Primary English { 1 } ကလေးများအတွက် ကဗျာ နှင့် သဒ္ဒါ စာစဉ်များ
|ကလေးတွေကို အင်္ဂလိပ်စာ သဒ္ဒါ သင်ပေးတဲ့အခါ သူတို့မှတ်ရလွယ်အောင် သဒ္ဒါ အတွေးတွေကို ကဗျာလေးတွေ နဲ့ချဉ်းကပ်ထားတာပါ ။ ကလေးများအတွက်သာ ရည်ရွယ်ပါတယ်၊ တင်ပြသူ ကိုယ်တိုင်ကလည်း ၀ါသနာနဲ့ ကိုယ်သိသလောက် နည်းနည်း လေးကို ဘဲ၊ ကလေး အဆင့် သဒ္ဒါ လေးတွေ တင်ပြပေးတာဖြစ်လို့ ပညာ ရှင် များ နှင့် ၊ အထက်တန်းအဆင့် များ အတွက် မရည်ရွယ်ပါကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။
{1 } Verbs:
Verbs are very important words. We use verbs to say what people and things do .Verbs express an action.
Kinds of Verbs : Transitive and Intransitive Verbs .
Transitive Verbs (V .t )
Verbs that have an object (some verbs don’t) are transitive verbs.
Verbs that take objects are called transitive verbs.
Eg/ read , drink , sell, sing ,eat, ——
Intransitive Verbs ( V.i )
Some verbs don’t have objects.
Verbs that don’t take objects are called intransitive verbs.
Eg , run , walk ,cry , sleep , sit , ——-
{ 1 } Verb အမျိုးအစား နှစ်မျိုး ကဗျာ
၁။ Verb ဆိုတာဟာ ကြိယာ၊ လူတို့လုပ်တဲ့အပြုအမူပါ၊
၂။ ဖြစ်တာ ရှိ တာ ခံစားပေး၊ ဖော်ပြထားတဲ့ စကားလေး၊
၃။ Verb လေးပါမှ အဓိပ္ပါယ်ရှိ ၀ါကျဖွဲ့လို့ ရပါ၏၊
၎။ Verb ၏အကြောင်းကို သိဖို့လို၊ အရေးကြီးတယ်ဗျို၊
၅။ Verb ကိုလေ အမျိုးအစား နှစ်မျိုးခွဲတယ်ဗျား၊
၆။ အမျိုးအစား နှစ်မျိုးမှာ ကံလို ကံမလို မှတ်လိုက်ပါ၊
၇။ Transitive မှာ ကံထည့်ပေး၊ Object လိုနေသေး၊
၈။ ကံလေး မလို မှတ်ထားဗျို Intransitive ဆို၊
၉။ English ကိုတော်ချင်သလား Verbအကြောင်းသိဖို့ လိုတယ် ဗျား၊
၁၀။ သိထားဖို့အရာ ကံလိုတာ Transitive လို့မှတ်လိုက်ပါ၊
၁၁။ ကံမလိုတာ V.i လေး ၊ Intransitive ခေါ်တယ်လေး၊
၁၂။ ဥပမာလေးလည်း မှတ်လိုက် ဗျို့ ၊ ရေသောက် လမ်းလျှောက်ဆိုပါစို့၊
