ကလေးများကို ဘာကြောင့် smartphone or Tablet မပေးသင့်သော အကြောင်း(၁၀)ချက်။

ကလေးများကို ဘာကြောင့် smartphone or Tablet မပေးသင့်သော အကြောင်း(၁၀)ချက်။
************************************************************************ယနေ့ခေတ်မှာ shopping mall, coffee ဆိုင်၊ ကစားကွင်းတွေမှာတောင်မှ လူကြီး၊လူငယ်တွေဟာ အရောင်တောက်ပနေတဲ့ smartphone နဲ့ tablet တွေရဲ့ မျက်နှာပြင်တွေမှာ စိုက်ကြည့်နေကြတာကို သတိထားမိကြမှာပါ။ American မှ The Kaiser Foundation ရဲ့ လေ့လာချက်အရ ကလေးများနဲ့ ဆယ်ကျော်သက်များဟာ အသုံးပြုရန်အကြံပြုထားတဲ့ ပမာဏထက် ၄ဆ ကနေ ၅ ဆ ပိုမိုအသုံးပြုနေကြပါတယ် လို့ဆိုပါတယ်။ ဒီလိုအသုံးပြုကြတဲ့ အတွက် တခါတရံ ကားမောင်းရင်း message ရိုက်လို့ accident ဖြစ်ခြင်းစတဲ့ ပြင်းထန်ပြီး အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ အကျိုးဆက်များအထိ ဖြစ်စေနိုင်ပါတယ်။

ဒါပေမယ့် ဒါဟာ ကားမောင်းနိုင်သော အရွယ်များအတွက်သာ အန္တရာယ်ရှိတာမဟုတ်ပါဘူး။ smartphone နဲ့ Tablet ပိုင်ဆိုင်တဲ့ အိမ်များမှာ မိဘ ၁၀ ယောက်မှာ ၇ ယောက်ဟာ သူတို့ရဲ့ ကလေးများကို သူတို့ရဲ့ Tablet များ သုံးခွင့်ပေးကြပါတယ်။ အသက် ၂-နှစ် အရွယ် မှာ modern ကလေးများရဲ့ ၉၀% က smartphone နဲ့ Tablet တွေ ကို သုံးတတ်နေကြပါတယ်လို့ University of lowa ရဲ့ သုတေသနအဖွဲ့ က ဆိုပါတယ်။

” ၂- နှစ်အရွယ် ကလေးတော်တော်များများ ဟာ smartphone နဲ့ Tablet တွေ သုံးနေကြပါပြီ။ ၃-၄ နှစ်ဆို စွဲနေကြတာတွေ့နေရပါပြီ” လို့ family psychotherapist Dr. Fran Walfish ကဆိုပါတယ်။ ဒါဟာ အံ့သြဖွယ်ကောင်းသလို အနည်းငယ် ထိတ်လန့်ဖွယ်ကောင်းပါတယ်။ ဒီပြဿနာ ဟာ ဘယ်လောက် ဆိုးသလဲ၊ ရေရှည်မှာ ဘာတွေ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သလဲ ?

ကလေးတွေကို ဘာကြောင့် smartphone နဲ့ Tablet တွေ ပေးမသုံးသင့်၊ သုံးစွဲချိန် ကန့်သတ်လျော့ချသင့် သလဲ ဆိုတဲ့ အကြောင်းပြချက်များကတော့…….

