တာ့တာ

တာ့တာ

ကိုကို ညီညီ မပူစီ
ခရီးထွက်လာပြီ။

ဧရာဝတီ ပြာပြာလဲ့
သင်္ဘောစီးမယ်ကွဲ့။

လိုက်ခဲ့ … လိုက်ခဲ့ ပူစီခေါ်
သင်္ဘောထွက်မယ်နော်။

တဘော်ဘော် ခေါ်သံကြား
သင်္ဘော ဥသြလား။

မိတ်ဆွေများက ကမ်းပေါ်မှာ
လက်ပြနှုတ်ဆက်ရှာ။

ကိုကို ညီညီ ပူစီရာ
တာ့တာ … တာ့တာ။ ။

(တင်မိုး)