တစ်ချိန်က ဂိမ်းသရဲလေးဖြစ်သူ ယခုအချိန်တွင် ပေါင် ၅၅ သန်းချမ်းသာကြွယ်ဝသော နာမည် ကျော် Fortnite ဂိမ်းသူဌေးကြီး Tim Sweeney
Fortnite ဂိမ်းများသည် ယခုအချိန်တွင် ကစားသူ ၄၅ သန်းကျော် ရှိပြီဖြစ်သည်။ အက်ရှင်စွန့်စားမှု
ဂိမ်း ဖန်တီးသူများနှင့် အတူ ၎င်းတို့၏ စွဲလမ်းဖွယ်ရာ အပစ်အခတ် သမားများကြောင့် တစ်လလျှင် ဝင်ငွေ
ပေါင်သန်း ၉၀ ရရှိနေပြီဖြစ်သည်။
Fortnite သည် ကာတွန်းဂိမ်း တစ်ခုပြီး အုပ်စုဖွဲ့၍ ပူးပေါင်းတွဲဖက် ကစားနိုင်သော ဂိမ်းအမျိုးအစား
ဖြစ်သည်။ လူအများ တစ်ပြိုင်နက်တည်း ယှဉ်ပြိုင် ကစားနိုင်သည့် နာမည်ကြီး လူကြိုက်များသည့် ဂိမ်းဖြစ်
၍ မိမိနှင့် အခြား ကစားသမား ၉၉ ဦးတို့ တဖြည်းဖြည်း လျော့လျော့လာသော သတ်ကွင်းတွင် အသေအ
ကြေ တိုက်ခိုက် သတ်ဖြတ်နိုင်သည်။
အဆိုပါဂိမ်းသည် ဆယ်စုနှစ် တစ်ဝက်ကျော်ခန့် သက်တမ်းရှိနေပြီဖြစ်ပြီး ရာပေါင်းများစွာသော အ
ဖွဲ့များ Fortnite ထဲတွင် ဖွဲ့စည်းထားရှိကြသည်။ ၂၀၁၁ ခုနှစ်တွင် အဆိုပါဂိမ်းကို စတင်မိတ်ဆက်ခဲ့
သည်။ ၆ နှစ်ကြာပြီးနောက် ၎င်း၏နောက်ဆက်တွဲကို ၂၀၁၇ တွင်ထုတ်ခဲ့သည်။
အကယ်၍များ ထိပ်တန်းရောက်အောင် နည်းလမ်းအားလုံးနဲ့ အမိန့်ပေးစီစဉ်ပြီး စွန့်စားတိုက်ခိုက်ရ
တဲ့ Fortnite ဂိမ်းကို ကစားနေပြီ ဆိုရင်တော့ ဂိမ်းထဲမှာ အပြောင်မြောက်ဆုံး စိတ်ကူးနဲ့ပုံဖော်ထားတာ
တွေကို တွေ့ရမှာပါ။ ဒါကိုအဓိကမောင်းနှင်နေသူ တွေကတော့ သမားရိုးကျအတွေးအခေါ်တွေကနေ ခွဲ
ထွက်တွေးခေါ်ကြံဆနိုင်တဲ့ CEO Tim Sweeney (၄၇ နှစ်) နဲ့ သူ့ကိုနောက်ကနေထောက်ပံ့ပေးနေတဲ့
တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ဘီလျှံနာသူဌေးကြီး Pony လို့လူသိများတဲ့ Ma Huateng (၄၆ နှစ်)တို့ပဲ
ဖြစ်ပါတယ်။
တကယ်တော့ သူတို့အကြောင်းကို သိပ်ကြားဖူးမှာတောင်မဟုတ်ပါဘူး။ ဒါပေမဲ့ Sweeney နဲ့ Pony
မပါဘဲနဲ့တော့ Fortnite ရဲ့မယုံကြည်နိုင်စရာ ဇာတ်လမ်းတစ်ခုဟာ ဘယ်တုန်းကမှ ဖြစ်ပေါ်လာခဲ့မှာမ
ဟုတ်ပါဘူး။
nintchdbpict000404690990
Sweeney သည် ဂိမ်းသရဲလေးအဖြစ် မွေးဖွားလာခြင်းဖြစ်သည်။ သူအသက် ၁၁ နှစ်သားအရွယ်က