၁၃။ ငါတို့သောက်တယ် Drink ရယ် ၊ Objလိုပြီကွယ်၊
၁၄။ ဘာကိုကွယ်သောက်တာလဲ၊ ဖော် ပြပေးဖို့လိုပြီဘဲ၊
၁၅။ Eat ဆိုတာလဲ စားတာပါ၊ ဘာကိုစားသလဲကွာ၊
၁၆။ လမ်းလျှောက်တာမှာ ကံမရှိ၊ V.i မှတ်လိုက်ဘိ၊
၁၇။ ပြေးတာ ၊အိပ် တာ ကံမရှိ၊ V .i မှတ်လိုက်ဘိ၊
၁၈။ ငိုတာ ၊ ထိုင်တာ ကံမရှိ ၊ V .i မှတ်လိုက်ဘိ၊
၁၉။ ထိထိမိမိ မှတ်ဖို့ကောင်း၊ Perfect ဖြစ်စေကြောင်း။
{ 2 } ကြိယာ ပုံစံလေးမျိုး ရှိပါသည်။၎င်းတို့မှာ
( 1 ) Present
(2 ) Past
( 3 ) Past Participle
( 4 ) Present Participle တို့ဖြစ်ပါသည်။
၁။ ကြိယာ ပုံစံလေးမျိုး ရှိသည့် အနက် Present Tense သည် V 1 ဖြစ်သည်။ အကူကြိယာ မလိုပါ။
( Statement ရိုးရိုးစာကြောင်းရေးရာတွင် ကိုဆိုလိုပါသည်။မေးခွန်း ၀ါကျနှင့် အငြင်းဝါကျပြုလုပ်မှသာ အကူကြိယာdo / does / သုံးရန်လိုအပ်ပါသည်။)
၂။ Past Tense သည် V2 ဖြစ်သည် ။ အကူကြိယာ မလိုပါ ၊ ( မေးခွန်း နှင့် အငြင်းဝါကျ ပြုလုပ်မှ သာလျှင် did ကိုသုံးရန် လိုပါသည် ။)
၃။ Past Participle သည် V3 ဖြစ်သည်။ အကူကြိယာ လိုအပ်ပါသည်။လိုအပ်သောအကူကြိယာများမှာ has / have / had တို့ဖြစ်ကြပါသည်။)
၎။ Present Participle သည် V4 ဖြစ်သည်။ အကူကြိယာ နှင့် တွဲရေးရန် လိုအပ်ပါသည်။ လိုအပ်သောအကူကြိယာများမှာ – is / am/ are / was / were တို့ဖြစ်ကြပါသည်။
{ 2 } ကြိယာ ပုံစံ လေးမျိုးကဗျာ
1. ကြိယာ ပုံစံလေးမျိုး ရယ် ၊ အဲဒါ မှတ်စမ်းကွယ်၊
2. Present ရယ်က V1 အဲဒါ မှတ်လိုက်စမ်း၊
3. အတိတ်လမ်းကူး ဖြစ်ပျက်ဖူး၊ Past Tense ကတော့ V 2
4. လုပ်ဖူး ကိုင်ဖူး ရောက်ဖူးတယ် V 3 ခေါ်ပါတယ်၊
5. Participle နှစ်မျိုး များ မှတ်လိုက်စမ်းပါလား၊
6. အကူသမား လိုအပ်တာ Participle ပါ၊
7. သေသေချာ ချာ ချင့်ချိန်ပေး၊ မှန်ကန်စေဖို့အရေး၊
8. Is / am / are လေးလိုက် ရတယ် Present Participle
9. Has ရယ် have ရယ် ထည့်ကာပေါင်း၊ Past Participle မှတ်စေကြောင်း။
{3 } Agreement of the Verb with its Subject: A verb must agree with its subject in number and person.