(၁) ဒါဟာကလေးနဲ့မိဘရဲ့ ဆက်ဆံရေးကို ပြောင်းလဲစေနိုင်ပါတယ်။
*************************************************
မွေးစမှ ကလေးများရဲ့ ဦးနှောက်ဟာ အသက် ၂ နှစ် အတွင်း အရွယ်အားဖြင့် သုံးဆ ဖြစ်လာပါတယ်။ မိဘရဲ့ အသံ၊ အထိအတွေ့၊ ကစားပေးခြင်းစတာတွေဟာ သူတို့ရဲ့ ဦးနှောက်မှာ လူအချင်းချင်း ရင်းနှီးမှု၊နွေးထွေးမှု သံယောဇဉ် ဘယ်လို ထားရသလဲဆိုတာကို သင်ယူဖို့ အားပေးတဲ့ အာရုံကြော လမ်းကြောင်းများကို ပုံဖော်ပေးဖို့ ကူညီပါတယ်။ ဒါပေမယ့် screen တွေကြည့်ပြီးတော့ အချိန်တော်တော်များများ ကုန်ဆုံးနေတဲ့ ကလေးတွေရဲ့ဦးနှောက်မှာတော့ ဒီလိုမဟုတ်ပါဘူး။ ” သူတို့ရဲ့ အာရုံကြောလမ်းကြောင်းများဟာ ပြောင်းလဲသွားပြီး မတူညီသော လမ်းကြောင်းများကို ဖန်တီးပါတယ်” လို့ paediatric nurse Denise Daniels ကပြောပါတယ်။” ဒါတွေ အရမ်းသုံးခြင်းကြောင့် အာရုံစူးစိုက်နိုင်မှု ၊ မိမိကိုယ်ကိုယ်ကို မိမိ တန်ဖိုးထားခြင်း တွေကို သက်ရောက်မှုရှိနိုင်ပါတယ်။ screen အကြည့်များတဲ့ ကလေးတွေဟာ ကိစ္စတော်တော်များများမှာ နက်ရှိုင်းတဲ့ လူလူချင်းဆက်ဆံရေးမျိုး မရှိတတ်ကြပါဘူး” ဟု ဆိုပါတယ်။

(၂) smartphone နဲ့ Tablet သုံးစွဲခြင်းဟာ သူတို့ရဲ့ ပထမဆုံး စွဲလမ်းမှုဖြစ်လာပါတယ်။
********************************************************************
” ဒီနည်းပညာတွေရဲ့ နှစ်သက်ဖို့ကောင်းတဲ့ အရာများထဲက တစ်ခုကတော့ အမြဲတမ်း အသစ်လုပ်နိုင်တာတွေရှိနေတာပါပဲ။ မဆုံးမရှိသလောက်ပါပဲ။ ဒါကြောင့်လဲ လျော့သုံးဖို့၊ ရပ်လိုက်ဖို့ အရမ်းခက်ခဲလှပါတယ်။” လို့ Semel Institute for Neuroscience &Human Behaviour ရဲ့ professor Dr. Gary Small က ဆိုပါတယ်။
Smartphone နဲ့ Tablet တွေဟာ ကလေးတွေ ကို လက်ညှိုး တချက်ထောက်မှာတင် လုပ်ချင်တာကို လုပ်ခွင့်ပေးပါတယ်။ ဒီပစ္စည်းတွေက သူတို့ ကို လိုက်လျောညီထွေရှိခြင်း၊ စိတ်လက်မာန်ပါဖြစ်တာကို ထိန်းချုပ်နိုင်ခြင်း၊ ကိုယ့်ကိုယ်ကို စိန်ခေါ်ယှဉ်ပြိုင်နိုင်ခြင်း စတာ တွေကို သင်ကြားမပေးနိုင်ပါဘူး။

