မိဘတွေ ခဏခဏမေးတဲ့မေးခွန်းပါ။ ဒီနေရာမှာ များသောအားဖြင့် ရောဂါကြောင့်ဝါတာလား သဘာဝအလျောက် ဝါတာလားဆိုတာ ခွဲခြားသိဖို့ အရေးကြီးတယ်။ ဘာကွာသလဲဆိုတာ အောက်ကအချက်လေးတွေနဲ့ သိနိုင်တယ်။
သဘာဝ. ရောဂါ
စဖြစ်ချိန် မွေးပြီး ၂-၃ ရက် . မွေးပြီး ၂၄ နာရီအတွင်း
အဝါဓါတ် < 5mg/dl/day . > 5mg/dl/day
ကြာချိန် နေ့စေ့လစေ့မွေး < တစ်ပတ် > တစ်ပတ်
စောမွေးတဲ့ကလေး < နှစ်ပတ် > နှစ်ပတ်
ခြေဖဝါးလက်ဖဝါး မဝါပါ ဝါသည်
Direct bilirubin < 2mg/dl > 2mg/dlသဘာဝအလျောက် ဘာကြောင့်ဝါရတာလဲ။ ကိုယ်ခန္ဓာရဲ့ ၇၅%သော အဝါဓါတ်(bilirubin)ဟာ သွေးနီဥလေးတွေ ပျက်စီးရာကနေ ထွက်ပါတယ်။ မွေးကင်းစကလေးတွေမှာ သွေးနီဥလေးတွေ ပိုမြန်မြန်ပျက်စီးတဲ့အတွက်
အဝါဓါတ် ပိုထွက်တယ်။ ထွက်လာတဲ့ အဝါဓါတ်ကို ပုံမှန်အားဖြင့် အသည်းမှာ ချေဖျက်ရတယ်။ မွေးကင်းစကလေးတွေရဲ့ အသည်းဟာ မရင့်ကျက်သေးတဲ့အတွက် ပုံမှန်အလုပ်မလုပ်နိုင်သေးတ
ာ၊ အလုပ်လုပ်ရမယ့် အင်ဇိုင်းတွေ နည်းနေတာကြောင့် ပုံနေတဲ့ အဝါဓါတ်တွေကို အလျင်မီအောင် မခြေဖျက်ပေးနိုင်ဘူး။ အဲဒီလို မခြေဖျက်ပေးနိုင်တဲ့ အဝါဓါတ်တွေဟာ အသည်းကတဆင့် အူလမ်းကြောင်းထဲ ရောက်တယ်။ နို့ကောင်းကောင်းမစို့နိုင်
မစို့တတ်သေးတဲ့ ကလေးလေးတွေရဲ့ အူလမ်းကြောင်းဟာလည်း ကောင်းကောင်း အလုပ်မလုပ်နိုင်သေးတာကတကြော
င်း၊ အဝါဓါတ်ကို ထပ်ချေဖျက်ပေးရမယ့် အူလမ်းကြောင်းထဲက မိတ်ဆွေပိုးကလေးတွေ အများကြီး မရှိသေးတာတကြောင်းမို့လို့ အူလမ်းကြောင်းထဲ ရောက်လာတဲ့ အဝါဓါတ်တွေဟာ ကျေပျက်ပြီး ဝမ်းထဲမှာ ပါသွားရမယ့်အစား အူလမ်းကြောင်း နံရံတွေက ပြန်စုပ်ယူခံရပြီး အသည်းကို နောက်တကျော့ ပြန်ရောက်သွားပြန်ရော။ အဲဒါကို (prolonged enterohepatic circulation) လို့ခေါ်တယ်။ အဝါဓါတ်တွေ ကိုယ်ခန္ဓာထဲမှာ လိုအပ်တာထက် ကြာကြာရှိနေရတဲ့ အကြောင်းတွေပေါ့။အဲဒီအချက်တွေဟာ ကလေးရဲ့ ကိုယ်ခန္ဓာက တဖြည်းဖြည်း ပုံမှန်လည်ပတ် အလုပ်လုပ်နိုင်လာပြီဆိုတာနဲ
့ တဖြည်းဖြည်းချင်း ပျောက်လာရမယ်။ ကလေးကြီးလာတာနဲ့အမျှ အဝါပျောက်လာရတယ်။ အဲဒီလို သူတို့လေးတွေ ကိုယ်ခန္ဓာပုံမှန်အလုပ်လုပ်ဖ
