မရွှေဖဲ
|မရွှေဖဲ
ဘယ်သွားနေလဲ မရွှေဖဲ
ဘုရားပွဲကို လှည်းနဲ့ဆို
ဘာဝယ်ခဲ့လဲ မရွှေဖဲ
ပင်နီအင်္ကျီ ယောထမီ
ဘာစားခဲ့လဲ မရွှေဖဲ
ကြာဇံလက်သုပ် မုံ့ဖက်ထုပ်
ဘယ်လောက်ကုန်လဲ မရွှေဖဲ
စက္ကူတကျပ် ငွေတမတ်
ဘာမြင်ခဲ့လဲ မရွှေဖဲ
ဈေးသည် ဈေးဝယ် စုံလို့ကွယ်
ဘာလုပ်သေးလဲ မရွှေဖဲ
ဘုရားရှင်တော် ဖူးပါသော်
ဘာအမည်လဲ မရွှေဖဲ
မကွေးမြို့စွန် မြသလွန်
ဘာဆုပန်လဲ မရွှေဖဲ
နိဗ္ဗာန်ရွှေပြည် ဆုပန်သည်။(ဒေါက်တာမောင်ဖြူး)
ဘုရားပွဲကို လှည်းနဲ့ဆို
ဘာဝယ်ခဲ့လဲ မရွှေဖဲ
ပင်နီအင်္ကျီ ယောထမီ
ဘာစားခဲ့လဲ မရွှေဖဲ
ကြာဇံလက်သုပ် မုံ့ဖက်ထုပ်
ဘယ်လောက်ကုန်လဲ မရွှေဖဲ
စက္ကူတကျပ် ငွေတမတ်
ဘာမြင်ခဲ့လဲ မရွှေဖဲ
ဈေးသည် ဈေးဝယ် စုံလို့ကွယ်
ဘာလုပ်သေးလဲ မရွှေဖဲ
ဘုရားရှင်တော် ဖူးပါသော်
ဘာအမည်လဲ မရွှေဖဲ
မကွေးမြို့စွန် မြသလွန်
ဘာဆုပန်လဲ မရွှေဖဲ
နိဗ္ဗာန်ရွှေပြည် ဆုပန်သည်။(ဒေါက်တာမောင်ဖြူး)