Milk
နွားနို့အကြောင်းသိသမျှလေးဝေငှပေးမယ်နော်။
နွားနို့မှာ အမိုင်နိုအက်ဆစ်တွေ အစုံအလင်ပါဝင်တဲ့အတွက် ခန္ဓာကိုယ်တည်ဆောက်ပြုပြင်ရေးအတွက်အလွန်အသုံးဝင်ပါတယ်။ဒါကြောင့် တစ်နှစ်ကျော်ကလေးတွေသောက်သုံးပေးမယ်ဆို အရိုးနဲ့ကြွက်သား တည်ဆောက်မှုကိုအားပေးပါတယ်။အသက်သုံးဆယ်ကျော်လူကြီးတွေအထူးသဖြင့်အမျိုးသမီးတွေအရိုးပွရောဂါမဖြစ်အောင်အရိုးကြံ့ခိုင်မှုလျော့နည်းလာခြင်းကိုနှေးကွေးစေပါတယ်။
ကလေးတွေမှာ နွားနို့ကပရိုတင်းနှင့် ဓာတ်မတည့်တဲ့သူတွေရှိပါတယ်။လူကြီးတစ်ယောက်နွားနို့သောက်တယ်ဆိုရင်နွားနို့ထဲကပရိုတင်းတွေဟာအူထဲကိုတိုက်ရိုက်စုတ်ယူခြင်းမခံရပါဘူး။ပထမအဆင့်အူထဲမှာ peptide ဆိုတဲ့ ဓာတ်ပေါင်းတွေအဖြစ်ပြိုကွဲသွားတာပါ။peptide တွေဟာ အမိုင်နိုအက်ဆစ်အဖြစ် ထပ်မံပြိုကွဲပြီးအူကနေစုတ်ယူပါတယ်။ခန္ဓာကိုယ်ထဲရောက်လာတဲ့အမိုင်နိုအက်ဆစ်တွေဟာပရိုတင်းအသစ်တွေပြန်လည်တည်ဆောက်ဖြစ်ပေါ်ပါတယ်။လသားကလေးတွေဟာလူကြီးအူနံရံတွေလိုမခိုင်ခံ့ပါဘူး ဒါကြောင့်ပရိုတင်းတွေဟာမပြိုကွဲဘဲတိုက်ရိုက်စုတ်ယူခံရတဲ့အတွက်ကလေးခန္ဓာကိုယ်ဟာလက်မခံနိုင်ဘဲနည်းအမျိုးမျိုးနဲ့တုန့်ပြန်ကြပါတယ်။အဲ့သလိုတုံ့ပြန်တဲ့အခါ ဓာတုပစ္စည်းတွေထွက်လာပြီး ဝမ်းပျက်ခြင်း ဗိုက်နာခြင်း လေပွခြင်း အဖုအပိန့်ထွက်ခြင်း ရင်ကျပ်ခြင်း စတာတွေခံစားရပါတယ်။အသက်တစ်နှစ်ကျော်မှသာတိုက်သင့်ပါတယ်။တချို့လူတွေမှာလည်းနို့သောက်ပြီးဝမ်းပျက်ခြင်းဗိုက်ပွခြင်းစသည့်နို့နဲ့မတည့်သူတွေလည်းရှိပါတယ်။နို့မှာပါတဲ့လက်စ်တို့သကြားကိုအစာမချေနိုင်တဲ့သူတွေမှာဖြစ်တတ်ပါတယ်။
နို့မှာပါတဲ့အဆီတွေနဲ့ပတ်သက်ပြီး သိထားသင့်တာက ပါဝင်တဲ့အဆီတွေဟာ ပြည့်ဝဆီတွေပါ ပြည့်ဝတဲ့ ဖက်တီးအက်ဆစ်တွေဟာ သွေးထဲက ခိုလက်စထရောကို ပမာဏမြင့်စေပါတယ်။လူကြီးတွေအနေနဲ့ကတော့အဆီထုတ်ထားတဲ့နို့ကိုရွေးချယ်သောက်သုံးသင့်ပြီးကလေးတွေအတွက်ကတော့ပြည့်ဝဆီတွေလိုအပ်ပါသေးတယ်။
တစ်နှစ်ကနေသုံးနှစ်ထိကလေးငယ်တွေဟာတစ်နေ့ကို ၅၀၀မီလီ(တစ်ခွက်မှာ၂၅၀မီလီ နှစ်ခွက်)အထိသောက်သုံးနိုင်ပါတယ်။
၎နှစ်ကနေရှစ်နှစ်ကလေးဟာ၆၀၀မီလီ။
အရွယ်ရောက်ပြီးလူတစ်ယောက်အတွက်တော့ တနေ့သုံးခွက်။
အများကြီးသောက်ရင်တော့နွားနို့ထဲပါတဲ့ကယ်စီရမ်ဟာအစားစာကနေသံဓာတ်စုတ်ယူမှုကိုတားဆီးတာမို့လို့iron ချို့တဲ့တဲ့ရောဂါဖြစ်နိုင်ပါတယ်။နွားနို့ကိုမသောက်မဖြစ်သောက်ရမယ်လို့မဆိုလိုပါဘူး။နွားနို့မှာပါတဲ့ဗီတာမင်တွေကိုတခြားအစားစာကနေလည်းရရှိနိုင်ပါတယ်။နွားနို့မှာပါတဲ့အရေးကြီးတဲ့အာဟာရတစ်မျိုးဖြစ်တဲ့ ဗီတာမင်အေကတော့ခန္ဓာကိုယ်မှာ ဓာတ်ပြောင်းစရာမလိုဘဲ တိုက်ရိုက်အသုံးပြုလို့ရပါတယ်။ဗီတာမင်အေဟာ ကလေးတွေရဲ့ အရိုးကြီးထွားမှု ကိုယ်ခံအားစွမ်းအားကောင်းပြီး ရောဂါကာကွယ်နိုင်စွမ်းရှိမှုအတွက်အရေးကြီးပါတယ်။နွားနို့တစ်ခွက်ကနေ ကယ်လစီယမ် ၃၀၀ မီလီဂရမ်လောက် ရနိုင်ပါတယ်။
