“Korean Potato Pancakes

ချစ်မေမေတို့ ရေ အိမ်ကသမီးလေးအကြိုက် ကျန်းမာရေးလည်း အရမ်းညီညွှတ်တဲ့ “Korean Potato Pancakes “လေးပါနော် ။လုပ်ရတာလည်း အရမ်းလွယ်ကူပါတယ် ။ မူရင်း Korean Food post မှာတော့ ငရုတ်သီးအပွ သုံးထားပါတယ် ဒီမေမေကတော့ ငရုတ်သီးအပွအစား မုန်လာဥနီလေးထည့်ပါတယ် ။
ပါဝင်ပစ္စည်းများကတော့ _အာလူးအစိမ်း + ကြက်သွန်ြမိတ် + မုန်လာဥနီ သုံးမျိုးတည်းပါ။
*ပထမဦးဆုံး အာလူးအလုံးကြီးအစိမ်း နှစ်လုံး သို့ သုံးလုံးကို အခွံသင် ရေစင်အောင်ဆေး အတုံးလေးတွေတုံးထားပါ။
-ကြက်သွန်မြိတ်ကို အရွက်လေးတွေဖြတ် ဆားရေလေးနဲ့ခဏစိမ် ရေပြောင်အောင်ဆေးထားပါ။
-မုန်လာဥနီကို အခွံသင် အတုံးအရှည်လေးတွေတုံး ရေလေးနည်းနည်းနဲ့ပေါင်း သို့ ရေခမ်းပြုတ်ထားပါ။
*တုံးထားတဲ့အာလူးလေးတွေရယ် လှီးထားတဲ့ ကြက်သွန်မြိတ်လေးတွေကိုBlender
ထဲထည့်ကြိတ်ပါ။ (ဆားလေးနည်းနည်း ရေလေးနည်းနည်းထည့်)
* ဇကာလေးနဲ့အရည်ကို သေချာစစ် အနှစ်အဖတ်ကိုဇွန်းလေးနဲ့ဆယ် မကပ်တဲ့အိုးထဲဆီပါးပါးလေးနဲ့ထည့်ကြော်ရုံလေးပါ တစ်ဖက်ကျက်ရင် မုန်လာဥနီလေးကိုတင် ကျန်တစ်ဖက်ကိုအကျက်စောင့်ပါ။ (ခုနကဇကာနဲ့စစ်ထားတဲ့အရည်ကို သွန်မပစ်ရပါဘူး မီးဖိုပေါ်တင် အပူပေး ဟင်းချိုရည်လေး သို့ ကြိုက်နှစ်သက်ရာ
ပြုတ်ပြီးသားအသားထည့်ပြီး ဟင်းရည်လုပ်လို့ ရပါတယ်နော် ) ဒီမေမေကတော့ ဒီအတိုင်းဟင်းချိုချက် ပိုတဲ့မုန်လာဥနီလေးတွေကို အတုံးလေးတွေတုံးထည့်လိုက်တယ် ။ စေတနာမေတ္တာများစွာဖြင့်