Cheese & Sausage ​ပေါင်​မုန့်​ကြက်​ဥလိပ်​ကြော်

#MadeByMe
🍞Cheese & Sausage ပေါင်မုန့်ကြက်ဥလိပ်ကြော်

အမလေး… ရှည်လိုက်တဲ့နာမည်
ကွကိုပေးထားတာ …😀
Feedy page က Recipe လေးကြည့်ပြီးလုပ်တာ !!!
စိတ်ဝင်စားရင် တချက် ရှိုးလိုက်…👇👇👇

💲ပါဝင်ပစ္စည်းများ 💲
ပေါင်မုန့် အချပ်
ကြက်အူချောင်း
ချီးစ်အပြား
ထောပတ် or Mother Choice
နွားနို့
ကြက်ဥ
bread crumb (ပုဇွန်တန်ပူရာလုပ်ရင် သုံးတဲ့အပေါ်က အကြွပ်လေးတွေ )
🍗🍤🍣🍕🍝🍞🍔🍟🍮🍰🍯

1 – Sausage အချောင်းကို အလယ်ကနေခြမ်း
အတုံးလေးတွေတုံး
2- Morther Choice တဇွန်းထည့်ပြီး အနီသမ်းလာတဲ့
အထိ မီးဖိုပေါ်မှာလိမ့် (Sausage ကိုနော် )
3- ပေါင်မုန့်ကို မုန့်လိမ့်တုံးနဲ့ လှိမ့်…
မရှိရင် လက်နဲ့ ပြားကွာ …
အာ့မှ အလိတ်လုပ်ရင် အဆင်ပြေပြေလိတ်လို့ရမှာပေါ့
4-ကြက်ဥ ထဲကို နွားနို့ထည့်ပြီး ခလောက်ထားလိုက်
အချိုကြိုက်လျှင် သကြားအနည်းငယ်ထည့်မွှေပါ
5- Bread Crumb ကို ပန်းကန်ထဲထည့်ပါကွယ်
6-မေ့သွားလို့ …. cheese တချပ်ကို ၃ပိုင်း ပိုင်းလိုက်…
သူ့ရဲ့လုပ်နည်းမှာတော့ ပေါင်မုန့် တချပ်ကို Cheese တချပ်ထည့်တယ် ။ ဒါ budget ထိခိုက်တယ် လေ… 😜😝
ကျနော်ကတော့ အိမ်ကလူတွေ မအီအောင်၃ပိုင်းပိုင်းပြီး စေတနာနဲ့ လျော့သုံးတာပါ …😎

ကဲစပြီ 🐒
ပြားနေတဲ့ ပေါင်မုန့်ပေါ်ကို Cheese တပိုင်းတင်
Sausage အတုံးလေးတွေထည့် …ပြီးရင်လိတ်…
အိုးထဲကို Mother Choice တဇွန်း/ ဆီအနည်းငယ်ထည့်။ လိတ်ထားတဲ့ပေါင်မုန့်လိတ် ကို( ကြက်ဥ-နွားနို့) ခေါက်ထားတဲ့ ထဲကို တချက်စိမ် … ပြီးရင် bread crumb ပန်းကန်ထဲမှာ တချက်လှိမ့်လိုက်ရင် crumb လေးတွေကပ်ပါလာလိမ့်မယ် ။ 👌
ပြီးရင် မီးအေးအေးနဲ့ ကြော်ပါ။ မီးပြင်းရင် တူးတတ်သည်။
အာ့ဆိုပုံထဲကအတိုင်းရပါပြီ။ 👍
Cheese ကအရည်ပျော်ပြီး sausage နဲ့ကပ်သွားလို့ အရသာလေးကစိမ့်ပြီးစားကောင်းတယ်
ကျနော်ကတော့ အစိမ့်မကြိုက်လို့ Chito နဲ့စားတယ် ။ 💞

#ကောင်ဝ်စရ်