တည်းက ဂိမ်းပရိုဂရမ်များကို ရေးသား လာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်
လာသည့် ကွန်ပျူတာထုတ်ကုန်တစ်ခုကို ပိုင်ဆိုင်လာခဲ့သည်။
သို့သော်လည်း Epic Game များကို ၁၉၉၁ ခုနှစ်မတိုင်မီအထိ ထုတ်လုပ်နိုင်ခဲ့ခြင်းမရှိပေ။ Tim Swe
-eney ၂၁ နှစ်အရွယ် Maryland တက္ကသိုလ်တွင် စက်မှုအင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်နေချိန်
တွင် ကုမ္ပဏီ၏ ပထမဆုံးဂိမ်း ZZT ကို ထုတ်နိုင်ခဲ့သည်။
စတင်ခဲ့တဲ့ Epic ဂိမ်းတွေရဲ့ကြားမှာ မိမိရဲ့ကွန်ပျူတာ notepad နဲ့ နီးစပ်အဆင်ပြေတဲ့ ဂိမ်းတစ်ခုကို
တွေ့ကြရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Fortnite ဆိုအမည်ဟာ ကျော်ကြားလာခဲ့ပါတယ်။
တကယ်တော့ ဒါဟာ Sweeney အနေနဲ့ noteped tool တစ်ခုကို ပြုလုပ်ဖို့ စတင်ကြိုးစားရင်းက
ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ရဲ့ software က အက်ရှင် စွန့်စားမှု ပဟေဠိဂိမ်း
ဘက်ကို ရောက်သွား ပါတော့တယ်။ Sweeney က ၉ လလောက် စမ်းသပ်ပြင်ဆင်ခဲ့ပြီး ဒီဂိမ်းကိုထုတ်
ခဲ့ပါတယ်။
ထောင်ချီသော ပရိသတ်အချို့၏ လက်ခံအားပေးမှုနှင့်အတူ ZZT ဂိမ်းနှင့် Sweeney သည် သူနှင့်
သူ့ကုမ္ပဏီ၏ ဂုဏ်သိက္ခာကို တည်ဆောက်နိုင်ခဲ့သည်။ ဒီ Epic ဂိမ်း၏ မူလအစတည်နေရာကတော့
Maryland ရှိ Sweeney ၏မိဘများအိမ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လျှင်မြန်စွာတိုးတက်လာ
ခဲ့သည်။
အဲဒီနောက်ပိုင်း ၁၉၉၈ ခုနှစ်တွင် Epic ဂိမ်းတစ်ခုဖြစ်သည့် ကိုယ်တိုင် ပစ်ခတ်ကစားရသည့် Unreal
ဂိမ်းကို ထုတ်ခဲ့သည်။ ၎င်းဂိမ်တွင် Sweeney ၏ အသစ်ရေးထားသည့် စွမ်းအားပြည့် software တစ်
ခုဖြစ်သည့် Unreal Engine ကို အသုံးပြုလည်ပတ်စေခဲ့ခြင်းဖြစ်သည်။
Sweeney အနေနှင့် ငွေကြေးသည် သူဖန်တီး လုပ်ကိုင်သော ဂိမ်းအင်ဂျင်ကို ပိုမိုကောင်းမွန်လာစေ
နောက် Epic ဂိမ်းလောကသည် Unreal အင်ဂျင်ကြောင့် လူသိများပြီး ကျော်ကြားလာခဲ့သည်။ ၎င်းအင်
ဂျင်ကို Fortnite အပါအဝင် နာမည်ကြီးဂိမ်းများတွင် ပါဝါပိုင်းအတွက် ယနေ့ထိတိုင် အသုံးပြုလျက်ရှိ
သည်။