(၃) ဂျီကျသောင်းကျန်းခြင်း(tantrums) ကိုပိုမိုဖြစ်စေနိုင်ပါတယ်။
****************************************************
ကလေးမှမဟုတ်ပါဘူး ဘယ်အရွယ်ပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်ဟာ သူတို့စွဲလမ်းနေတဲ့ အရာ ကို သူတို့ ဆီကနေ ယူလိုက်ရင်၊ သိမ်းလိုက်ရင် စိတ်ဆိုးသောင်းကျန်းတတ်ပါတယ်။ဒါ့အပြင် ကလေးတွေ ဂျီကျနေတဲ့ အချိန်မှာ ခဏငြိမ်သွားအောင်၊ နှိမ့်သိမ့်အောင် smartphone နဲ့ tablet တွေပေးလိုက်တာကတော့ ကောင်းတဲ့ အချက် မဟုတ်ပါဘူး။
” ဒီ devices တွေက ကလေးတွေကို ငြိမ်အောင်၊စိတ်ပြောင်းအောင် သုံးတဲ့ နည်းလမ်းတွေဖြစ်နေရင် ** ကလေးတွေဟာ သူတို့ဘာသာသူတို့ ဖွံ့ဖြိုးသင်ယူရမယ့် ပင်ကိုယ်ထိန်းချုပ်နိုင်မှု၊ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု စတာတွေ ကို တတ်မြောက်ဖို့ ဖြစ်နိုင်ပါ့မလား” လို့ Dr. Jenny Radesky ကမေးပါတယ်။

(၄) ကလေးတွေရဲ့ အိပ်စက်ခြင်းကိုလဲ တားဆီးထိခိုက်ပါတယ်။
*************************************************
Smartphones, Tablets , e-reader တွေနဲ့အိပ်ရာဝင်ခါနီးအသုံးပြုရင် အိပ်ပျော်နိုင်ဖို့ ပိုခက်ခဲစေတယ်ဆိုတာ အားလုံးသိပြီးသားအချက်ဖြစ်ပါတယ်။ screen ကထွက်နေတဲ့ အလင်းရောင်ဟာ sleep hormone melatonin ကို ထုတ်လွှတ်မှုကိုတားဆီးစေပြီး ခန္ဓာကိုယ်ရဲ့ ပုံမှန် အိပ်-နိုး လည်ပတ်ချိန်ကို ပြောင်းလဲစေပါတယ်။
neuroscientist Anne-Marie Chang က ” အိပ်ရာမဝင်ခင် ညပိုင်း မှာ ဒီ devices တွေကို သုံးခြင်းဟာ ကျွန်မတို့ရဲ့ အိပ်စက်ခြင်းနဲ့ တနေ့တာရဲ့ အချိုးညီ စည်းချက်မှန်ကန်မှုကို အနှုတ်လက္ခဏာ ရိုက်ခတ်မှုရှိတယ်လို့ ယူဆရပါတယ်” လို့ ပြောပါတယ်။
Boston College ရဲ့ လေ့လာချက်များအရ၊ မိဘများရဲ့ ၆၀% က သူတို့ ကလေးတွေ နည်းပညာအသုံးပြုမှုကို ကြပ်မတ်မှု မရှိပါဘူး။ ၇၅% သော ကလေးများဟာ devices တွေကို သူတို့ရဲ့ အိပ်ခန်းတွင်းမှာပင် အသုံးပြုခွင့် ရနေကြပါတယ်။ ဒါကြောင့်လဲ အသက် ၉-၁၀ နှစ် အရွယ် ကလေး ၇၅% ဟာ သူတို့ရဲ့ ကျောင်း ရမှတ်အဆင့် grades တွေ ကျဆင်းလာတဲ့အထိ အိပ်ချိန်ထိခိုက်နေကြပါတယ်လို့ ဆိုပါတယ်။

(၅) သူတို့ရဲ့ သင်ယူနိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။
********************************************
Smartphone ဟာ ကလေးတစ်ယောက်ရဲ့ သင်ယူနိုင်စွမ်းကို ထိခိုက်နိုင်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ smartphone ဟာ ကလေးရဲ့ အာရုံစူးစိုက်နိုင်မှုကို ပျက်ပြားထွေပြားစေပါတယ်။
” ဒီ devices တွေဟာ သင်ကြားမှုနဲ့ maths& sciences application တွေ တတ်မြောက်ဖို့ အရေးကြီးတဲ့ အာရုံခံစနစ်နဲ့ကိုယ်လက်တွေရဲ့ လှုပ်ရှားနိုင်မှု ဖွံ့ဖြိုးမှု ( sensory motor & visual motor skills) တွေအတွက် လက်တွေ့ လှုပ်ရှားပြုလုပ်မှုတွေ ကို အစားထိုးလိုက်နိုင်ပါတယ်။

