မိုးရာသီမှာ မေမေ့ကလေး နှာစေးနေရင်

သားသားမီးမီးလေးတွေရဲ့ နှာခေါင်းက သွေးကြောများနဲ့ တစ်ရှူးများမှာ အတွင်းရည်ပြည့်ကျပ်လာရင်လည်း နှာစေးခြင်း၊ နှာပိတ်ခြင်းတွေ ခံစားရပါတယ်။

နှာစေးတာဟာ ဓါတ်မတည့်မှု တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ် (Photo: Babi Mild)

သားသားမီးမီးလေးတွေ နှာစေးတဲ့အခါ နို့လည်း ကောင်းကောင်းမစို့ရင်၊ ညဘက်လည်း ကောင်းကောင်းအိပ်မပျော်တော့ပါဘူး။ ဒီအခြေအနေတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

သားသားမီးမီးလေးတွေ နှာစေးတာဟာ ဓါတ်မတည့်မှု တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်

နှာခေါင်းအတွင်းကို ပြင်ပက အရာ တစ်ခုခု ဝင်သွားတာကလည်း နှာစေးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အအေးမိခြင်းကြောင့်လဲ နှာစေးနိုင်ပါတယ်။ သားသားမီးမီးလေးတွေရဲ့ နှာခေါင်းက သွေးကြောများနဲ့ တစ်ရှူးများမှာ အတွင်းရည်ပြည့်ကျပ်လာရင်လည်း နှာစေးခြင်း၊ နှာပိတ်ခြင်းတွေ ခံစားရပါတယ်။ အရည်တွေကြောင့် နှာပိတ်တဲ့အခါ သားသားမီးမီးလေးတို့ အနေနဲ့ အိပ်ရခက်ခြင်း၊ နို့စို့တဲ့အခါ သက်တောင့်သက်သာ မဖြစ်ခြင်းနဲ့ အစားအစားတဲ့အခါမှာလည်း အနှောင့်အယှက် ဖြစ်ရပါတယ်။

သားသားမီးမီးလေးတွေက အရမ်းငယ်မယ်ဆိုရင် အအေးမိတဲ့အခါ တိုက်တဲ့ ဆေးဝါးတွေကို တိုက်လို့ မရနိုင်ပါဘူး။ သားသားမီးမီးလေးတွေ နှာရည်ယိုတဲ့အခါမှာ နှာရည်ကို ကြည့်ပေးပါ။ ဗိုင်းရပ်စ်ကြောင့် နှာရည်ကျတယ်ဆိုရင်တော့ နှာရည်ဟာ အဖြူရောင်ခပ်ကျဲကျဲပါ။ တချို့ကလေးတွေမှာ အဖြူ၊ အစိမ်း၊ အဝါကနေ အဖြူပြန်ပြောင်းသွားတာလည်း ရှိပါတယ်။ ရှားတော့ အတော့်ကို ရှားပါတယ်။

ဆလိုင်းဖြန်းခြင်း၊ နှာခေါင်းအတွင်းသို့ ဆေးထည့်တာမျိုး လုပ်ပေးလို့ ရပါတယ် (Photo: Babi Mild)

သားသားမီးမီးလေးတွေ နှာပိတ်ခြင်းသက်သာစေဖို့အတွက်

ဆလိုင်းဖြန်းခြင်း၊ နှာခေါင်းအတွင်းသို့ ဆေးထည့်တာမျိုး လုပ်ပေးလို့ ရပါတယ်။ နှာခေါင်းအတွင်းက နှပ်ချေးများ ပျော့သွားစေဖို့အတွက် အစက်အနည်းငယ်လောက် ထည့်ပေးပါ။ ပြီးရင်တော့ စုပ်ယူတဲ့ ပြွန်ကိုသုံးပြီး နှပ်ရည်တွေနဲ့ ဆေးစက်တွေပါ စုပ်ယူလိုက်ပါ။ နှာခေါင်းထဲ မထည့်မီမှာ ပြွန်ကိုအရင်ညှစ်ထားပြီး အတွင်းထဲရောက်မှ ညှစ်ထားတာကို လွှတ်လိုက်မယ်ဆိုရင် နှပ်ချေးများ အလိုလို ပါလာပြီးသား ဖြစ်မှာပါ။ ဒီလိုမျိုးလေး အိပ်ရာမဝင်ခင်နဲ့ အစားအစာမစားခင် နာရီဝက်လောက် အလိုမှာ လုပ်မယ်ဆိုရင် သားသားမီးမီးလေးတွေ အသက်ရှူရခက်တာတွေ ဖြစ်မှာ မဟုတ်တော့ပါဘူး။

မိုးရာသီမှာ မေမေ့ရဲ့ သားသားမီးမီးလေးတွေ အအေးမိနှာစေးဖြစ်တတ်တာကြောင့် မိုးမမိစေဖို့၊ ညဘက်အိပ်တဲ့အခါမှာလည်း နွေးနွေးထွေးထွေးလေး အိပ်ဖို့ ဂရုစိုက်ရမှာပါ။

From Kalay with