သားသားမီးမီးလေးတွေနဲ့ အထိအတွေ့ များများရအောင် ယူပါ(Photo: Fatherly)
ဖေဖေတို့ရေ တခါတလေတော့လည်း ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို မေမတို့လို နို့တိုက်ကြည့်ချင်ကြတယ်မလား။ ရင်ဝယ်ဖြစ်တည်တဲ့ နို့ မတိုက်ရပေမယ့် နို့ဗူးတော့ တိုက်ကျွေးလို့ ရပါတယ်နော်။ ဒါက မေမေ့ကို ကူညီရာရောက်သလို သားသားမီးမီးလေးတွေအတွက်လည်း နို့ ဝလင်တဲ့အပြင် ဖေဖေနဲ့ အထိအတွေ့ ပိုစေပါတယ်။ ဒါပေမယ့် နို့ဗူးတိုက်တာက လက်ပြောင်းရင်လည်း တချို့ သားသားမီးမီးလေးတွေက မစို့ကြပြန်ပါဘူး။ ဒါကြောင့် ဖေဖေနို့တိုက်ရင်လည်း အဆင်ပြေစေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ဖော်ပြလိုက်ပါတယ်နော်။
သားသားမီးမီးလေးတွေနဲ့ အထိအတွေ့ များများရအောင် ယူပါ
ဒါမှ သားသားမီးမီးလေးတွေက ဖေဖေနို့ဗူးတိုက်ရင်စို့မှာနော်။ နို့စမတိုက်ခင်မှာ ဖေဖေတို့ သားသားမီးမီးလေးတွေကို များများ ချီပါ။ ဖေဖေနဲ့ လက်ယဉ်အောင် လုပ်ထားပါ။ မေမေတို့ နို့တိုက်တဲ့အခါ ကြည့်နေပါ။ ဒါက နို့တိုက်တာနဲ့၊ သူ နို့စို့တာနဲ့တွဲပြီး ဖေဖေ့ကို မှတ်မိစေနေမှာပါ။
တစ်ခု သတိပြုရမှာကတော့
သားသားမီးမီးလေးတွေ တစ်လကျော်မှသာ ဖေဖေတို့ နို့ဗူးလေးတွေနဲ့ နို့တိုက်တာ အကောင်းဆုံးဆိုတာကိုပါ။ ဘာလို့လဲဆိုတော့ မေမေတို့ရဲ့ နို့ချိုကို စို့တာက ပိုကောင်းစေပြီး ကလေးကို မေမေနဲ့ အသားကျစေတာက ပိုကောင်းစေတာကြောင့်ပါနော်။
စိတ်ရှည်ပါ(Photo: Fatherly)
ဖေဖေတို့ရေ သားသားမီးမီးလေးတွေကို နို့တိုက်တော့မယ်ဆိုရင်တော့ စိတ်ရှည်ပါ။ နို့တိုက်နည်းနဲ့ နို့မှုန့်ဖျော်နည်းတွေပါ တွဲပြီး သင်ယူထားပါ။ သားသားမီးမီးလေးတွေကို အတင်းအကျပ်ကြီး မတိုက်ပါနဲ့။ အလိုက်အထိုက်လေး တိုက်ပါနော်။
သားသားမီးမီးလေးတွေကို နို့တိုက်နေစဉ်မှာ
မျက်လုံးချင်းဆုံအောင် ထားပါနော်။ တီတီတာတာလေးတွေ ပြောဆိုပေးဖို့ မမေ့ပါနဲ့နော်။ ဒါက ဖေဖေတို့ တိုက်သမျှကို စို့မှာပါ။ ဖေဖေတို့ရေ သားသားမီးမီးလေးတွေကို နို့ဗူးတိုက်တော့မယ်ဆိုရင် လက်တွေ သန့်ရှင်းစေဖို့ သတိပြုပေးပါဦးနော်။
From Kalay with