smartphone ကနေ ကာတွန်းတွေ၊ ကလေးသီချင်းတွေ၊ abc သီချင်းတွေ ကြည့်ပြီး တတ်မြောက်ချင် တတ်မြောက်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ တဖက်တည်းသင်ကြားမှု ဖြစ်ပြီး ကလေးတစ်ယောက်ရဲ့ စူးစမ်းမှု၊ တီထွင်ချင်မှု၊ စိတ်ကူးစိတ်သန်း စတာတွေကို ကိုယ်တိုင် တကယ် ကစားသလို၊ ထိတွေ့ဆက်ဆံ ပြုလုပ် သလို အားပေးနိုင်မှာ မဟုတ်ပါဘူး။ videos နဲ့ games တွေဟာ ကလေးတွေရဲ့ စကားပြောနိုင်စွမ်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးနိုင်စွမ်း၊ အမြင်အာရုံ ဖွံ့ဖြိုးနိုင်စွမ်းတွေကို နှေးကွေးစေပါတယ်။

(၆) smartphone စွဲလမ်းစွာ အသုံးပြုခြင်းက ကလေးတွေသူတို့ရဲ့ အပြုအမူကို သူတို့ ဆင်ခြင်နိုင်ခွင့်နည်းစေပါတယ်။
********************************************************************************************
တစုံတစ်ယောက်ရဲ့ နောက်ကွယ်မှာ တခုခုမကောင်းကြောင်းကို ပြောဖို့ရာလွယ်ပါတယ်။ ဒါပေမယ့် မျက်နှာချင်းဆိုင် အခြေအနေမှာတော့ မကောင်းပြောဖို့ရာ ခက်လှပါတယ်။ ကိုယ်ပြောလိုက်လို့ တစ်ဖက်သား ထိခိုက်သွားတာကို သူတို့ရဲ့ မျက်နှာအမူအရာ ကနေတွေ့နိုင်သလို သူတို့ရဲ့ နာကျင်မှုကို ခံစားပြီးလဲ သိနိုင်ပါတယ်။ဒါကြောင့် ကိုယ့်ကိုယ်ကို ဆင်နိုင်ဖို့နဲ့ နောင်တတရား ကို ခံစားနိုင်ဖို့ တွန်းအားပေးပါတယ်။
ဒါပေမယ့် ဒီလို တစုံတယောက်ရဲ့ မကောင်းကြောင်းဖြစ်စေ၊ မဟုတ်တာဖြစ်စေ onlineမှာ ပြောလိုက်ရင်တော့ လူလူချင်းပြောသလို ခံစားမှုကို ရမှာမဟုတ်ပါဘူး။ ပြောလိုက်သမျှ အားလုံး ပြတင်းပေါက်မှထွက်သွားသလိုပါပဲ။ မျက်နှာချင်းဆိုင်ပြောကြသလို အသံရဲ့ အနိမ့်အမြင့်၊မျက်နှာအမူအရာ၊ ကိုယ်နေဟန်ထား၊ ခံစားမှု စတာတွေကို ဘာမှ မြင်ရမှာ မဟုတ်ပါဘူး။
“အသံရဲ့ အနိမ့်အမြင့်၊မျက်နှာအမူအရာ၊ ကိုယ်နေဟန်ထား၊ ခံစားမှု စတာတွေ အားလုံးဟာ လူလူချင်းဆက်ဆံရေးမှာ အခြေခံကျတဲ့ အရာတွေပါ။ ဒါတွေဟာ ခေတ်ရဲ့ နည်းပညာတွေ အောက်မှာပျောက်ဆုံးလာနေကြပါတယ်” လို့psychologist Jim Taylor ကဆိုပါတယ်။ သူက ထပ်ပြီး ” ကလေးတွေဟာ နည်းပညာ တွေကနေတဆင့် ဆက်သွယ်စကားပြောပြီး အချိန်များစွာ အသုံးပြုနေကြပါတယ်။ လူသားတွေ အရင်က အသုံးပြုခဲ့တဲ့ အခြေခံ ဆက်ဆံရေးစွမ်းရည်တွေကို သူတို့ ဟာ သင်ကြားခြင်း နည်းပါးလာနေကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးဟာ စကားချည်း သက်သက် မဟုတ်ပါဘူး” လို့  ပြောပါတယ်။

