မိခင်နို့တိုက်ကျွေးခြင်း (Breastfeeding)

Jessica Mozart (အေးအေးမျိုးဆက်)* မိခင်နို့ကောင်းစွာတိုက်နိုင်ဖို့ ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲ?

၁ – နို့သီးခေါင်းရှိအပေါက်ငယ်များ ပိတ်ဆို့မှု မရှိစေရန် နေ့စဉ်ရေချိုးရာမှာ နို့သီးခေါင်းကို စင်ကြယ်အောင်ဆေးကြောပါ။
၂ – နို့သီးခေါင်းအပြင်သို့ထွက်လာစေဖို့ ရေချိုးတဲ့အခါတိုင်း ဆွဲထုတ်ပေးပါ။
၃ – ကိုယ်ဝန်ဆောင်စဉ် တင်းကျပ်တဲ့အ၀တ်အစားများ မ၀တ်ပါနဲ့။
၎ – ကိုယ်ဝန်ဆောင်စဉ်နဲ့မီးဖွားပြီးနောက်ပိုင်း အာဟာရပြည့်ဝစွာ အစုံစားရပါမယ်။ မိခင်စိတ်ချမ်းသာပျော်ရွှင်ဖို့လဲ အရေးကြီးပါတယ်။

*မွေးကင်းစကလေးကို တစ်နေ့ဘယ်နှစ်ခါ နို့်တိုက်ရမလဲ?

ကလေးကို ဦးဆောင်စေပါ။ နို့ကို သူလိုချင်သလောက် တိုက်ပါ။ ပထမရက်သတ္တပါတ်တွေမှာ အချိန်လဲသတ်မှတ်စရာမလိုပါဘူး။
မွေးကင်းစပထမဆုံးရက်မှာ သုံးလေးခါ တောင်းပါလိမ့်မယ်။ နောက်နှစ်ရက် သုံးရက်လောက်မှာ တစ်ချိန်လုံး ဆာနေသလိုဖြစ်နေနိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံးရှစ်ခါလောက် တောင်းပါလိမ့်မယ်။ သူက တစ်နာရီတစ်ခါတောင် သောက်နိုင်ပါတယ်။ ပထမပတ် ကုန်တဲ့အချိန်မှာတော့ တစ်နေ့ကို ရှစ်ခါဝန်းကျင်လောက်နှုန်းနဲ့ ပုံမှန်ဖြစ်သွားပါလိမ့်မယ်။ အများဆုံးဘယ်နှစ်ခါ တိုက်ရမယ်ဆိုတာမရှိပါဘူး။ သူ့ကို နို့များများတိုက်လေ များများထွက်လေပဲ ဖြစ်ပါတယ်။

*ကလေးက ကိုယ်အလေးချိန်ကျသွားမယ်ဆိုရင်?

မွေးကင်းစကလေးမှာ ကိုယ်အလေးချိန်ကျရင် အဲဒါက စိုးရိမ်စရာမလိုပါဘူး။ မွေးပြီးရက်အနည်းငယ်မှာ မွေးတုန်းက ကိုယ်အလေးချိန်ထက် ငါးရာခိုင်နှူန်း (သို့မဟုတ်) ဆယ်ရာခိုင်နှူန်းကျလေ့ရှိပါတယ်။ အဲဒါဟာ နို့မ၀ဘူးဆိုတဲ့ လက္ခဏာမဟုတ်ပါဘူး။ မွေးခါစကထက် ၁၀ ရာခိုင်နှုန်းထက်ပိုကျမသွားရင် ပြီးတာပါပဲ။ ရက်အနည်းငယ်ကြာရင် သူကိုယ်အလေးချိန်ပြန်တက်လာပါလိမ့်မယ်။ ရက်သတ္တနှစ်ပါတ်နေတဲ့အခါမှာတော့ ကလေးအများစုဟာ မွေးတုန်းက ကိုယ်အလေးချိန်ထက်ပိုနေကြပါပြီ။

*ကလေးက နို့ရည်လုံလုံလောက်လောက်ရနေတယ်လို့ ဘယ်လိုသိနိုင်မလဲ?

၁ – တစ်နေ့ကို ခြောက်ခါကနေ ရှစ်ခါအထိ နို့သောက်ရင်၊
၂ – သူ့ကို နို့တိုက်ပြီးရင် မိခင်နို့က ပျော့သွားရင်၊
၃ – ကလေးက ကျန်းမာရေး ကောင်းတဲ့ အသားအရေရှိရင်၊
၎ – ကလေးက နိုးနေရင် alert ဖြစ်နေပြီး နို့တောင်းရင်၊
၅ – ပထမနှစ်ရက်အတွင်း သေးစို diaper တစ်နေ့နှစ်ခါ သုံးခါ လဲရရင်၊
၆ – ငါးရက်သားရောက်ရင် ၂၄နာရီကို သေးစို diaper ၆ခု အနည်းဆုံးလဲ ရရင်၊
၇ – ကလေးက နို့ကို သေချာမြိုချနေတာ (ဂလု ဂလု အသံ) ကြားရရင်၊
၈ – ငါးရက်သားလောက် ရောက်တာနဲ့ သူ့ရဲ့ဝမ်းက အ၀ါရောင်သမ်းလာရင် စသဖြင့် လက္ခဏာတွေကို ကြည့်ပြီး သိနိုင်ပါတယ်။

*ကလေးက နို့ရည်လုံလုံလောက်လောက် မရဘူးလို့ ဘယ်လိုသိနိုင်မလဲ?

၁ – ကလေးက နှစ်ပါတ်ကျော်တဲ့အထိ မွေးခါစက ကိုယ်အလေးချိန်ပြန်မရသေးဘူးဆိုရင်၊
၂ – ကလေးက နို့တိုက်ပြီးတာတောင် ကျေနပ်ပုံမရရင်၊
၃ – ငါးရက်သားအရွယ်မှာ တစ်နေ့ကို သေးစို diaper ငါးခုထက် နည်းနေရင်၊
၎ – ငါးရက်သားအရွယ်မှာ တစ်နေ့ကို အီးနှစ်ခါမပါဘူးဆိုရင်၊ အီးက မ၀ါသေးဘူးဆိုရင်၊
၅ – ကလေးက အမြဲအိပ်ချင်နေပြီးတော့ နို့တိုက်ဖို့အတွက် သူ့ကိုနှိုးနေရရင်
စသဖြင့်သော လက္ခဏာတွေကိုတွေ့ရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

*ကလေးငယ် နို့စို့ပါက အချိန်ဘယ်လောက်ကြာသင့်သလဲ?

နို့တစ်ကြိမ်စို့ရင် နို့ဝတဲ့အထိစို့ပါစေ။ အနည်းဆုံးနို့တစ်ဖက်ကို နာရီဝက်လောက်စို့သင့်ပါတယ်။

Reference : www.babycentre.co.uk