentre.co.uk