ို့ နေ့စေ့လစေ့မွေးတဲ့ ကလေးတစ်ယောက်အတွက် အချိန်တစ်ပတ်လောက် ယူရပြီး၊ လမစေ့ဘဲ စောမွေးတဲ့ ကလေးလေးအတွက် နှစ်ပတ်လောက် အချိန်ယူရတယ်။ အဲဒီအချိန်ကျော်ရင် အသားဝါတာဟာ ပျောက်သွားရမယ်။ အဲဒါဆို သဘာဝအလျောက် ပုံမှန်အသားဝါတာပေါ့။ နှစ်ပတ်ကျော် သုံးပတ်အထိ မပျောက်ဘဲ ဆက်ဝါနေရင် ရောဂါတစ်ခုခုကြောင့် ဝါတာ ဖြစ်နိုင်ပါတယ်။
မွေးကင်းစအသားဝါတာ ဘယ်အချိန်မှာ အန္တရာယ်ရှိသလဲဆိုရင် သွေးထဲမှာ အဝါဓါတ်အရမ်းတက်လာတဲ့အခါ (ဒါမှမဟုတ်) မွေးကင်းစအသားဝါတာ လိုအပ်တာထက် အချိန်ပိုကြာတဲ့အခါ အဝါဓါတ်ဟာ ဦးနှောက်ထဲအထိရောက်သွားပြီး ဦးနှောက်ပျက်စီးစေပါတယ်။ ဦးနှောက်ထဲအထိရောက်သွားပြီဆိုရင် ပြန်ကုသလို့ မရတော့ဘဲ တသက်လုံး ဒုက္ခိတအဖြစ် နေသွားရပါတယ်။ (Cerebral Palsy)
မီးရောင်ပြခြင်းဟာ ဘယ်လိုထိရောက်တဲ့ ကုသမှုဖြစ်စေသလဲ။ မီးအလင်းရောင်ပြလိုက်တဲ့အခါ photo-oxidation ဆိုတဲ့ ဖြစ်စဉ်ဖြစ်တယ်။ အဲဒီအခါ အောက်ဆီဂျင်က အဝါဓါတ်တွေထဲကို ထည့်ပေါင်းခြင်းခံလိုက်ရတယ်။ အဲဒီလို အောက်ဆီဂျင်ရသွားတဲ့ အဝါဓါတ်ဟာ ရေမှာပိုပျော်ဝင်သွားပြီး ဆီးကတဆင့် ကိုယ်ခန္ဓာထဲကနေ စွန့်ထုတ်ခံလိုက်ရတဲ့အတွက် အဝါဓါတ် မြန်မြန်လျော့ကျစေတယ်။
ဖြစ်စဉ်တွေကို အကျိုးနဲ့အကြောင်းနဲ့ နားလည်စေချင်လို့ အတတ်နိုင်ဆုံး ရှင်းအောင် တိုတိုပဲ ရှင်းပြထားတာပါ။ ဖတ်ရင်း ပိုရှုပ်ပြီး နားမလည်ဖြစ်သွားတယ်ဆိုရင်တော့ မပန်းအိရှင်းတာ ညံ့လို့မှတ်ပါနော်
😅
ဖြည့်စွက် – ကွန်မန့်ကမေးခွန်းလေးတွေကို ပြန်ဖြေထားတာလေးတွေ ထပ်ဖြည့်ပေးမယ်နော်။
အမေရဲ့သွေးထဲမှာ ကလေးရဲ့ သွေးနီဥတွေကို တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်း (antibody) ရှိနေရင် ကလေးသွေးနီဥတွေ ပိုပျက်စီးလို့ အဝါဓါတ်ပိုများလာပါတယ်။ အများအားဖြင့် အမေသွေးအုပ်စု အိုဖြစ်ပြီး ကလေးက အေ၊ ဘီနဲ့ အေဘီဖြစ်နေရင် ဖြစ်တတ်ပါတယ်။ Rh ဆိုတာလည်း ရှိပါသေးတယ်။ အမေက Rh မရှိဘဲ (Rh negative) ကလေးက Rh ရှိနေရင် (Rh positive) ကိုယ်ဝန်ပျက်ကျတဲ့အထိ ဆိုးနိုင်ပါတယ်။ (အထူးသဖြင့် ပထမကိုယ်ဝန်လွတ်တတ်ပြီး ဒုတိယကိုယ်ဝန်နဲ့ နောက်ပိုင်းမှာ ဖြစ်ပါတယ်) ဆေးကြိုသောက်ရင်တော့ ကိုယ်ဝန်မပျက်စီးနိုင်ပါဘူး။ အသေးစိတ်ရေးပေးရင် စာသင်သလိုဖြစ်ပြီး ရှုပ်သွားမှာစိုးလို့ ဒီလောက်ပဲ ပြောလိုက်တယ်နော်။