သီချင်းကြိုက်တဲ့ပူစီ
|သီချင်းကြိုက်တဲ့ပူစီ
ရေဒီယို ရေဒီယို
တေးသီချင်းတွေ ဆို
ရေဒီယိုဘေး ပူစီကလေး
နားရွက် စွင့်လို့ ငေး။
တေးကလေးနဲ့ တမှေးပျော်
ကြွက်ကလေးတွေ အော်
ကြွက်အော်ပေမဲ့ မသိလိုက်
ပူစီ တမှေးငိုက်။
သီချင်းကြိုက်တဲ့ ပူစီရေ
ရေဒီယိုနား နေ၊
တနေကုန်လို့ ကြွက်မခုတ်
ဗိုက်က တကြုတ်ကြုတ်။ ။
(တင်မိုး)