လိပ်ပညာရှိ ပုံပြင် (တန်ဇန်နီးယား)
|လိပ်ပညာရှိ ပုံပြင် (တန်ဇန်နီးယား)
.
ရှေးရှေးတုန်းက အာဖရိကမှာ ညာဆာလို့ နာမည်ခေါ်တဲ့ ကြည်လင်ပြာလဲ့နေတဲ့ ရေတွေရှိတဲ့ ရေကန်ကြီး ရှိသတဲ့။ ရေကန်ဘေးမှာတော့ တောသတ္တဝါ အစုံနေတာပေါ့။
.
တနေ့ကျတော့ ဆင်ကြီးက ငါ့ခန္ဒာကိုယ် ဘယ်လောက်ကြီးလဲ ကြည့်ကြစမ်း၊ ငါဟာမင်းတို့ အားလုံးထက် သန်မာတယ် ဆိုပြီး ကျန်တဲ့တောကောင်ငယ်လေးတွေကို ပြောသတဲ့။ နောက်နေ့ကျတော့ ရေမြင်းကြီးလည်း အလားတူ ပြောပြန်သတဲ့။ တောကောင်ငယ်လေးတွေလည်း လန့်ပြီး ဒီ၂ကောင်တော့ ငါတို့ကို အနိုင်ကျင့်တော့မယ်၊ ဘယ်လိုလုပ်ကြမလဲ တိုင်ပင်ကြတာပေါ့။
.
လိပ်ပညာရှိက ငါအကြံရပြီ ဆိုပြီး ဆင်ကြီးဆီကိုသွားပြီး “ကိုဆင်ကြီး ခင်ဗျားက ခွန်အားအကြီးဆုံးဆိုဗျ၊ ကျုပ်နဲ့လွန်ဆွဲ ပြိုင်မလားဆိုပြီး သွားမေးတယ်။ ဆင်ကြီးကလည်း မင်းကများ ငါနဲ့ပြိုင်ချင်သေးလား ရတယ်လေ တဲ့။ အဲဒါဆို မနက်ဖြန်မနက် ဒီနားမှာစောင့်နေ ဆိုပြီး လိပ်က ပြန်ပြောခဲ့တယ်။ အဲဒီနောက် လိပ်ကြီးက ရေထဲနေ ကန်တဖက်ကမ်းမှာ ရှိတဲ့ ရေမြင်းကြီးဆီသွား၊ လွန်ဆွဲမလား မေးတာပေါ့။ ဆွဲမယ်ဆိုတော့ မနက်ဖြန်မနက်စောင့်နေ ပြောခဲ့တာပေါ့။
.
အဲဒီညမှာတော့ တောကောင်ငယ်လေးတွေစုပြီး နွယ်ကြိုးနဲ့ ကြိုးခိုင်ခိုင်တခုဖြစ်အောင် ကျစ်ကြသတဲ့။ နောက်နေ့မနက်ကျ လိပ်ပညာရှိက ဆင်ကြီးဆီသွား ကြိုးတစကိုပေး၊ နည်းနည်းကြာရင် စဆွဲကြမယ် ပြောခဲ့တယ်။ ဆင်ကြီးက ဝတ်ရည်စုပ်ငှက်က သူ့တောင်ပံကို ခတ်တာထက်မြန်အောင် မင်းကို ဆွဲပစ်မယ် ပြန်ပြောသေးသတဲ့။ လိပ်က ရေကန်တဖက်ကမ်းက ရေမြင်းကြီးဆီကိုသွား ကျန်တဲ့ ကြိုးတစပေးတယ်။ ရေမြင်းကြီးကလည်း ဖားတခါခုန်တာထက် မြန်အောင် မင်းကိုဆွဲပစ်မယ် ပြန်ပြောတာပေါ့။
.
ခဏနေတော့ တအင်းအင်း တအားအား မြည်အောင် ဆင်ကြီးနဲ့ ရေမြင်း ၂ ကောင်သားလွန်ဆွဲနေကြတာပေါ့။ တကောင်နဲ့ တကောင်မမြင်ရတော့ လိပ်နဲ့ပဲ ဆွဲနေတယ်လို့ သူတို့ ကိုယ်စီထင်ပြီး ဒီလိပ်က ထူးထူးဆန်းဆန်း အားသန်ပါလား တွေးနေကြသတဲ့။
.