၁၉၉၉ ခုနှစ်တွင် Epic ဂိမ်းသည် Sweeney ၏မိသားစုအိမ်မှ North Carolina, Cary ရှိ ခမ်းနား
ထည်ဝါသော အဆောက်အအုံများရှိရာဝင်းအတွင်းသို့ ပြောင်းရွှေ့ရောက်ရှိခဲ့သည်။ ဤနေရာတွင်တော့
မြို့ရိုးတက်တာတွေ၊ ဧရာမကုန်းလျှောများနှင့် Epic ၏ Gears of War စီးရီးမှ ဇာတ်လိုက်တစ်ဦးဖြစ်
သည့် Marcus Fenix ၏ရုပ်တုမျှော်စင်များနှင့် ပြီးပြည့်စုံလှသည်။
Tim Sweeney သည် ယခုထိတိုင် Epic ဂိမ်းများ၏ CEO ဖြစ်ပြီး ၎င်း၏ချမ်းသာကြွယ်ဝမှုမှာ ဒေါ်
လာ ၇၅ သန်း (ပေါင် ၅၅ သန်း)ရှိသည်။ အမေရိက၊ အာရှ နှင့် ဥရောပတို့တွင် Edinburgh, Newcastle
နှင့် Staffordshire အပါအဝင်မြို့များ၌ ကုမ္ပဏီများတိုးချဲ့တည်ထောင်ခဲ့ပြီး ဝန်ထမ်းပေါင်း ၈၀၀ ကိုခန့်
ထားလုပ်ကိုင်စေခဲ့သည်။
သူသည် သူ၏ဂုဏ်သတင်းကို တမူထူးခြားသည့် လုပ်ဆောင်မှုများဖြင့် ကျော်ကြားစေခဲ့သူဖြစ်
သည်။ သူသည် အသီးအရွက်မကြိုက်သူတစ်ဦးဖြစ်သည်။ သူသည် VR ကိုသဘောကျသူတစ်ဦးဖြစ်
ပြီး ဆယ်စုနှစ်အနည်းငယ်အတွင်း Matrix ရုပ်ရှင်ကဲ့သို့ ဖန်တီးထားသည့် သက်ရှိဘဝအတုတစ်ခုကိုလုပ်
ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသူဖြစ်သည်။
ထူးထူးခြားခြား အနေဖြင့် သူကိုယ်တိုင်က ဂိမ်းကစားသူတစ်ယောက်မဟုတ်ခဲ့ပေ။ဂိမ်းများ၏နောက်
ကွယ်မှ ပရိုဂရမ်များကို ပိုမိုစိတ်ဝင်စားသူတစ်ယောက်ဖြစ်သည်။ သူသည် အတွေးအခေါ်ခေတ်ရှေ့ပြေး
သည့် သူဌေးတစ်ဦးဖြစ်သော်လည်း အသုံးအဖြုံးကြီးသူတစ်ယောက် မဟုတ်ပေ။ ပြီးခဲ့သည့်နှစ်များအ
တွင်း North Carolina တောင်တန်းဒေသ တောရိုင်းမြေ ၃၆၀၀၀ ဧကအား ထိန်းသိမ်းစောင့်ရှောက်ရန်
ဒေါ်လာ ၁၄ သန်းကျော်(ပေါင် ၁၁ သန်း) သုံးစွဲခဲ့သည်။
Sweeney သည် သူ၏ North Carolina အစိုးရ၏ ခြေရာခံလိုက်မှုမှ ကင်းဝေးသည့် ပါပါးနပ်နပ် လုပ်
ငန်းရှင် တစ်ဦးဖြစ်သည်။ သူနှင့် သူ၏ Epic လုပ်ဖော်ကိုင်ဖက်များသည် ဂိမ်းထုတ်ကုန်၏ ပြောင်းလဲမှုသ
ဘောတရားကို နားလည်ကြသည်။ အခမဲ့ ကစားနိုင်သည့်ပုံစံများသည် ပိုမိုအောင်မြင်ကျော်ကြားလာနိုင်
ပြီး ဂိမ်းကစားသူများက အမြဲတစေ အပြောင်းအလဲရှိသောဂိမ်းများကို တောင်းဆိုနေကြကြောင်း ၎င်းတို့ က သိရှိနားလည်ထားသည်။