(၇) စိတ်ပိုင်းဆိုင်ရာအားနည်းမှု ဖြစ်နိုင်ခြေကို တိုးစေပါတယ်။
*************************************************

Online သုံးနေတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာအရ ခွဲထုတ်ရန် ပိုလွယ်သဖြင့် အများစုဟာ cyber-bulled လုပ်ခံရတတ်ပါတယ်။ online ပေါ်မှာ ပုံများ၊ စာများ မရေမတွက်နိုင်အောင် အလွယ်တကူတွေ့နေနိုင်တဲ့အတွက် ငယ်ရွယ်တဲ့ကလေးများဆယ်ကျော်သက်များဟာ သူတို့ရဲ့ ဖွံ့ဖြိုးစ ကိုယ်ခန္ဓာနဲ့ ပတ်သက်ပြီး အလိုမကျ စိတ်မသက်သာ ခံစားရနိုင်ပါတယ်။
ကျွမ်းကျင်သူတွေရဲ့ အဆိုအရ၊ smartphone နဲ့ tablet တွေ အချိန်အများကြီး အသုံးပြုခြင်းဟာ child depression, anxiety, attachment disorder, attention deficit disorder, psychosis, and problematic child behavior စတာတွေ ဖြစ်ပွားမှု တိုးလာခြင်းရဲ့ အချက်တစ်ချက်ဖြစ်လာပါတယ်။

(၈) ကလေးအဝလွန်ခြင်းကိုလဲ ဖြစ်နိုင်ခြေများစေပါတယ်။
**********************************************

ကလေးတစ်ယောက်ဟာ တစ်ခုခုကို စွဲလမ်းသွားပြီဆိုရင် အဲဒါကို အသုံးပြုနေစဉ်မှာ လှုပ်ရှားမှု ရှိမှာမဟုတ်တော့ပါဘူး။ ဒါဟာ ကိုယ်လက်လှုပ်ရှားမှုကို နည်းစေတဲ့ အတွက် ကိုယ်အလေးချိန်တိုးတက်ခြင်းကို ဖြစ်နိုင်စေပါတယ်။ အိပ်ခန်းတွင်း smartphone, tablet အသုံးပြု ခွင့်ရတဲ့ ကလေး ၃၀% ဟာ အဝလွန်ရောဂါဖြစ်ဖို့ များပါတယ်။
ကလေးတစ်ယောက် အဝလွန်ရောဂါဖြစ်ပြီးဆိုရင် တခြား သတိထားရမယ့် အချက်တွေလဲ ရှိလာပါပြီ။ အဝလွန် ကလေး တွေရဲ့ ၃၀% ဟာ သွေးချို၊ဆီးချို ဖြစ်နိုင်ပါတယ်။ အဝလွန်ကလေးတွေဟာ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်ခြင်းတွေလဲ စိုးရိမ်ရပါတယ်။

