ကြက်သားဆီချက်ခေါက်ဆွဲ

ကြက်သားဆီချက်ခေါက်ဆွဲ

သမီးအတွက်နေ့လည်စာ ကြက်သားဆီချက်ခေါက်ဆွဲ ကြက်စွတ်ပြုတ် လုပ်ရတာလွယ်ပြီး အာဟာရပြည့်ပါတယ် ခေါက်ဆွဲကိုတော့ ကြက်ဥခေါက်ဆွဲသုံးထားပါတယ် ဒီမှာက လတ်ဆတ်သန့်ရှင်းတဲ့ခေါက်ဆွဲတွေရနိုင်နေတာမို့ အိမ်လုပ်ခေါက်ဆွဲလုပ်ဖြစ်တဲ့ဆီမရောက်နိုင်သေးတာပါ အဆင်ပြေတဲ့တစ်နေ့ကျရင်တော့ရေးပေးပါ့မယ် ကိုယ်တိုင်လုပ်ပြီး ကိုယ့်ဓာတ်ပုံလေးဘဲသုံးချင်တာကတစ်ကြောင်းမို့ လုပ်နည်းရေးမပေးနိုင်သေးတာစိတ်မရှိကြပါနဲ့ရှင်။

ကြက်ရိုးပြုတ်ကတည်းက ကြက်သားကိုတခါတည်းထည့်ပြုတ် ကြက်သားကိုအအေးခံပြီးအသားနွှင် သေးသေးလေးတွေတုံးထား

ကြက်သွန်မြိတ်ပါးပါးလှီးထား

ကြက်ဥခေါက်ဆွဲပြုတ်ရေစစ်

ကြက်သွန်ကြော်အဖြူကို ကျေယုံလေးထောင်းထား

ဆီချက်ချက် (အိမ်မှာတော့ ဆီကိုအပူခံခွက်ထဲထည့် မိုက်ခရိုဝေ့ထဲအပူပေးပြီးဆီချက်ချက်ပါတယ်)

ခေါက်ဆွဲထဲကို ပဲငံပြာရည်အကြည် အနောက် ဆား သင့်ယုံ ထည့် ( အချိုးအစားမရေးပေးတာကကျွန်မတို့အိမ်ကအပေါ့စားတာမို့ အဆင်ပြေသလိုထည့်စေချင်လို့ပါရှင်)
ဆီချက် ကြက်သွန်ဖြူကြော်များများထည့် နှံ့အောင်မွှေ
ကြက်သားထည့် ကြက်သွန်မြိတ်ထည့်

ကြက်စွတ်ဟင်းချိုကိုတော့ ဆား ငရုတ်ကောင်း ကြက်သွန်မြိတ် ထည့်သောက်ပါတယ်။