၃-လ သားကလေးငယ် အိမ်မွေးခွေးကိုက်ခံရပြီး သေဆုံးမှု Los Angeles မှာဖြစ်ပွားခဲ့
|မိန်းကလေးငယ်တစ်ယောက် ခွေးကိုက်ခံရပြီးနောက်သေဆုံးမှု Sherman Oaks နေအိမ်မှာစနေနေ့ ကဖြစ်ပွား
ခဲ့ပါသည်။
ယင်းတိုက်ခိုက်မှုဟာ ဒေသစံတော်ချိန် ညနေ ၃း၂၅ အချိန်မှာ ဖြစ်ပွားခဲ့တယ်လို့  CBS Los Angeles reports
အရ ရဲကပြောသည်။
၃လသားကလေးငယ်အား ဒဏ်ရာပြင်းထန်တဲ့အနေအထားနဲ့ ဆေးရုံကိုယူဆောင်သွားခဲ့ပါသည်။ ကလေးငယ်
ကသူမရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ပဲ ဆေးရုံပေါ်မှာသေဆုံးသွားခဲ့ တယ်လို့ နောက်ပိုင်းမှာ အာဏာပိုင်များက
ကြေငြာခဲ့ပါသည်။
အဲဒီအိမ်မှာ ခွေးသုံးကောင်ရှိပြီး ဘယ်တစ်ကောင်က ကလေးကိုကိုက်လိုက်တယ်ဆိုတာကို မသိပါဘူး ဟု
LAPD ရဲအရာရှိStacy Ball ပြောကြားချက်အရသိရသည်။
နောက်ပိုင်းမှာတော့ ခွေးသုံးကောင်စလုံးကို တိရိစ္ဆာန်ထိန်းချုပ်ရေးအရာရှိများက ဖမ်းဆီးထိန်းသိမ်းရေးစခန်း
သို့ ခေါ်ဆောင်သွားခဲ့သည်။
ကလေးရဲ့ အဖွားက ကလေးထိန်းနေတဲ့အချိန်၊ ကလေးနို့ ဗူးယူဖို့ ထွက်သွားတဲ့အချိန်မှာ တိုက်ခိုက်မှုဖြစ်
ပွားခဲ့သည်ဟုThe Associated Press က တနင်္ဂနွေနေ့ ကဖော်ပြခဲ့သည်။
မိသားစုကတော့ အလွန်အမင်း စိတ်နော်ကျိလျှက်ရှိပြီး လာမယ့်တနင်္ဂနွေနေ့ မှာကလေးအမေတွေရဲ့ ပထမဆုံး
အမေများနေ့ ဖြစ်သည် ဟု AP သတင်းဌာနကရေးသားခဲ့သည်။