ဝါကျွတ်ချိန်

ဝါကျွတ်ချိန်

မီးပုံးကလေးတွေ အစိမ်း အနီ
အိမ်တိုင်းထွန်းကြပြီ၊
ကြည်ကြည်လင်လင်သာယာစွ
သီတင်းကျွတ်တဲ့လ။

မီးပုံးကလေးတွေ အပြာ အဝါ
သီတင်းကျွတ်တဲ့ခါ၊
ဆရာမိဘဘိုးဘွားစ
သက်ကြီးပူဇော်ကြ။

မီးပုံးကလေးတွေ ရောင်စုံမြိုင်
ထွန်းပေါ့ဖယောင်းတိုင်၊
ကြာပန်းခိုင်ကိုကပ်လှူကြ
မြတ်စွာဗုဒ္ဓ မြတ်ဗုဒ္ဓ။

(#တင်မိုး)