သင်္ဘောသီးကျောက်ကျော
|အလှူ ၊ မင်္ဂလာဆောင်တွေမှာ အချိုပွဲ အနေနဲ့ အဆင်အပြေဆုံးက ကျောက်ကျောပါ။ အိမ်မှာလည်း ကျောက်ကျောကျိုပြီး အပျော်စားလို့ရပါတယ်။
အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ သဘောင်္သီးကို ဒီရာသီမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ ဒါဆို ပြုလုပ်ရလွယ်တဲ့ သဘောင်္သီးကျောက်ကျောလေး လုပ်စားဖို့ အသင့်ပဲလား
ပါဝင်ပစ္စည်းတွေကတော့ –
အာဂါး တံဆိပ် ကျောက်ကျော ၁ ထုတ်၊ သကြား ၂၅ကျပ်သား၊ သဘောင်္သီး ၁လုံး၊ အုန်းနို့ ၊ နွားနို့ ၊ ရေ ဆတူ ၁ လီတာခွဲ
ပြုလုပ်နည်းလေးကိုကြည့်ရအောင်…
၁။ ကျောက်ကျောမှုန့်နဲ့ သကြားကို ဆတူမွှေထားပါ
၂။ သဘောင်္သီးမှည့်ကို အစေ့ထုတ်ပြီး အတွင်းသားလေးနည်းနည်းခြစ်ထုတ်ထားပါ။
၃။ ရေ ၊ အုန်းနို့ နဲ့ နွားနို့ဆတူကို ဆူအောင်တည်ပြီး ဆူလာတာနဲ့ ခုနက သကြားနဲ့ ကျောက်ကျောမူန့်ရောထားတာ ထည့်ပါ။ ၈မိနစ်လောက် ဆက်တိုက်မွှေပေးပြီး သဘောင်္သီးခြမ်းထဲကို ထည့်ပေးပါ။
သဘောင်္သီးခြမ်းကို၅မိနစ်လောက် အပြင်မှာထားပြီး ရေခဲသေတ္တာထဲ ထည့်လိုက်ရင် ပိုကောင်းပါတယ်။
ဒါဆိုရင် သဘောင်္သီးအခြမ်းလိုက်ပုံလေးနဲ့ ကျောက်ကျောရပါပြီ။
ပိုနေတဲ့ ကျောက်ကျောကိုတော့ ဗန်းတခုထဲမှာထည့်ထားပြီး ကျောက်ကျောရိုးရိုး လုပ်စားနိုင်ပါတယ်။
Ref: papaya agar jelly
May Moe (ရိုးရာလေး)