Homemade ကြေးအိုး
|ပြုလုပ်ပုံ
ဆန်ကြာဇံ (ရေစိမ်ထား.. စားခါနီးမှပြုတ်ပါတယ်)
ဝက်နံရိုး (ညထဲက ကြက်သွန်ဖြူ ဂျင်း ဆား နဲ့ နယ်ပြီး ပေါင်းအိုးနဲ့ တစ်ညလုံးပေါင်းထားပါတယ်)
ကန်စွန်းရွက်
ငုံးဥ
စားခါနီးမှာ ဆန်ကြာဇံကိုသက်သက်ပြုတ် နူးရင်ဆယ်ပြီး ဝက်ပြုတ်ရည်နဲ့ထပ်တည်ပါတယ်.. အသားနွှင်ထည့်ပါတယ်.. ကန်စွန်းရွက် စင်းထည့်ပါတယ်.. အိုးချခါနီး ငုံးဥနဲ့ဆားနည်းနည်းထည့်ပါတယ်
သမီးလေးကတနှစ်ပြည့်တော့မှာပါ.. တနေ့တမျိုးမရိုးအောင်လုပ်ကျွေးဖြစ်ပါတယ် အတတ်နိုင်ဆုံးပေါ့လေ 😅
သမီးကထမင်းထက်စာရင် ခေါက်ဆွဲ ကြာဇံ ဖက်ထုတ် ပါစတာ ပိုကြိုက်ပါတယ် ထမင်းတပန်းကန်ပုံမှန်စားရင် ဒါလေးတွေလုပ်ကျွေးရင် နှစ်ပန်းကန်နီးပါးပိုစားပါတယ်…
ကိုယ့်သားသား မီးမီးလေးတွေနဲ့ အဆင်ပြေနိုင်တယ်ထင်ရင် လုပ်ကျွေးကြည့်နိုင်ပါတယ် မေမေတို့ရေ