အကောင်းဆုံး ဆုတောင်း (ခရိုအေးရှား ပုံပြင်)
|အကောင်းဆုံး ဆုတောင်း (ခရိုအေးရှား ပုံပြင်)
.
တစ်ခါတုန်းက နတ်ကောင်းနဲ့ နတ်ဆိုးဟာ ငြင်းခုန်ကြသတဲ့။ နတ်ဆိုးက လူ့ပြည်က လူတွေဟာ အတ္တကြီးတယ်၊ ဆုတောင်းပြည့်အောင် လုပ်ပေးဖို့ မသင့်တော်ဘူး ပြောတယ်။ နတ်ကောင်းက လူတွေက အခြေခံအားဖြင့် ကောင်းတယ်၊ ကြင်နာတတ်တယ် ပြောတာပေါ့။ အဲဒီတော့ နတ်ဆိုးက မင်းသုံးရက်အတွင်း ကြင်နာတတ်တဲ့ လူကောင်း ၃ ယောက်ရှာပေး၊ မရှာနိုင်ရင် မင်းရှုံးတယ်ဆိုးပြီး လောင်းကြသတဲ့။
.
နတ်ကောင်းက သူ့ကိုယ်သူ သူတောင်းစား အသွင်ပြောင်းပြီး လိုက်ရှာသတဲ့။ တနေရာမှာတော့ မိဘတွေ မရှိတော့တဲ့ ညီအစ်ကို ၃ယောက် အကြောင်းကြားသတဲ့။ သူတို့မှာ ပိုင်တာဆိုလို့ မြို့အပြင်က လယ်တောရယ်၊ သူတို့အိမ်ရှေ့မှာ အရသာအရမ်းရှိတဲ့ အသီးတွေ သီးတဲ့ သစ်တော်ပင်ရယ်ပဲ ရှိတာတဲ့။ အသီးတွေရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ စားသောက်နေထိုင်ကြတာဆိုတော့ ညီအစ်ကို ၃ ယောက် တလှည့်စီစောင့်၊ ကျန်တဲ့ ၂ ယောက်က လယ်တောထဲသွား လုပ်ကြတာပေါ့။
.
နတ်ကောင်းက သူတောင်းစားပုံစံနဲ့ အဲဒီအိမ်သွားတော့ အကိုကြီး အပင်စောင့် အလှည့်ကျတဲ့နေ့ပေါ့။ သူက ဗိုက်ဆာလို့ သစ်တော်သီးလေး ကျွေးပါဆိုတော့ အကိုကြီးက ဒီအပင်ကို သူတယောက်တည်း မပိုင်ဘူး၊ ကျန်တဲ့ ညီအစ်ကို ၂ ယောက်လည်းပိုင်တယ်။ ဒါပေမယ့် သူစားမယ့် ဝေစု သစ်တော်သီးတော့ ကျွေးလို့ရပါတယ်ဆိုပြီး ကျွေးလိုက်တာပေါ့။ နောက်၂ရက် ကျန်တဲ့ ညီအစ်ကို ၂ ယောက်အလှည့်မှာလည်း အကိုကြီးလိုပဲ သူတို့ဝေစုတွေ ကျွေးပေးသတဲ့။
.
နတ်ကောင်းက ၃ ရက် အတွင်း ကြင်နာတတ်တဲ့ လူကောင်း ၃ ယောက်ရှာနိုင်ပြီ ဆိုပြီး ပျော်နေတာပေါ့။ သူတို့ကို ဆုတောင်းပြည့်အောင် လုပ်ပေးမယ်ဆိုပြီး နောက်နေ့ကျတော့ သူဌေးကြီး အသွင်နဲ့သူတို့ အိမ်ကိုသွားပြီး မင်းတို့အကြိုက်ဆုံး အကောင်းဆုံး ဆုတောင်း တခုစီတောင်းကြလို့ ပြောတယ်။
.
အကိုကြီးက မြစ်ကမ်းဘေးက ကွက်လပ်ကြီးမှာ စပျစ်ခြံ အကြီးကြီး၊ အလုပ်သမားတွေ အများကြီးနဲ့၊ ဝိုင်တွေထုတ်ပြီး ကမ္ဘာအနှံ့ကို ပို့မယ့် ဝိုင်သူဌေးကြီးဘဝ ရချင်တယ်ပြောတယ်။ အကိုလတ်က တောင်ခြေမှာ သိုးတွေ အများကြီး၊ သိုးမွှေးထုတ်တဲ့ လုပ်ငန်းပိုင်ရှင် သူဌေးကြီးဖြစ်ချင်တယ် ပြောတယ်။ ညီငယ်လေးကတော့ သူ့ကို အရှိအရှိအတိုင်း တကယ်ချစ်တဲ့သူနဲ့ လက်ထပ်ချင်တယ်လို့ ပြောတယ်။ နတ်ကောင်းက အဲဒီသူကို ရှာကြည့်လိုက်တော့ ရုပ်ဆင်းလှပပြီး ကြင်နာတတ်တဲ့ မိန်းမချောလေးတွေ့ပြီး လက်ထပ်ပေးလိုက်တယ်။ သူတို့အားလုံး ဆုတောင်းပြည့်တဲ့ နေရာကို သွားခါနီးမှာ နတ်ကောင်းက အမြဲကြင်နာသနားတတ်ပြီး လူကောင်းဖြစ်ဖို့ မမေ့ပါနဲ့လို့ မှာလိုက်တယ်။
.
