ဖြည့်စွက်စာ ကျွေးသော ကလေးများအတွက်

 

ဖြည့်စွက်စာ ကျွေးသော ကလေးများအတွက်
#complmentarydiet #babyfoodsကလေးတွေကို ဖြည့်စွက်စာ စကျွေးတဲ့ အချိန်မှာ ဘာကျွေးရမလဲ ဆိုတာရယ်၊ ဘယ်လို ပုံစံ ကျွေးရမလဲဆိုတာရယ်၊ ဘယ်နှစ်ကြိမ် ကျွေးရမလဲ ဆိုတာရယ် စဉ်းစားရပါတယ်

ဒီပို့စ်မှာတော့ ဖြည့်စွက်စာ အပျစ်အကျဲ ကို အသက်ဘယ်အရွယ်မှာ ဘယ်လို ပုံစံ ကျွေးရမလဲဆိုတာ မျှစေချင်ပါတယ်
အောက်က ပုံမှာ ပြထားတဲ့
နံပါတ် ၁ (stage 1)ကို အသက် ၆လမှ ၈လ အထိ ကျွေးရပါမယ်
အရည်ကျဲကျဲ အဖတ်လုံးဝ မပါတဲ့ အနှစ်ရည် (Puree)သဘောမျိုး ဖြစ်ပါတယ် ဆန်ပြုတ်ဖြစ်ဖြစ်၊ အသီးအနှံ ဖြစ်ဖြစ်၊ အရွက်ဖြစ်ဖြစ် လုပ်ကျွေးရင် ဒီပုံ နံပါတ် ၁ အတိုင်း ဖြစ်နေရပါမယ်။

နံပါတ် ၂ ပုံ (stage 2)ကတော့ အသက် ၈ လ မှ ၁၀ လ ၁၁ လ အထိ ကျွေးတဲ့ ပုံပါ။ ကျေညက်လွယ်တဲ့ အဖတ်လေးတွေ နည်းနည်း ပါနိုင်ပြီး ပိုပျစ်လို့ ရပါပြီ

နံပါတ် ၃ (stage 3)ကတော့ အသက် ၁၁ လ ကျော်ရင် ကျွေးတဲ့ ပုံစံ ဖြစ်သွားပါပြီ၊ ၁နှစ်ကျော်ရင် လူကြီးထမင်းကို ပြောင်းတော့မှာ ဖြစ်တဲ့ အတွက် တော်ရုံ အဖတ်လေးတွေကို စ၀ါး နိုင်ပါပြီ။ ပျစ်ပျစ်နှစ်နှစ် ဆန်ပြုတ်၊ အသီး တွေကိုလည်း ကောင်းကောင်း စားတတ်တဲ့ အရွယ်ရောက်ပါပြီ။

မေမေတို့ အနေနဲ့ ဒီလို Stages လေးတွေ ခွဲမှတ်ပြီး အချင်းချင်း မျှဝေ ရတာ ပိုလွယ်ကူစေပါတယ်။ ဥပမာ ၇လ ကလေးရဲ့ ဆန်ပြုတ်က ဘယ်လောက် ပျစ်ရမှာလဲလို့ မေးလာရင် ပုံပြပြီး Stage 1 လို့ လွယ်လွယ်ကူကူ ဖြေနိင်ပါတယ်။

ဆက်ရန်
Dr. Jasmine
Clinical Nutritionist

Photo from internet source.