(၉) smartphone စွဲလမ်းခြင်းဟာ ကလေးတွေကို ရန်လိုတတ်အောင်လဲ လုပ်နိုင်ပါတယ်။
*********************************************************************
Devices တွေ အလွန်အကျွံ သုံးစွဲနေစဉ်မှာ ကလေးတွေဟာ သနားညှာတာတတ်ခြင်း ( empathy) ကို မသင်ယူနိုင်ပါဘူး။ သူတို့ဟာonline ပေါ်မှာ ခက်ထန်ကြမ်းတမ်းစွာ၊ အညှာတာကင်းစွာ ပြောဆိုတာကို ပိုပြီး ကျင့်သားရလာတတ်ကြပါတယ်။ online အနိုင်ကျင့်ခြင်းcyber- bulliedကို ကလေးတော်တော်များများက ပုံမှန်သမားရိုးကျလို့ ထင်ပြီး ပြုလုပ်လာတတ်ကြပါတယ်။
ကလေးတွေကို ကြမ်းတမ်းမှုကို အတုခိုးစေနိုင်တဲ့ ကြမ်းတမ်းပြင်းထန်တဲ့ violent video games တွေ လဲ အများပြားရှိပါတယ်။ ဒါတွေကို အချိန်အများကြီး အကန့်အသတ်မရှိ သုံးနေရင် ကလေးဟာ ကြမ်းတမ်းတဲ့ အပြုအမူတွေဟာ ပြဿနာဖြေရှင်းဖို့ ပုံမှန်နည်းလမ်းလို့ ထင်သွား၊ သင်ယူသွားမှာပါ။ ပြဿနာတွေကို ဒီလို ကြမ်းတမ်းစွာဖြေရှင်းရတာပဲလို့ သာ မှတ်ထင်သွားတတ်ပါတယ်။

(၁၀) လူမှုရေးညံ့ဖျင်းစေပါတယ်။
***************************
လူမှုရေးစွမ်းရည်သင်ယူမှုဟာ ကလေးတစ်ယောက်ရဲ့ အောင်မြင်မှုအတွက် အလွန်အရေးကြီးပါတယ်။ ကလေးတွေဟာ တခြားသူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ စိတ်လှုပ်ရှားကြောက်ရွံ့နေမယ်ဆိုရင် သူတို့ ရဲ့ အကောင်းဆုံးဖြစ်နိုင်ခြေအရည်အသွေးကို ဟန့်တားနိုင်ပါတယ်။

နည်းပညာဟာ သင့်တင့်စွာ အသုံးပြုရင် ဆက်ဆံရေးကို ပိုမိုလွယ်ကူစေပါတယ်။ လူလူချင်းတိုက်ရိုက်ဆက်ဆံရေးကိုတော့ မထိခိုက်သင့်အောင် ရှောင်ကြဉ်သင့်ပါတယ်။

စွဲလမ်းနေပြီးကလေးတွေဟာ အတိုက်အခံလုပ်နိုင်ပေမယ့် သူတို့ကို smartphone နဲ့ tablet တွေကို ချထားစေပြီး မိသားစုဝင်တွေ၊ ရွယ်တူကလေးတွေနဲ့ ဆက်ဆံစေ၊ ကစားစေသင့်ပါတယ်။ ဒါမှ ကလေးတွေဟာ မျက်နှာအမူအရာ ၊ကိုယ်နေဟန်ထား တွေကို သတိပြု သင်ယူပြီး ညှာတာသနားတတ်အောင် ၊ရိုင်းပင်းကူညီတတ်အောင်၊ သင်ယူ မှာပါ။ သူတို့လေးတွေ ကြီးလာတော့ ပတ်ဝန်းကျင်မှလူများနဲ့လဲ သက်တောင့်သက်သာ နေတတ်၊ ဆက်ဆံတတ်မှာပါ။ ကလေးများဟာ ” face -to -face ” အချိန်လိုအပ်ပါတယ်လို့ Denise Daniels ကပြောကြားပါတယ်။

ဖေဖေ မေမေ တို့ရော ကလေးများ နည်းပညာ အလွန်အကျွံ့ သုံးခြင်းကို ဘယ်လိုမြင်ပါသလဲ?……

မေတ္တာဖြင့်
နီတိုးလေးမေမေ။
#နီတိုးလေးမေမေ #မိခင်ဘဝ

ref; littlethings .com ကို မှီငြမ်းရေးသားထားပါတယ်။
Photo; Internet.