ကြိယာ သည် ၄င်း ကတ္တား၏ number နှင့် person တို့မှာ လိုက်ဖက်ညီ ဖို့ လိုအပ်ပါသည်။
ကတ္တား နှင့် ကြိယာ ညီညွတ်မှု Agreement
1. ကတ္တား နှင့် ကြိယာသည် ညီညွတ်စွာ ကိုက်ညီရမည်။
2. ဤစည်းမျဉ်းကို Agreement ဟုခေါ်ပါသည်။
3. Subject များလျှင် Verb လည်း များမည်၊ မူရင်းကြိယာ ပြန်ရေးပေးပါ။
4. Sub သည် တစ်ခုတည်း နည်းနေသည် ဆိုလျှင် ကြိယာတွင် ” s ” သို့မဟုတ် ” es ” ပေါင်းပေးရမည်။
5. “es ” ပေါင်းရ မှာလား ၊ ” s ” ပေါင်းရမှာလား ဆိုတာကိုတော့ ကြိယာ၏နောက်ဆုံး စာလုံးကိုကြည့်ရန်လိုပါသည်။
6. Verb တစ်ခုသည် ( s / h / o / x / y ) စာလုံး တစ်လုံးလုံး နှင့် ဆုံးနေလျှင် ကြိယာကို ” es ” ပေါင်းလိုက်ပါ။
7. ” y ” နှင့် ဆုံးနေလျှင်တော့ သတိထားပါ၊ ” y ” ဘေးကို ချောင်းပါ။ ( ချောင်းပါ ဆိုတာ ” y ” ဘေးမှာ ဘာစာလုံးပါသလဲဆိုတာကြည့် ခိုင်းခြင်းဖြစ်သည်)
8. ” y ” ဘေးမှာ ” a / e / i / o / u ” မတွေ့ရင်တော့ ” y ” ကိုဖြုတ်ပြီး ” ies ” ပေါင်းပါ။
9. ” y ” ဘေးမှာ ” a / e / i/ o / u ” ကိုတွေ့လျှင် ” y ” ကို မဖြုတ်ရ၊ ” s ” ပေါင်းပေးရတာ ကိုသိပါစေ၊
{ 3 } ကတ္တား နှင့် ကြိယာ ညီညွတ်မှု Agreement ကဗျာ
ကတ္တား ကြိယာ ညီညွတ်စွာ ကိုက်ညီရမှာပါ၊
ဒီစည်းမျဉ်းဟာ အရေးကြီး Agreement လို့မှတ်စေသတည်း၊
“S” အများကြီးကို တွေ့လိုက်ရင်၊ ” Verb ” လည်းများမှာပင်၊ (S= Subject =ကတ္တား)
မူလအသွင် ကိုပြန်ကာရေး၊ အဲဒါ မူရင်းပေး၊
” Sub” လေးက တစ်ခုတည်းဆို၊ ” s ” ပေါင်းလိုက်မယ် ဗျို၊
လိုလိုပိုပို သတိထား ၊ နောက်ဆုံး စာလုံး ကြည့်ပါလား၊
( s,h,o,x,y) ရှော်ဇီ များနဲ့ ဆုံးရင်တော့ ၊ ” es “ပေါင်းမှာပေါ့၊ ( s/h/o/x/y =ရှော်ဇီ )
8. ” Y “ဆုံးရင်တော့ သတိထား၊ ဘေး ကိုချောင်းပါလား။
s/ h / o / x / y ကို ရှော်ဇီဆိုပြီး မှတ်ရလွယ်အောင် အသံထွက်ပေးလိုက်တာပါ။ ကလေးများအနေနဲ့ ရှော်ဇီဆိုတာနဲ့ s / h /o /x/ y ကို သိပြီးသားဖြစ်သွားရပါမယ်။ ဒါမှ ကြိယာတစ်လုံးဟာ ရှော်ဇီ နဲ့ ဆုံးနေသလား ၊ ရှော်ဇီ စာလုံးထဲက မဟုတ်ဘဲ ကျန်တဲ့ Alphabet ထဲက တစ်လုံးလုံးနှင့်ဆုံးနေသလား သိထားလိုက်ရင် အောက်ပါ ကဗျာအတိုလေး ကို လွယ်လွယ် ရွတ်ဆိုပြီး မှန်ကန်တဲ့ အဖြေတွေကို ဖြေနိုင်မှာပါ။ ရှော်ဇီ ကဗျာ တိုလေးက တော့
s နဲ့ဆုံးရင် es ပေါင်း
h နဲ့ဆုံးရင် es ပေါင်း
o နဲ့ဆုံးရင် es ပေါင်း
x နဲ့ဆုံးရင် es ပေါင်း
