
လက်ခုပ်တီးတတ်ခြင်းနဲ့ တာ့တာ ပြတာတွေ လုပ်နိုင်လောက်ပါပြီ(Photo: thetot.com)
မေမေတို့ရဲ့ သားသားမီးမီးလေးတွေ တစ်နှစ်ပြည့်ခါနီးပြီလား။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ အမြဲတမ်း ပုံမှန်လေး ရှိနေရမယ့် အရာပါ။ ဘယ်လိုအကြောင်းနဲ့မှ ရပ်တန့်သွားလို့ မရပါဘူး။ နှေးကွေးသွားရင်၊ ရပ်တန့်သွားရင် သားသားမီးမီးလေးမှာ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် (၉) လအရွယ်တည်းကနေ သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးမှုတွေ မှန်မမှန် စောင့်ကြည့်စစ်ဆေးဖို့ လိုပါတယ်။
သားသားမီးမီးလေး အသက်(၉) လ လောက် ရပြီဆိုရင်တော့
လက်ခုပ်တီးတတ်ခြင်းနဲ့ တာ့တာ ပြတာတွေ လုပ်နိုင်လောက်ပါပြီ။ ခုံလေးတွေနဲ့ တန်းလေးတွေကို အားပြုပြီး လမ်းလျှောက်ဖို့ စပြင်နေပါပြီ။ ရပ်နိုင်ပေ လုပ်နိုင်တယ်ဆိုရင်တော့ ဒါဟာ တော်တော်လေး ဖွံ့ဖြိုးမှု ကောင်းတဲ့သဘောပါ။ ဒီလို အချက်လေးတွေ ရှိနေရင် ဖွံ့ဖြိုးမှု မနောက်ကျဘူးနော်။
ဖွံ့ဖြိုးမှုတိုးတက်အောင် သတိထား ပြုလုပ်ပေးရမယ့် အချက် ရှိပါတယ်
အဲဒါကတော့ လမ်းစလျှောက်တတ်ပြီဆိုတာနဲ့ ဖိနပ်စီးပေးချင်တဲ့ ဆန္ဒလေး သိမ်းထားရမှာပါ။ သားသားမီးမီးလေး စတင် မတ်တပ်ရပ်တဲ့ ကိုးလအရွယ်မှာ ဖိနပ်တွေ မလိုသေးပါဘူး။ အပြင်ဘက်မှာ လမ်းစတင်လျှောက်နိုင်ပြီဆိုမှ ဖိနပ်ပေးစီးပါ။ ခြေဗလာနဲ့ အရင်ဆုံး လျှောက်တာက သူတို့လေးတွေရဲ့ ကြွက်သားကို သန်မာစေတာဖြစ်ပြီး ဖွံ့ဖြိုးမှု ပိုမြန်စေပါတယ်။

ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာမျိုး လုပ်ပါ(Photo: thetot.com)
သားသားမီးမီးလေးအတွက် ကူညီပေးလို့တာတော့ ရှိပါတယ်
အဲဒါကတော့ သားသားမီးမီးလေး လမ်းလျှောက်ဖို့အားထုတ်တာကို သူ့ရှေ့ကနေ သူ့လက်လေးကိုကိုင်ရင်း မေမေ့ဆီ လျှောက်လာပါဆိုပြီး ပြောပေးနိုင်ပါတယ်။ ဒါက ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ တိုးတက်စေနိုင်ပါတယ်။ မေမေတို့အနေနဲ့ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေ အသက်ကိုးလလောက်မှာ ဖွံ့ဖြိုးမှု ရှိမရှိ စစ်ဆေးကြည့်သင့်ပါတယ်။ အကယ်လို့ အရမ်းပိန်လွန်းတယ်ထင်ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာမျိုး လုပ်ပါ။ နောက်တစ်ခုကတော့ အစားအစာကျွေးတဲ့အခါမှာ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေဖြစ်ဖို့ လိုပါတယ်။ ဒါဆိုရင်တော့ ကလေးမဖွံ့ဖြိုးမှာ