နောင်သုံးနှစ်လောက်ကြာတဲ့ အခါနတ်ကောင်းက ညီအစ်ကို ၃ ယောက် ဘယ်လို အခြေအနေ ရှိမလဲ သိချင်လို့ သူတောင်းစားအသွင်နဲ့ ပြန်လာတယ်။ ဘဝမေ့သွားတဲ့ အကိုကြီးနဲ့ အကိုလတ် နတ်ကောင်းကို မောင်းထုတ်လို့ သူတို့ စည်းစိမ်တွေ ပျောက်ပြီး အရင်က ဘဝကို ပြန်ရောက်အောင် လုပ်လိုက်တယ်။
.
ညီငယ်ဆုံးလေး အိမ်သွားတော့ သူတို့လင်မယားက အိမ်ထဲကို ဖိတ်ခေါ်ပြီး ရှိတာလေးတွေ ကျွေးမယ်လုပ်တယ်။ နတ်ကောင်းက သူတို့ကြင်နာတတ်တဲ့ စိတ်ကောင်းရှိနေသေးတာ သဘောကျပြီး သူတို့အစားအသောက်တွေ ထုတ်လိုက်တိုင်း အနံ့အရသာ ပြည့်စုံတဲ့ စားစရာတွေ အမြဲထွက်လာအောင် ဆုပေးလိုက်သတဲ့။
.
ညီငယ်တို့ လင်မယားလည်း ဝမ်းသာပျော်ရွှင်ပြီး တသက်လုံး ကြင်နာသနားတတ်တဲ့သူတွေ အဖြစ်နေထိုင်သွားကြသတဲ့ကွယ် ။
.
ပုံပြင်လေးကတော့ ဒါပါပဲကွယ်..
🙂
.
Photo Copyrights and Credits to http://www.alamy.com/ stock-photo-myanmar-boy-pra ying-48771628.html
.
တစ်ခါတုန်းက နတ်ကောင်းနဲ့ နတ်ဆိုးဟာ ငြင်းခုန်ကြသတဲ့။ နတ်ဆိုးက လူ့ပြည်က လူတွေဟာ အတ္တကြီးတယ်၊ ဆုတောင်းပြည့်အောင် လုပ်ပေးဖို့ မသင့်တော်ဘူး ပြောတယ်။ နတ်ကောင်းက လူတွေက အခြေခံအားဖြင့် ကောင်းတယ်၊ ကြင်နာတတ်တယ် ပြောတာပေါ့။ အဲဒီတော့ နတ်ဆိုးက မင်းသုံးရက်အတွင်း ကြင်နာတတ်တဲ့ လူကောင်း ၃ ယောက်ရှာပေး၊ မရှာနိုင်ရင် မင်းရှုံးတယ်ဆိုးပြီး လောင်းကြသတဲ့။
.
နတ်ကောင်းက သူ့ကိုယ်သူ သူတောင်းစား အသွင်ပြောင်းပြီး လိုက်ရှာသတဲ့။ တနေရာမှာတော့ မိဘတွေ မရှိတော့တဲ့ ညီအစ်ကို ၃ယောက် အကြောင်းကြားသတဲ့။ သူတို့မှာ ပိုင်တာဆိုလို့ မြို့အပြင်က လယ်တောရယ်၊ သူတို့အိမ်ရှေ့မှာ အရသာအရမ်းရှိတဲ့ အသီးတွေ သီးတဲ့ သစ်တော်ပင်ရယ်ပဲ ရှိတာတဲ့။ အသီးတွေရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ စားသောက်နေထိုင်ကြတာဆိုတော့
.
