အသီးကြိုက်တဲ့ မေမေတွေအတွက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီးစားဖို့ စဉ်းစားရခက်နေပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ချိန်က တခြားအချိန်တွေထက် အထိခိုက်မခံတာကြောင့် စားသင့်မစားသင့်ဆိုတာ ဒွိဟပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ အသီးတော်တော်များများကို စိတ်ချလက်ချစားလို့ရပါတယ်။ အမှည့်လွန်တဲ့အသီးနဲ့ မမှည့်သေးတဲ့ အသီးတွေတော့ ရှောင်ရှားပေးပါ။ ပိန္နဲသီးမှာ ပိုတက်ဆီယမ်နဲ့ ဗီတာမင် B6 တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ပိန္နဲသီးက အစာကြေလွယ်ပြီး antioxidants တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီတခါမှာတော့ မေမေလောင်းတွေအတွက် ပိန္နဲသီးရဲ့ အကျိုးကျေးဇူးတွေနဲ့ ဘေးထွက်ဆိုးကျိုးတွေကို Kalay ကနေ ဖော်ပြပေးလိုက်ပါတယ်။
အသီးကြိုက်တဲ့ မေမေတွေအတွက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီးစားဖို့ စဉ်းစားရခက်နေပါလိမ့်မယ် (Photo by Youtube)
မေမေလောင်းတို့ သိထားသင့်တဲ့ ပိန္နဲသီးရဲ့ အကျိုးကျေးဇူးနဲ့ ဘေးထွက်ဆိုးကျိုးများ
ပိန္နဲသီး ရဲ့ အကျိုးကျေးဇူးများ
- ဟော်မုန်းတွေကို ထိန်းညှိ ပေးပါတယ်။
- ကိုယ်ခံစွမ်းအားကောင်းစေပြီး ပြင်ပကရောဂါတွေ ဝင်ရောက်မလာအောင် တားဆီးပေးပါတယ်။
- ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ဖိစီးမှုဖြစ်ပွားတာကိုလည်း ကာကွယ်ပေးပါတယ်။
- ဗီတာမင်အေပါဝင်တာကြောင့် သန္ဓေသားရဲ့ အမြင်အာရုံဖွံ့ဖြိုးမှုကို အကူအညီပေးပါတယ်။
- ဆိုဒီယမ်နဲ့ ပြည့်ဝဆီပါဝင်နှုန်းနည်းပါတယ်။
- တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်တွေကို ဖြည်ဆည်းပေးပါတယ်။
- နာကျင်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
- ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာကို ကာကွယ်ပေးပါတယ်။
ဗီတာမင်အေပါဝင်တာကြောင့် သန္ဓေသားရဲ့ အမြင်အာရုံဖွံ့ဖြိုးမှုကို အကူအညီပေးပါတယ် (Photo by shutterstock)
ပိန္နဲသီး ရဲ့ ဘေးထွက်ဆိုးကျိုးများ
- ဓာတ်မတည့်တဲ့ ဝေဒနာကို ခံစားရတယ်ဆိုရင်တော့ ပိန္နဲသီးကို ရှောင်ရှားပေးတာ အကောင်းဆုံးပါ။
- ပိန္နဲသီးကို အလွန်အကျွံမစားဖို့လိုပါတယ်။ ပိန္နဲသီးကို အလွန်အကျွံစားလိုက်တဲ့အခါမှာ အမျှင်ဓာတ်မြင့်မားလာပြီး အစာအိမ်ကို ကမောက်ကမ ဖြစ်သွားစေပါတယ်။
- သွေးနဲ့ပတ်သက်တဲ့ ပြဿနာတွေရှိနေတယ်ဆိုရင်လည်း ပိန္နဲသီးကို ရှောင်ရှားပေးပါ။
- ပိန္နဲသီးက ဂလူးကိုစ့် တွေကို တိုးလာစေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါရှိတယ်ဆိုရင်တော့ မစားတာ အကောင်းဆုံးပါ။
ပိန္နဲသီးမှာ ကိုယ်ဝန်ဆောင်မေမေတွေအတွက် လိုအပ်တဲ့ ဗီတာမင်အေ၊ ဘီ၊ စီ၊ ဒီ၊ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိုက်၊ ကယ်လိုရီ၊ Beta-carotene၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်နဲ့ ဇင့်ဓာတ်တို့ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီးစားဖို့ ဆုံဖြတ်ရခက်နေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
From Kalay with