*ယီးလေလေ့ ယီးလေလေး*
|
*ယီးလေလေ့ ယီးလေလေး*
————————– ——-
သားသားမီးမီး အိပ်ရာဝင်
မေမေချော့ကာပင်
ပုံပြင်လေးတွေခင်းပြန်တော့
လွမ်းယောင်ပျော်ယောင်ပေါ့
သားချော့တေးလည်းပါသေးဆို
ကြောင်ကြီး မြီးတံတို
မေမေ့သံချိုနားထောင်ရင်း
မျက်တောင်လေးတွေစင်း
သီချင်းလေးလည်းမဆုံးခင်
ငြိမ့်ငြိမ့်ညောင်းလို့ ပင်
မေမေ့ရင်ခွင်လုံခြုံနွေး
အိပ်ပေါ့တမှေးမှေး
ယီးလေလေ့ ယီးလေလေး။ ။(သံလွင် တစ်ခက်)
————————–
သားသားမီးမီး အိပ်ရာဝင်
မေမေချော့ကာပင်
ပုံပြင်လေးတွေခင်းပြန်တော့
လွမ်းယောင်ပျော်ယောင်ပေါ့
သားချော့တေးလည်းပါသေးဆို
ကြောင်ကြီး မြီးတံတို
မေမေ့သံချိုနားထောင်ရင်း
မျက်တောင်လေးတွေစင်း
သီချင်းလေးလည်းမဆုံးခင်
ငြိမ့်ငြိမ့်ညောင်းလို့ ပင်
မေမေ့ရင်ခွင်လုံခြုံနွေး
အိပ်ပေါ့တမှေးမှေး
ယီးလေလေ့ ယီးလေလေး။ ။(သံလွင် တစ်ခက်)