၂ကောင်သား ဆွဲနေကြတာ အားသိပ်မကွာတော့ နေမွန်းတည့်သည်အထိ မပြီးဘူးတဲ့။ လိပ်ကြီးကတော်လောက်ပြီဆိုပြီး အလယ်ကနေ ကြိုးကို ဖြတ်လိုက်တာ ၂ ကောင်သား ဗိုင်းခနဲ လဲကုန်ကြတာပေါ့။ လိပ်ကဆင်ကြီးဆီသွား ဘယ်လိုလဲဗျ၊ ဝတ်ရည်စုပ်ငှက်တောင်ပံခတ်တာ ထက် မြန်မယ်ဆို မေးတော့ ဆင်ကြီးက ဘာမှပြန်မပြောနိုင်ဘူးပေါ့။ လိပ်က ရေမြင်းကြီးဆီသွား ဖားတခါခုန်တာထက်မြန်အောင်ဆွဲမယ်ဆို၊ မေးပြန်တော့ ရေမြင်းကြီးလည်း စကားတိတ်နေတာပေါ့။ သူတို့ ၂ ကောင်လုံး ကျန်တဲ့တောကောင်ငယ်လေးတွေကို အထင်မသေးရဲတော့ဘူးလေ။
.
အဲဒီညမှာတော့ ဆင်နဲ့ရေမြင်းကြီးတို့က လွန်ဆွဲပွဲကြောင့် ပင်ပန်းပြီး တအားအိပ်ပျော်နေချိန်မှာ တောကောင်ငယ်လေးတွေကတော့ အောင်ပွဲခံနေကြတာပေါ့။
.
ပုံပြင်လေးကတော့ ဒါပါပဲကွယ်..
🙂
.
ရှေးရှေးတုန်းက အာဖရိကမှာ ညာဆာလို့ နာမည်ခေါ်တဲ့ ကြည်လင်ပြာလဲ့နေတဲ့ ရေတွေရှိတဲ့ ရေကန်ကြီး ရှိသတဲ့။ ရေကန်ဘေးမှာတော့ တောသတ္တဝါ အစုံနေတာပေါ့။
.
တနေ့ကျတော့ ဆင်ကြီးက ငါ့ခန္ဒာကိုယ် ဘယ်လောက်ကြီးလဲ ကြည့်ကြစမ်း၊ ငါဟာမင်းတို့ အားလုံးထက် သန်မာတယ် ဆိုပြီး ကျန်တဲ့တောကောင်ငယ်လေးတွေကု
.
လိပ်ပညာရှိက ငါအကြံရပြီ ဆိုပြီး ဆင်ကြီးဆီကိုသွားပြီး “ကိုဆင်ကြီး ခင်ဗျားက ခွန်အားအကြီးဆုံးဆိုဗျ၊ ကျုပ်နဲ့လွန်ဆွဲ ပြိုင်မလားဆိုပြီး သွားမေးတယ်။ ဆင်ကြီးကလည်း မင်းကများ ငါနဲ့ပြိုင်ချင်သေးလား ရတယ်လေ တဲ့။ အဲဒါဆို မနက်ဖြန်မနက် ဒီနားမှာစောင့်နေ ဆိုပြီး လိပ်က ပြန်ပြောခဲ့တယ်။ အဲဒီနောက် လိပ်ကြီးက ရေထဲနေ ကန်တဖက်ကမ်းမှာ ရှိတဲ့ ရေမြင်းကြီးဆီသွား၊ လွန်ဆွဲမလား မေးတာပေါ့။ ဆွဲမယ်ဆိုတော့ မနက်ဖြန်မနက်စောင့်နေ ပြောခဲ့တာပေါ့။
.
အဲဒီညမှာတော့ တောကောင်ငယ်လေးတွေစုပြီး နွယ်ကြိုးနဲ့ ကြိုးခိုင်ခိုင်တခုဖြစ်အောင
.
ခဏနေတော့ တအင်းအင်း တအားအား မြည်အောင် ဆင်ကြီးနဲ့ ရေမြင်း ၂ ကောင်သားလွန်ဆွဲနေကြတာပေါ့။
.
၂ကောင်သား ဆွဲနေကြတာ အားသိပ်မကွာတော့ နေမွန်းတည့်သည်အထိ မပြီးဘူးတဲ့။ လိပ်ကြီးကတော်လောက်ပြီဆိုပြ
.
အဲဒီညမှာတော့ ဆင်နဲ့ရေမြင်းကြီးတို့က လွန်ဆွဲပွဲကြောင့် ပင်ပန်းပြီး တအားအိပ်ပျော်နေချိန်မှာ တောကောင်ငယ်လေးတွေကတော့ အောင်ပွဲခံနေကြတာပေါ့။
.
ပုံပြင်လေးကတော့ ဒါပါပဲကွယ်..
