ဝက်နံရိုးဟင်းချို
|ဝက်နံရိုးဟင်းချို
ကလေးတွ ထမင်းမစားချင်တဲ့အခါ
အရိုးဟင်းချိုလေးတွေကိုတိုက်ဖို့သင့်တော်တာမို့ ဝက်နံရိုးဟင်းချိုလေးကို ရေးပေးချင်ပါတယ်။ဝက်ရိုးအစား ကြက်ရိုး ကိုလည်းအသုံးပြုလို့ရပါတယ်နော်။မျက်စိအားကောင်းစေဖို့ မုန်လာဥနီကိုသုံးထားပေးပါတယ်။ထမင်းမစားချင်တဲ့ကလေးတွေအတွက်လည်းအစားထိုးပြောင်းဖူးလေးထည့်ပေးထားတာမို့ပြောင်းဖူးရဲ့အချိုအရသာကိုပါရရှိစေမှာပါ။Pressure cooker ကိုအသုံးပြုပြီး ဟင်းချိုကိုချက်ထားပေမယ့် အဆင်ပြေရာနဲ့ချက်နိုင်ပါတယ်နော်။
ပါဝင်ပစ္စည်းတွေက
-ဝက်နံရိုး အနေတော်အတုံး ခြောက်ခု
***ရေဆူဆူမှာ ဆား ထမင်းစားဇွန်းတစ်ဝက် ထည့် ဝက်နံရိုး ထည့် ငါးမိနစ်ခန့်ပြုတ်အရိုးကိုရေအေးပြန်ဆေး ပြုတ်ရည်သွန်
-မုန်လာဥနီ တစ်ဥ (အခွံခွာ အနေတော်တုံး)
-ပြောင်းဖူး အဖူးကြီးတစ်ဖူး လေးပိုင်းပိုင်း
-ကြက်သွန်ဖြူ ငါးမွှာ တစ်ပြားရိုက်
-ဂျင်းလက်တစ်ဆစ် ပါးပါးလှီး
-သကြား လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
-ဆား ထမင်းစားဇွန်း သုံးပုံတစ်ပုံခန့်
-ပဲငံပြာရည်အနောက် ထမင်းစားဇွန်း တစ်ဝက်
-ရေအေး တစ်လီတာ
ပါဝင်ပစ္စည်းတွေကိုအကုန်ရောမွှေပြီး
pressure cooker ထဲထည့် bone ခလုတ်ကိုနှိပ်ပြီး ချက်ပါတယ်။
အချိန်ပြည့်လျှင် အပေါ့အငံလိုသလိုပြုပြင်ပြီး ကြက်သွန်မြိတ်ဖြူးပါ။