သားသားမီးမီးလေးတွေရဲ့မျက်စိကို ထိခိုက်စေနိုင်တဲ့ပြဿနာများ

မွေးကင်းစ သားသားမီးမီးလေးတွေရဲ့ အမြင်အာရုံက အကန့်အသတ်ရှိနေပါတယ်။ ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်က သားသားမီးမီးလေးတွေရဲ့ မျက်လုံးတွေကို ယားယံစေပါတယ်။

နုနယ်တဲ့ သားသားမီးမီးလေးတွေရဲ့ မျက်လုံးလေးတွေဟာ အထိအခိုက်မခံပါဘူး။ သားသားမီးမီးလေးတွေရဲ့ မျက်လုံးလေးတွေကို အလုပ်လုပ်များများ မလုပ်ခိုင်းဖို့ သတိပြုပေးပါ။

မွေးကင်းစ သားသားမီးမီးလေးတွေရဲ့ အမြင်အာရုံက အကန့်အသတ်ရှိနေပါတယ် (Photo by Pinterest)

၁။ ဓာတုဗေဒပစ္စည်းနဲ့ ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်

မွေးကင်းစ သားသားမီးမီးလေးတွေရဲ့ အမြင်အာရုံက အကန့်အသတ်ရှိနေပါတယ်။ ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်က သားသားမီးမီးလေးတွေရဲ့ မျက်လုံးတွေကို ယားယံစေပါတယ်။ ပတ်ဝန်းကျင်ကနေ ပျံ့လွင့်လာတဲ့ ဓာတုဗေဒပစ္စည်းအကျွင်းအကျန်တွေကလည်း သားသားမီးမီးလေးတွေရဲ့ အမြင်အာရုံကို ထိခိုက်စေပါတယ်။ ပတ်ဝန်းကျင်မှာ ဖုန်မှုန့်တွေ အလွန်အကျွံရှိနေခြင်း၊ ညစ်ညမ်းတဲ့လေထု၊ ဓာတုဗေဒအကျွင်းအကျန်များနဲ့ မီးခိုးငွေ့တွေကို မကြာခဏထိတွေ့နေရတဲ့ သားသားမီးမီးလေးတွေမှာ အမြင်အာရုံနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

၂။ မျက်လုံးသန့်ရှင်းရေး

သားသားမီးမီးလေးတွေရဲ့ မျက်လုံးထောင့်နားလေးမှာ အဝါရောင်မျက်ဝတ်(မျက်ချေး)တွေ ထွက်နေတာကိုတွေ့ရမှာပါ။ သန့်ရှင်းတဲ့ ဝါဂွမ်းလေးကို ရေနွေးနွေးလေးထဲမှာ နှစ်ပြီး အဝါရောင်မျက်ဝတ်(မျက်ချေး)တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

သားသားမီးမီးလေးတွေရဲ့ မျက်လုံးကို စစ်ဆေးပေးဖို့ လိုပါတယ် (Photo by parenting)

၃။ အချွန်အတက်များ

အိမ်မှာအသုံးပြုနေတဲ့ ခဲတံ၊ ဓား၊ ချိတ် စတဲ့ အချွန်အတက်တွေကို သားသားမီးမီးလေးတွေနဲ့ ဝေးရာမှာထားပေးပါ။ ဒီပစ္စည်းတွေက သားသားမီးမီးလေးတို့ကို မတော်တဆ ဒဏ်ရာတွေရစေပြီး ပြင်းထန်တဲ့ အမြင်အာရုံချို့ယွင်းချက်တွေကို ဖြစ်ပေါ်စေပါတယ်။

၎။ စစ်ဆေးခြင်း

သားသားမီးမီးလေးတွေရဲ့ မျက်လုံးကို စစ်ဆေးပေးဖို့ လိုပါတယ်။ အထူးသဖြင့် သူတို့လေးတွေရဲ့ အသက်(၃)လ သို့မဟုတ် (၄)လမှာ အမြင်အာရုံကောင်းမွန်ခြင်း ရှိမရှိ စစ်ဆေးပေးရပါမယ်။ အမြင်အာရုံစစ်ဆေးတဲ့အခါမှာ မျက်လုံးလှုပ်ရှားမှုနည်းပြီး တည်ငြိမ်နေပါက ဆရာဝန်တွေဆီမှာ ပြသပေးရပါမယ်။

၅။ အလှကုန်ပစ္စည်းများ

သားသားမီးမီးလေးတွေရဲ့ အသားအရေကို လိမ်းပေးတဲ့ ဓာတုဗေဒပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကြောင့်လည်း အမြင်အာရုံထိခိုက်စေပါတယ်။ ဒါ့ကြောင့် သဘာဝအလှကုန်ပစ္စည်းတွေကိုသာ သားသားမီးမီးလေးတွေအတွက် ရွေးချယ်ပေးပါ။

သားသားမီးမီးလေးတွေရဲ့ မျက်စိကျန်းမာရေးကို မေမေဖေဖေတို့အနေနဲ့ မကြာခဏစစ်ဆေးပေးသင့်ပြီး အန္တရာယ်ဖြစ်စေနိုင်မယ့် ပစ္စည်းတွေကိုလည်း သူတို့လေးတွေနဲ့ ဝေးဝေးထားပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

From Kalay with