How to cook oatmeals for baby breakfast 6 to 12 months

How to cook oatmeals for baby breakfast
6 to 12 months
ခြောက်လကနေစကျွေးလို့ရပြီဆိုပေမယ့် ဆန်ပြုတ်ကျဲကျဲလေးစားလို့ကလေးအဆင်ပြေပြီဆိုမှ ဒါကိုကျဲကျဲလေးစမ်းကျွေးပါနော်oatmeals ကိုမနက်စာအဖြစ်ကျွေးခဲ့တယ်ဆိုတဲ့ ပုံလေးတွေတင်ပေးခဲ့ဖူးပါတယ်။ ကလေးတွေကို oatmeal ကိုဘယ်လိုစကျွေးမလည်းဆိုတာလေးပြောပြချင်ပါတယ်။ သမီးကိုတော့ ပထမခြောက်လနဲ့ခုနှစ်လမှာ ကြိတ်ပြီးကျိုကျွေးပါတယ် ရှစ်လမှာ ကျွန်မမကြိတ်တော့ပါဘူး (ကလေးရဲ့အခြေအနေအလိုက်ကြိတ်ကျွေးရင်လည်းကျွေး ပါ) ဖော်မူလာနို့ကိုဖျော်ပြီး ကြာကြာစိမ်ကျွေးလိုက်တာပါ။ဒါကတစ်နှစ်မတိုင်ခင်အထိပါဘဲ။ဒီစာလေးကတစ်နှစ်အထိဘဲရည်ရွယ်တာမို့ တစ်နှစ်နောက်ပိုင်းကိုသီးသန့်တင်ပေးပါ့မယ်။oatmeal ကိုစကျွေးပြီးကလေးတွေကိုမိတ်ဆက်တဲ့အခါ တည့်မတည့် သိရအောင် ဘာမှမရောဘဲ ကျွေးစေချင်ပါတယ်။လေးရက်လောက်အရင်စမ်းကျွေးကြည့်ပါ။
နောက်မှ ဖော်မူလာနို့ သစ်သီး( ကြက်ဥအနှစ် ချိစ် ရှစ်လမှစထည့်ပါ) စတာတွေကိုတိုးထည့်ကျွေးသွားပါလို့အကြံပြုချင်ပါတယ်။

၁ oatmeal ကိုအမှုန့်ဖြစ်အောင်ကြိတ်ပါ
၂ ဒယ်အိုးပေါ်မှာ ရေနွေးထည့်ပြီးပျစ်လာအောင်ကျိုပါ ( ပထမလေးရက်)
၃ ဖော်မြူလာနို့ကိုဖျော်ပြီးထည့်ပါ (ဒုတိယလေးရက်)

သစ်သီးထည့်မယ်ဆို

ပန်းသီး (ကြိုက်ရာသစ်သီးကလေးလအလိုက်ထည့်ပါ)ကို အခွံခွာ အတုံးတုံး oatmeal ထည့် ရေထည့် နူးအောင်ကျို ဖျော်စက်နဲ့ကြိတ် ပြန်ကျိုပြစ်လာအောင် (ကျွန်မကဖျော်စက်သုံးပြီးတိုင်းပြန်ကျိုပါတယ် ရောဂါပိုးတွေကပ်ပါလာမှာစိုးလို့ပါ)
ဖော်မြူလာနို့ထည့်လည်းရပါတယ်နော်
ကြက်ဥအနှစ် (ငါးမိနစ်လောက်ပြုတ်ပြီးသားကြက်ဥအနှစ်ကို စားခါနီးမှထည့်မွှေပါတယ်)
ချိစ်ကိုကျပူနေတုံးအချိန်ထည့်မွှေပါတယ်
ငှက်ပျောသီး အလည်အူတိုင်မပါ ခြစ်ပြီးထည့်မွှေပါတယ်

*ထည့်လို့ရမဲ့ဟာတွေကိုသာပြောပြထားတာပါ အကုန်ထည့်ရမယ်မဆိုလိုပါဘူး ဒါ့အပြင်ကြိုက်နှစ်သက်ရာ သစ်သီး လအလိုက်ထည့်ကျွေးလို့ရပါတယ် အခြေခံလုပ်နည်းလေးသိအောင်မျှဝေတဲ့သဘောပါ
ဖော်မြူလာနို့ကိုမသုံးလည်းရပါတယ်နော်

အဆင်ပြေကြပါစေ