y နဲ့ဆုံးရင် y ဘေးချောင်း
ဒီနေရာ မှာ ခြွင်းချက် တွေရှိပါတယ်။ h နဲ့ဆုံးတိုင်းလည်း es မပေါင်းရတာပါ။
Eg / laugh / weigh/ plough တွေဆိုရင် h နဲ့ ဆုံးထားပေမယ့် ခြွင်းချက်အရ s ဘဲပေါင်းပေးရပါမယ်။
ရှော်ဇီ စကားလုံး များဖြစ်တဲ့ s / h / o/ x / y မဟုတ်တဲ့ စာလုံးနဲ့ အဆုံးသတ်ထားရင်တော့ s ပေါင်းပေးရပါမယ်။
Eg/ dress = dresses
Press = presses
Pass = passes
Kiss = kisses
Teach = teaches
Watch = watches
Wash = washes
Catch = catches
• Laugh = laughs
• Weigh = weighs
• Plough = ploughs
Go = goes
Do = does
Redo= redoes
Mix = mixes
Fix = fixes
Relax= relaxes
Marry = marries
Carry = carries
Study= studies
Cry = cries
Try = tries
Dry = dries
• Buy = buys
• Enjoy = enjoys
• Stay = stays
• Pay = pays
• Say = says
ရှော်ဇီ မဟုတ်သော ကျန်သောစာလုံးများနှင့် အဆုံးသတ်နေလျှင်
Eg /Read = reads
Listen = listens
Cook = cooks
Sing = sings
Work = works
ဒါဆို ရှော်ဇီ ကဗျာ ရဲ့ ဆိုလိုချက်ကို သဘောပေါက်လောက်ပါပြီ။
Diamond
Primary English { 2 } ကလေးများအတွက် ကဗျာ နှင့် သဒ္ဒါ စာစဉ်များ
Simple Present Tense (V1)
* Signals
1. always = အစဉ်အမြဲ
2. usually = လုပ်ရိုးလုပ်စဉ်
3. generally = ယေဘုယျအားဖြင့်
4. often / frequently = မကြာခဏ
5. regularly = ပုံမှန်
6. steadily = မှန်မှန်
7. sometimes/occasionally= တခါတရံ ၊ တခါ တလေ၊
8. hardly/rarely/seldom = ကြာမှတစ်ခါ
9. daily = နေ့စဉ်
10. weekly = အပတ်စဉ်
11. monthly = လစဉ်
12. yearly = နှစ်စဉ်
13. never = ဘယ်တော့မှ
14. once a day = တစ်နေ့တစ်ခါ
15. once a week = တစ်ပတ် တစ်ခါ
16. twice a month = တစ်လ နှစ်ကြိမ်
17. many times a year = တစ်နှစ်မှာ အခါ များစွာ
18. every day = နေ့တိုင်း
19. every week = အပတ်စဉ်တိုင်း
20. every month = လစဉ်လတိုင်း
21. every year = နှစ်စဉ်နှစ်တိုင်း
နောက်မှတ်ရမှာက အထက်ဖော်ပြပါ အချက်ပြစကားလုံးများမပါသော်လည်း
( a ) Universal Truth စကြာဝဠာနှင့်ဆိုင်သော အမှန်တရား ( ကမ္ဘာ့နိယာမတရား)
(b) General Truth ယေဘုယျအမှန်တရား တွေကိုရေးရင်လည်း Present Tense ကိုသုံးပါတယ်။ဥပမာ – နေဟာ အရှေ့က ထွက်တယ်၊ နေ ဟာ အနောက်က၀င်တယ်။ ဒါတွေ ဟာအမှန်တရားတွေပါ။
