#အကြီး အငယ် ပြဿနာ
|#အကြီး အငယ် ပြဿနာ
အဲဒီ့ပြဿနာက ကျွန်မ ဒုတိယ ကလေးမရခင်ကတည်းက တခြားသော မေမေတွေဆီကလဲ ကြားဖူးသလို ကိုယ်တိုင်လဲ မောင်နှမထဲမှာ အကြီးဆုံးမို့ ကျွန်မ အတွက်တော့ စိတ်ဝင်စားစရာ ပြဿနာ ဖြစ်လာခဲ့ပါတယ်။
အကြီးတစ်ယောက်အနေနဲ့ ငါ့တုန်းက ဘယ်လိုခံစားရတာ လို့ တွေးသလို ကလေးနှစ်ယောက်မေမေ တွေက ပြောလာရင်လဲ အကြီးက ဘယ်လို အငယ်က ဘယ်လိုဆိုပြီး ကြားရပြန်တယ်။
မျက်စိရှေ့မှာလဲ သာဓက များစွာမြင်ဖူးတော့
ကျွန်မမှာ ဒုတိယကလေးလေး ရှိမှန်းလဲ သိရော သိပ်စိတ်ပူခဲ့တယ်။
ကြိုလဲ လေ့လာပြင်ဆင်ခဲ့ရသလို စီနီယာအစ်မတွေကလဲ ဝိုင်းဝန်းအကြံပေးတာက အချိန်မီမို့( ခုချိန်အထိ ) အဆင်ပြေတယ်ပဲ ပြောရမှာပဲ။
သားကြီး အတွက် သားငယ်လေးဟာ အဖော်ကောင်း အနေနဲ့ ဖြစ်စေချင်ခဲ့တာမို့ သူတို့လေးတွေရဲ့ သံယောဇဉ်ကိုအတိမ်းအစောင်း သေးသေးလေးတောင် မလိုချင်ခဲ့ဘူး။
ခုပြောပြမှာတွေက ကျွန်မလုပ်ခဲ့တဲ့နည်းတွေပါ။
အသုံးဝင်မယ်ထင်ရင် ယူသုံးလို့ရပါတယ်။
(ကျွန်မကို အလကားပါလို့ ထင်နေရင်တော့ ဆက်ဖတ်စရာမလိုပါရှင်)
သားငယ် ကိုယ်ဝန်ရှိတော့ သားကြီးက Tantrumsတွေ အစပျိုးတဲ့အချိန်၊ သူ့ကိုမချီမပိုးနိုင်တာ ဒီဗိုက်ကြောင့်လို့ သူသိပေမယ့် ဒါဟာ ဗိုက်ထဲက ညီလေးကြောင့်မဟုတ်ကြောင်း ကွဲပြားစေခဲ့တယ်။
ညီလေးကို ကန်မိမယ် ဆိုတဲ့ စကားထက် မေမေ့ဗိုက်ကိုကန်ရင် မေမေနာတယ်၊မခံနိုင်ဘူး လို့ ပြောခဲ့တယ်။
ခုချိန်အထိ ကလေးအိပ်နေချိန်မှာ အာခေါင်ခြစ်အော်ပြီး တမင်နှိုးတိုင်း
“သား လည်ချောင်းတွေနာမယ် သား”လို့ ပဲပြောခဲ့တယ်။
“ဟဲ့ ညီလေး နိုးမယ် “ဆိုတဲ့ စကားကိုအထူးသတိထား ရှောင်ပြောတယ်။ တစ်ခါတစ်လေတော့ မေ့ပြီးပြောတတ်တာပေါ့လေ။
အငယ်လေးကို မြှူရင်
“ကိုကိုကြီးက လိမ်မာတယ်၊သားငယ်လေးကို ချစ်လို့တဲ့။သားလေးကရော ကိုကို့ကိုချစ်လား”
“ကိုကိုက အကုန်သိတယ်။သားငယ်ကြီးရင်တေ
အဲဒီလို သားကြီးကိုအမြဲစကားထဲထည့်ြေ