ထို့ကြောင့် ၂၀၁၂ ခုနှစ်တွင် Fortnite ဂိမ်း တစ်နှစ်ပြည့်ပြီးနောက် တရုတ်နိုင်ငံရှိ အခမဲ့ဂိမ်းနှင့် အက်
ပလီကေးရှင်းကုမ္ပဏီ Tencent(ဒေါ်လာ ၅၈၀ ဘီလျှံ ချမ်းသာကြွယ်ဝမှုရှိသော)နှင့် ပူးပေါင်းလုပ်ဆောင်
မည်ဖြစ်ကြောင်း ပထမဆုံးကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
Tencent ၏ တည်ထောင်သူနှင့် လုပ်ငန်းလည်ပတ်စေသူ တရုတ်ဘီလျှံနာသူဌေး Ma Huateng
ပိုင်ဆိုင်သော WeChat ရှယ်ယာများကိုလည်း Epic အတွက် ၄၀%(ဒေါ်လာသန်း ၃၃၀)ဝယ်ယူခဲ့သဖြင့်
အဆိုပါ ကုမ္ပဏီများနှင့် အတူတကွလုပ်ဆောင်နိုင်မည်ဖြစ်သည်။
ဒါဟာ Tencent ရဲ့ အတွေ့အကြုံကို Epic ၏အမြင်နှင့် ပေါင်းစပ် လိုက်ခြင်းဖြစ်ပြီး ယနေ့အချိန်တွင်
Fortnite ၏အောင်မြင်မှုကို အခမဲ့ ကစားနိုင်သော ဂိမ်းဖြစ်စေခဲ့ပြီး လစဉ် ဂိမ်းအတွင်း အနည်ငယ်သော
ဝယ်ယူမှုများနှင့် ကစားသူများ၏ ကံကြမ္မာကို ပြောင်းလဲစေနိုင်မည့် ဂိမ်းအဖြစ်ဆောင်ရွက်နိုင်ခဲ့သည်။
ကစားသူတို့၏ ဝယ်ယူမှုများသည် ဂိမ်းအဆင့်မြှင့်တင်ခြင်းအတွက် ပုံမှန်ရန်ပုံငွေဖြစ်လာစေသည်။
Tencent သည် တရုတ်နိုင်ငံတွင် ကြီးမားသောပရိသတ်ရှိပြီး ဂိမ်းကို အနောက်နိုင်ငံများတွင်သာမက
အာရှနိုင်ငံများတွင်ပါ အောင်မြင်မှုရအောင် ကူညီပေးခဲ့သည်။
Tencent ၏ ဥက္ကဋ္ဌ Ma Huateng သည် ၁၉၉၈ ခုနှစ်တွင် ကုမ္ပဏီကိုတည်ထောင်ခဲ့ပြီး ကိုယ်တိုင်
CEO ဖြစ်သူ Sweeney ကို စိတ်ဝင်စားခဲ့သည်။
Pony ဟု၎င်းအား ခေါ်ဆိုခြင်းမှာ သူ၏အမည်အား အင်္ဂလိပ်လိုဘာသာပြန်လျှင် “မြင်း”ဟုအဓိပ္ပာယ်
ရသောကြောင့်ဖြစ်သည်။ သူသည် ကမ္ဘာ့ ၁၄ ဦးမြောက် အချမ်းသာဆုံး ဘီလျှံနာလုပ်ငန်းရှင်သူဌေးတစ်
ဦးဖြစ်ပြီး တရုတ်နိုင်ငံ၏ အချမ်းသာဆုံးသူ တစ်ဦးလည်းဖြစ်သည်။
သူသည် သူ၏လုပ်ငန်းအား သူမတူသည့်အတွေးအခေါ်များဖြင့် ခုန်ပျံကျော်လွှား တိုးတက်လာမြင့်
မားလာရန် တည်ဆောက်ခဲ့သည်။ Tencent ပြိုင်ဘက်၏ထုတ်ကုန်ကို တုပထုတ်လုပ်ခြင်းဖြင့် နာမည်
ကျော်ကြားခဲ့သည်။ chat ဝန်ဆောင်မှုများမှသည် ဂိမ်းများအထိဖြစ်သည်။ ၎င်းတို့ကို ပိုကောင်းစေရန်
လုပ်ဆောင်ခဲ့သည်။ ပိုမိုကြည့်ကောင်းစေသော နည်းလမ်းကိုအသုံးပြုခဲ့သည်။