နို့ထွက်ပစ္စည်းတွေဟာလည်းနို့လိုပဲ အကျိုးပြုပါတယ်။ဒိန်ချဉ်ဟာ အာဟာရကြွယ်ဝပြီးအူနဲ့အစာလမ်းကြောင်း ကျန်းမာရေးအတွက်ကောင်းပါတယ်။ကယ်လစီယမ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ထောပတ်နဲ့မလိုင်ကတောကယ်လစီယမ်ကြွယ်ဝစွာမပါဝင်ပါဘူး ပြည့်ဝတဲ့ဖက်တီးအက်ဆစ်များပြီး ခိုလက်စထရောများစေပါတယ်။့
နွားနို့အကြောင်းသိပြီးတဲ့အခါ ရယ်ဒီမိတ်နွားနို့ကိုသောက်သင့်သလား ရိုးရိုးဈေးကဝယ်ပြီး ကျိုချက်သောက်သင့်သလားဆိုတာစဉ်းစားစရာဖြစ်လာပါပြီ။
ဒီနိုင်ငံမှာတော့ပိုးသတ်ထားတဲ့နို့ကိုသာရောင်းချခွင့်ရှိပါတယ်။ပိုးမသတ်ထားတဲ့နို့မှာဘက်တီးရီးယားတွေများစွာပေါက်ဖွားရှင်သန်ပါတယ်ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားရောအန္တရယ်မပေးတဲ့ဘက်တီးရီးယားရောအများကြီးပါ။မြန်မာပြည်မှာနို့စစ်လို့ခြံကနေခုမှညှစ်လာတဲနို့ကိုပဲတွေးကြည့်ကြရအောင်လား ညှစ်တဲ့သူရဲ့လက်ဟာ့သန့်ရှင်းရဲ့လား ထည့်တဲ့ပုံးဟာရော သန့်ရဲ့လား ဒီကြားထဲ နွားဟာရောဂါကင်းရဲ့လား စသည်ဖြင့်ပေါ့နော်။ကျိုချက် တဲ့အခါ ရှိသင့်တဲ့အပူချိန် မရှိရင်မသေတဲ့ရောဂါပိုးတွေအများကြီးပါ။လူတွေကိုရောဂါဖြစ်စေပါတယ်။အကောင်းဆုံးကတော့ ပိုးသတ်ထားတဲ့နိုကိုသာသောက်သုံးသင့်ပါတယ်။တကယ်လို့ နို့ကိုပိုးသတ်ထားတာမဟုတ်ရင အိမ်မှာကျိုမယ်ဆို double boiler method ကိုသုံးရပါမယ်။(ကွန်မန့်မှာပြထားပါတယ်ရှင်)
တကယ်လို့ double boiler မရှိဘူးဆို
စတီးအိုးတစ်ခုထဲ နို့ကိုထည့်ပါ။
တခြားအိုးအကြီးတစ်လုံးထဲရေအနည်းငယ်ထည့်ပါ။
ရေထည့်ထားတဲ့အိုးအကြီးထဲကို နို့ထည့်ထားတဲ့အိုးသေးလေးထည့်ပါ။
အိုးကိုမီးဖိုပေါ်တင်မီးအေးအေးနဲ့ မကြာခဏမွှေပေးနေရပါမယ်။
မီးများရင် မမွှေလျှင် နို့ဝေကျနိုင်ပါတယ်။
နို့အပူချိန်ဟာ ၁၄၅ ဒီဂရီဖာရင်ဟိုက် မှာရှိနေရပါမယ်တိုးလည်း မတိုးသွားရသလို အပူချိန်လျော့သွားလို့လည်းမရပါဘူး။
၁၄၅ အပူချိန်နဲ့ မိနစ်သုံးဆယ် တည်ပေးရပါမယ်။
မိနစ်သုံးဆယ်ပြည်လျှင် မီးဖိုပေါ်ကချ နို့အိုးသေးကိုရေခဲရေထည့်ထားတဲ့ဇလုံထဲထည့် အပူချိန် ၄၀ ဒီဂရီ ဖာရင်ဟိုက်ရောက်တဲ့ထိ မွှေပြီးအအေးခံ ပြီးမှရေခဲသေတ္တာထဲပြောင်းသိမ်းပါ။
နို့ကိုခဏခဏကျိုချက်မယ်ဆို အာဟာရတွေ ဆုံးရှုံးစေပါတယ်။
ပိုးသတ်ထားတဲ့နို့ကို ပြန်မကျိုဘဲ အအေးတိုင်းတိုက်လို့ရပါတယ် အအေးမသောက်လိုလျှင် နွေးတယ်ဆိုယုံ နွှေးပါ။
ပိုးသတ်ထားတဲ့နို့ကိုဝယ်တဲ့အခါ ထုတ်လုပ်ရက် ကုန်ဆုံးရက် ကြည့်ပါ။
ဗူးကိုဖွင့်ပြီး ရေခဲသေတ္တာထဲထည့် သတ်မှတ်ရက်အတွင်း သောက်ပါ။
သတ်မှတ်ရက်ကိုရေးထားပါတယ်။
ရေခဲသေတ္တာထဲက ထုတ်ထုတ်ချင်း ချက်ချင်း အရမ်းအေးနေတုံး မကျိုချက်ရပါဘူး။
ကျန်းမာပျော်ရွှင်ကြပါစေ။