1. The sun rises in the east . နေဟာအရှေ့ကထွက်တယ်၊
2. The sun sets in the west . နေ ဟာအနောက်ကထွက်တယ်၊
3. The earth moves round the sun . ကမ္ဘာကနေကိုလှည့်ပတ်တယ်၊
4. The moon moves round the earth . လက ကမ္ဘာကို လှည့်ပတ်တယ်၊
5. The Ayeyarwady is the longest river in Myanmar . မြန်မာပြည်မှာ ဧရာဝတီမြစ် ဟာ အရှည်ဆုံးပါ၊
6. Man is mortal . လူဆိုတာ သေမျိုးပါ။
7. The cows give us milk . နွားတွေက ကျွန်ပ်တို့ကို နို့ပေးတယ်။
8. Fire is hot . မီးဆိုတာပူပါတယ်၊
9. The earth rotates around the sun . ကမ္ဘာကြီးက နေကို လည်ပတ်နေတယ်၊
10. Birds build nest . ငှက်တွေက အသိုက်ဆောက်တယ်။
( b) Habitual Action = အလေ့အကျင့်တို့ကိုရေးလျှင်လည်း Present Tense ကိုသုံးပါသည်။
Eg/1. I get up early every morning . ငါ မနက်တိုင်း အိပ်ရာကစောစောထတယ်။
Eg/2. I brush my teeth and take a bath . ငါသွားတိုက်ပြီးတော့ ရေချိုးပါတယ်၊
Eg/ 3. I study my lessons from 7 o’clock to 10 o’clock at night. ငါ ည ၇ နာရီကနေ 10 နာရီအထိ စာကျက်ပါတယ်။
( c ) State of affair = လက်ရှိအခြေအနေတို့ကိုလည်း Present Tense ကိုသုံးပါသည်။
1. She is thirteen years old . သူမ ဟာ အသက် ၁၃ နှစ်ရှိပါပြီ၊
2. I am at school . ကျွန်ပ်ကကျောင်းမှာပါ၊ အခု ကျောင်းမှာရှိပါတယ်
3. Father is at work . အဖေကတော့ အလုပ်မှာပါ၊
4. My uncle works there . ဦးလေးက ဟိုမှာ အလုပ်လုပ်ပါတယ်။
The Simple Present is used to show a truth or a fact and the action is a habit .
Simple Present Tense ( V 1 ) ဖြေနည်း ပုံသေနည်းကဗျာ( 1 )
အမှန်တရားတွေ့ရင်သာ V1ထည့်လိုက်ပါ။
လုပ်လေ့လုပ်ထ ရှိတာတော့၊ အလေ့အကျင့်ဘဲပေါ့၊
Habitual လို့ခေါ်ပါတယ်၊ အဲဒါ မှတ်စမ်းကွယ်၊
အခုအချိန်မယ် ဘယ်မှာရှိ၊ လက်ရှိအခြေအနေ ခေါ်ပါ၏၊
မှတ်မိအောင်သာ သတိထား၊ State of affair.
အငြင်းလေးများလုပ်လိုသော် do / does သုံးလိုက်နော်၊
မေးခွန်းလေးများ လုပ်လိုသော် Do / Does သုံးလိုက်နော်၊
V1 ဖြေသော် သတိထား၊ Subjအနည်းအများ ကြည့်ပါလား။
Simple Present Tense ( V 1 ) ဖြေနည်း ပုံသေနည်းကဗျာ( 2 )
V 1 မှာလေ အနည်း အများကြည့် အဲဒါ သတိရှိ၊
အများရှိက ပြန်ရေးပါ ၊ မူရင်းရေးမယ်ကွာ၊
တစ်ယောက်ထဲသာ ဆိုရင်တော့၊ အနည်းကိန်းလေးပေါ့၊
ဘာ ဆုံးလဲ တော့ ကြည့်ရမယ်၊ သတိရှိပါကွယ်၊