နတ်ကောင်းက သူတောင်းစားပုံစံနဲ့ အဲဒီအိမ်သွားတော့ အကိုကြီး အပင်စောင့် အလှည့်ကျတဲ့နေ့ပေါ့။ သူက ဗိုက်ဆာလို့ သစ်တော်သီးလေး ကျွေးပါဆိုတော့ အကိုကြီးက ဒီအပင်ကို သူတယောက်တည်း မပိုင်ဘူး၊ ကျန်တဲ့ ညီအစ်ကို ၂ ယောက်လည်းပိုင်တယ်။ ဒါပေမယ့် သူစားမယ့် ဝေစု သစ်တော်သီးတော့ ကျွေးလို့ရပါတယ်ဆိုပြီး ကျွေးလိုက်တာပေါ့။ နောက်၂ရက် ကျန်တဲ့ ညီအစ်ကို ၂ ယောက်အလှည့်မှာလည်း အကိုကြီးလိုပဲ သူတို့ဝေစုတွေ ကျွေးပေးသတဲ့။
.
နတ်ကောင်းက ၃ ရက် အတွင်း ကြင်နာတတ်တဲ့ လူကောင်း ၃ ယောက်ရှာနိုင်ပြီ ဆိုပြီး ပျော်နေတာပေါ့။ သူတို့ကို ဆုတောင်းပြည့်အောင် လုပ်ပေးမယ်ဆိုပြီး နောက်နေ့ကျတော့ သူဌေးကြီး အသွင်နဲ့သူတို့ အိမ်ကိုသွားပြီး မင်းတို့အကြိုက်ဆုံး အကောင်းဆုံး ဆုတောင်း တခုစီတောင်းကြလို့ ပြောတယ်။
.
အကိုကြီးက မြစ်ကမ်းဘေးက ကွက်လပ်ကြီးမှာ စပျစ်ခြံ အကြီးကြီး၊ အလုပ်သမားတွေ အများကြီးနဲ့၊ ဝိုင်တွေထုတ်ပြီး ကမ္ဘာအနှံ့ကို ပို့မယ့် ဝိုင်သူဌေးကြီးဘဝ ရချင်တယ်ပြောတယ်။ အကိုလတ်က တောင်ခြေမှာ သိုးတွေ အများကြီး၊ သိုးမွှေးထုတ်တဲ့ လုပ်ငန်းပိုင်ရှင် သူဌေးကြီးဖြစ်ချင်တယ် ပြောတယ်။ ညီငယ်လေးကတော့ သူ့ကို အရှိအရှိအတိုင်း တကယ်ချစ်တဲ့သူနဲ့ လက်ထပ်ချင်တယ်လို့ ပြောတယ်။ နတ်ကောင်းက အဲဒီသူကို ရှာကြည့်လိုက်တော့ ရုပ်ဆင်းလှပပြီး ကြင်နာတတ်တဲ့ မိန်းမချောလေးတွေ့ပြီး လက်ထပ်ပေးလိုက်တယ်။ သူတို့အားလုံး ဆုတောင်းပြည့်တဲ့ နေရာကို သွားခါနီးမှာ နတ်ကောင်းက အမြဲကြင်နာသနားတတ်ပြီး လူကောင်းဖြစ်ဖို့ မမေ့ပါနဲ့လို့ မှာလိုက်တယ်။
.
နောင်သုံးနှစ်လောက်ကြာတဲ့ အခါနတ်ကောင်းက ညီအစ်ကို ၃ ယောက် ဘယ်လို အခြေအနေ ရှိမလဲ သိချင်လို့ သူတောင်းစားအသွင်နဲ့ ပြန်လာတယ်။ ဘဝမေ့သွားတဲ့ အကိုကြီးနဲ့ အကိုလတ် နတ်ကောင်းကို မောင်းထုတ်လို့ သူတို့ စည်းစိမ်တွေ ပျောက်ပြီး အရင်က ဘဝကို ပြန်ရောက်အောင် လုပ်လိုက်တယ်။
.
ညီငယ်ဆုံးလေး အိမ်သွားတော့ သူတို့လင်မယားက အိမ်ထဲကို ဖိတ်ခေါ်ပြီး ရှိတာလေးတွေ ကျွေးမယ်လုပ်တယ်။ နတ်ကောင်းက သူတို့ကြင်နာတတ်တဲ့ စိတ်ကောင်းရှိနေသေးတာ သဘောကျပြီး သူတို့အစားအသောက်တွေ ထုတ်လိုက်တိုင်း အနံ့အရသာ ပြည့်စုံတဲ့ စားစရာတွေ အမြဲထွက်လာအောင် ဆုပေးလိုက်သတဲ့။
.
ညီငယ်တို့ လင်မယားလည်း ဝမ်းသာပျော်ရွှင်ပြီး တသက်လုံး ကြင်နာသနားတတ်တဲ့သူတွေ အဖြစ်နေထိုင်သွားကြသတဲ့ကွယ်
.
ပုံပြင်လေးကတော့ ဒါပါပဲကွယ်..

.
Photo Copyrights and Credits to http://www.alamy.com/