ထိုအလေ့အကျင့်များဖြင့် သူ၏နာမည်ပြောင် “ကင်းမြီးကောက်”ကို ရရှိခဲ့ခြင်းဖြစ်သည်။ အဘယ်
ကြောင့်ဆိုသော် သူသည် ပြိုင်ဘက်အား မညှာမတာ မချေမှုန်းမီ ငြိမ်သက်၍ သီးခံစောင့်ဆိုင်းနေတတ်
သည်။
ထိုဂုဏ်သတင်းသည် လုပ်ငန်း စတင်တည်ထောင်သူ တရုတ်လူမျိုးများကြားတွင် ပြောစမှတ်တွင်ခဲ့
သည်။ ၎င်းမှာ “ဘဝအသေခံမလား Tencent လိုလုပ်မလား”ဟူ၍ဖြစ်သည်။ ၎င်းတို့၏ အတွေးအခေါ်
သည် အလုပ်ဖြစ်နိုင် မည်ဖြစ်သော်လည်း အင်တာနက်ကုမ္ပဏီကြီးတစ်ခုမှ အတုလုပ်ရန် လှုံ့ဆော်ပေးနေ
သကဲ့သို့ဖြစ်နေသည်။
Untitled-1
Fortnite ၏ Battle Royale mode သည် ကစားသမား ၁၀၀ ပါဝင်ကစားနိုင်သည်။ ၎င်းတို့သည်
တဖြည်းဖြည်း လျော့လျော့လာသော သတ်ကွင်းတစ်ခုထဲသို့ရောက်ရှိလာပြီး ပြိုင်ဘက်ကို သတ်ဖြတ်နိုင်
ရန် လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများ ရှာဖွေစုဆောင်းရသည်။ နောက်ဆုံးတွင် တစ်ဦးတည်းကျန်
ရစ်သူက နိုင်မည်ဖြစ်သည်။ ရိုးရှင်းသည့် စကားပြောများ၊ တမူထူးခြားသည့် အနုပညာအဆင်အပြင်များ
နှင့် အခမဲ့ကစားနိုင်သော ပုံစံများကြောင့် Fortnite ဂိမ်းသည် အခြား multiplayer shooter ဂိမ်းများအ
ကြား ဈေးကွက်တွင် အောင်မြင်မှုကိုရရှိခဲ့ခြင်းဖြစ်သည်။
စစ်တပ်တစ်တပ်စာ နာမည်ကျော် fan များ ပါဝင်အကြိုက်တွေ့မှုက Fortnite ၏ ကျော်ကြားမှုနှင့်
စွမ်းအားကို ပိုမိုမြှင့်တင်ပေးခဲ့သည်။ Pony နှင့် Sweeney နှစ်ဦးတို့အတွက် ရတနာပုံဆိုက်သကဲ့သို့ သ
ဘောကျစရာဖြစ်ခဲ့သည်။
Drake သည် အချိန်တိုင်း ဒီဂိမ်းအကြောင်းကို Twitter ၌တင်ပြီး ဖြန့်ဝေသည်။ နာမည်ကျော် NFL
စတားသည် ဂိမ်းကစားနေပုံများကိုပါ stream အနေနှင့် ဖြန့်ခဲ့သည်။ ထို့ကြောင့် ကစားသမားများ ပိုပိုတိုး
တိုးလာခဲ့သည်။ ကမ္ဘာ့လူကြိုက်အများဆုံး ဂိမ်းတစ်ခုအဖြစ် ပိုမိုကျော်ကြားလာခဲ့သည်။ဈေးကွက်အတွင်း
၇ နှစ်ကြာပြီးနောက် Fortnite ၏ ထူးခြားသည့်အသွင်အပြင်သည် အောင်မြင်မှုကို သက်သေပြခဲ့သည်။
Epic သည် ထိုအမည်နာမဖြင့် ထိုက်ထိုက်တန်တန် ဖြစ်ခဲ့သည်။ Sweeney ၏အခြေအနေသည် သူ့
လောကတွင် နာမည်ကြီး တစ်ယောက်အဖြစ် ခိုင်မာစေခဲ့သည်။