အိမ်ကို ဧည့်သည်လာလို့ ခန့်ခန့်ကိုမချစ်တော့ဘူး ညီလေးကိုပဲချစ်တော့မယ် ပြောရင် ကိုယ်က မျက်လုံးနဲ့ခပ်တင်းတင်း ကြည့်ပစ်တာပဲ။
ဒါဟာ အကြီးဆုံးသွေးခွဲစကားပဲလေ။
“သားရေ ညီလေးကိုကြည့်စမ်း ကြည့်စမ်း သူလုပ်နေပုံလေးက ချစ်စရာလေးဟယ် နော်သားရယ် “လို့ပြောပြီး အငယ်လေးရဲ့အပြုအမူလေးတွေကို
နောက်တစ်ခုကတော့ အငယ်ရပေမယ့်လဲ အမေနို့ကို သူဆက်စို့ခဲ့ရတာပဲ။ သူကျေနပ်ပြီးသူကိုယ်တိုင်လိ
သူ့ပါးစပ်ကနေ “ညီလေး ချိုချိုစို့ထားကွ ကိုကိုက မစို့တော့ဘူး”လို့ ကျေနပ်စွာပြောသည်အထိပေါ့။
နောက်ပြီး စည်းကမ်းတစ်ခုထားပါတယ်။
အဲဒါကတော့ မိသားစု လေးယောက်ဖြစ်လာပြီမို့
အိမ်ခန်းကျဉ်းလေးထဲမှာ တစ်ယောက်ယောက်ကို အနှောင့်အယှက် ဖြစ်စေရင် လူခွဲကြဖို့ပါ။
သားကြီး ဂျီကျရင် သားအခန်းပြင်မှာငိုမလား၊ ဒါဆို ညီလေးကိုအခန်းထဲထည့်သိပ်ပေး
သားအခန်းထဲငိုမယ်ဆိုရင် မေမေ ညီလေးကိုအပြင်ထုတ်သွားပေးမယ
အထူးသဖြင့် သူဒေါသဖြစ်လို့ကန်ရင်ကျောက်
အပြန်အလှန်အားဖြင့် သားကြီးအိပ်နေတုန်း အငယ်လေးငိုရင်လဲ ကိုကိုအိပ်နေလို့ ငယ်လေးက မငိုနဲ့နော် လို့ ပြောပြောပေးပါတယ်။
ကျွန်မစကားကို နိုးနေတဲ့ ၃လသားက နားမလည်ပေမယ့် အိပ်နေတဲ့ ၃နှစ်သားက ကြားမှာပါ။
ကြားတိုင်း သူကြည်နူးတာပေါ့လေ။
သားငယ်လေးက အရမ်းငိုလာရင် သားကြီးအိပ်ရေးမပျက်အောင် ခဏအခန်းပြင်ထွက်နေလိုက်ပါတယ
သားကြီး နိုးလာရင်လဲ ခုနက ညီလေးငိုနေလို့ သားအိပ်မရမှာစိုးလို့ မေမေက အပြင်ထွက်နေတာလို့ ပြောပြလိုက်တယ်။
ပိုပြီးအားစိုက်ထုတ်ခဲ့ရတာက
သူနဲ့အတူကစားပေးခဲ့ရတာပါပဲ။
ကလေးအငယ်ကိုချီရင်း သားကြီးနဲ့ လျှောစီးတမ်း၊ မီးရထားကြီးတမ်း၊ ဈေးရောင်းတမ်း ကစားရသလို
အငယ်လေးကိုပွေ့လျက် DIY အရုပ်တွေလုပ်ပေးခဲ့တာ သားကြီးအတွက် အမှတ်တရတွေပါ။
ခုဆို သားကြီးက ညီလေးကို အရမ်းချစ်တဲ့အပြင်
အမေနဲ့ ပြဿနာဖြစ်ရင်တောင် ဒါဟာညီလေးရဲ့ပယောဂမပါဘူး လို့သူယုံပါတယ်။အခုအထိတော့အ