ရှော်ဇီ နဲ့ ရယ် ဆုံးသလား၊ အဲဒါသတိထား၊
မှတ်သားထားတာ ဆိုကြည့်ပါ၊ s နဲ့ဆုံးရင် ဘာပေါင်းမှာ၊
s နဲ့ဆုံးရင် es ပေါင်း အဲဒါမှတ်စေကြောင်း
h နဲ့ဆုံးရင် es ပေါင်း အဲဒါမှတ်စေကြောင်း
o နဲ့ဆုံးရင် es ပေါင်း အဲဒါမှတ်စေကြောင်း
x နဲ့ဆုံးရင် es ပေါင်း အဲဒါမှတ်စေကြောင်း
y နဲ့ဆုံးရင် y ဘေးချောင်း အဲဒါမှတ်စေကြောင်း
y ဘေးချောင်းတော့ ဘာတွေ့တာ၊ a / e / i / o / u လေးပါ၊
a / e / i / တို့ ရှိရင်တော့ y မဖြုတ်ရဘူးပေါ့၊
မရှိရင်တော့ ဘာလုပ်မယ်၊ y ဖြုတ်ရပါမယ်၊
y ရဲ့အစား ies အဲဒါ သတိဆက်၊
ခြွင်းချက်ရှိတာပြောဦးမယ် h နဲ့ဆုံးရင်ကွယ်၊
es မသုံး s သာသုံး အဲဒါ Verb သုံးလုံး
ဘာတုန်းလဲကွဲ့ စဉ်းစားပါ၊ laugh / weigh / plough လေးပါ၊
ရှော်ဇီကိုသာသတိထား၊ es ပေါင်းစေဗျား၊
တခြား Verb တွေ ဘာပေါင်းမယ် s ပေါင်းရပါမယ်၊
နားလည်အောင်တော့ သတိထား V 1 ရေးနည်းများ
အမှန်တရားက V 1 ပါ ၊ သဲလွန်စကိုရှာ၊
every ပါတာ အသေချာဘဲ ၊ always ထည့်ပါအမြဲ ၊
usually လည်း ရှိသေးတာ၊ often ထည့်လိုက်ပါ၊
daily ဆိုတာနေ့စဉ်လား ၊ sometimes ထည့်ပါလား၊
ရှား ပါး လုပ်ခဲ ကြာမှတစ်ခါ ၊ hardly , rarely , seldom ပါ။
never ဆိုတာ ဘယ်တော့မှ ၊ မလုပ်ပါဘူးဗျ၊
ယေဘုယျက generally ၊ အပတ်စဉ် weeုkly ၊
monthly ဆိုတာ လစဉ်ပေါ့၊ yearly ကနှစ်တိုင်းပေါ့၊
ပုံမှန်လေးတော့regularly ၊ မှတ်လိုက်ကြပါမည်၊
steadily ကိုမှန်မှန်ထား ၊ once a – / twice a -မှတ်ပါလား၊
ကဗျာများက ကူညီမည်၊ မှတ်ဖို့လွယ်ပါသည်၊
ထပ်ထပ် လီလီ စာကိုကျက်၊ Practice makes perfect .
ဒီကဗျာလေးတွေကို ကလေးတွေရွတ်ဆိုတဲ့အခါ အသံသာအောင်တို့ကိုယ်တိုင် စပ်ဆိုပေးထား တာပါ၊
တို့ က ကဗျာကို ၀ါသနာပါပါတယ်၊ ဘုန်းဘုန်းအများစု ဟာလည်း တရားဟောကြားတဲ့အခါ တရားနာသူတွေ ရှင်းကနဲ ကွင်းကနဲ နားလည်ပါစေဆိုပြီး ၊ ကဗျာလေးတွေ လင်္ကာလေးတွေ သံပေါက်လေးတွေ နဲ့ အမျိုးမျိုးစပ်ဆိုပြီး ဒါလေး လိုက်ဆိုကြပါဆိုပြီး တရားပြသလိုပါဘဲ ၊
တို့က လည်း တို့ကလေးတွေကို အဲဒီလို English Grammar ကို သဘောပေါက်အောင် သဒ္ဒါကို ကဗျာနဲ့ ချဉ်းကပ်ထားပါတယ်၊ ၀ါသနာပါသူတွေလည်း ဖတ်ရအောင် တို့ရဲ့ကဗျာနဲ့ သဒ္ဒါ စာစဉ်လေးတွေကို ဆက်လက်တင်ပြပေးသွားပါမယ် ။ဒီစာစဉ်တွေကို တို့က Myanmar Network British Council Website မှာတင်ပေးထားပြီးသားပါ
မေတ္တာများစွာ ဖြင့်
Diamond Dak GC