သားသားမီးမီးလေးတွေရဲ့ မျက်လုံးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်များ

သားသားမီးမီးလေးတွေ အမြင်အာရုံ ကောင်းမွန်ခြင်းရှိမရှိ မေမေဖေဖေတို့ အမြဲ စစ်ဆေးပေးဖို့လိုအပ်သလို လိုအပ်တဲ့ ဗီတာမင်တွေနဲ့ အစားအစာတွေကို ကျွေးဖို့လည်းလိုပါတယ်။

သားသားမီးမီးလေးတွေ အရာဝတ္ထုတွေကို ရှင်းရှင်းမြင်ရဖို့အတွက် အမြင်အာရုံတွေ ကောင်းမွန်ဖို့ မေမေဖေဖေတို့ရဲ့ ဂရုစိုက် စောင့်ရှောက်မှု အထူးလိုအပ်ပါတယ်။ အမြင်အာရုံကို နှိုးဆွပေးနိုင်တဲ့ ကစားနည်းတွေ နဲ့ သင်ကြားပေးနိုင်တဲ့ နည်းလမ်းတွေကို လိုအပ်သလို အသုံးပြုပေးရမှာပါ။

သားသားမီးမီးလေးတို့ကို ကျွေးတဲ့ အစားအသောက်တွေ ထဲမှာလည်း အမြင်အာရုံကို အထောက်အကူပြုတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ဖို့ လိုပါတယ်။ အမြင်အာရုံကို အထောက်အကူပြုနိုင်တဲ့ ဗီတာမင်ဓာတ်တွေကို Kalay ကနေ ဝေမျှပေးမယ်နော်။

မုန်လာဥနီက မျက်လုံးကျန်းမာရေးကို အထောက်အကူပြုတာကြောင့် ဖြည့်စွက်စာထဲမှာ ထည့်သွင်းပေးသင့်ပါတယ်

အမြင်အာရုံကို ကာကွယ်ပေးတာကတော့

  • ဗီတာမင်စီ၊ အီး၊ ဇင့်၊ အိုမီဂါ(၃) နဲ့ lutein တို့က မျက်လုံး ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
  • အာဟာရအပြည့်အဝပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ အသား၊ အခွံမာသီးတွေနဲ့ ငါးတို့ကို မျှတအောင် စားပေးပါ။ တစ်ပတ်လျှင် ငါး(၁၂)အောင်စ စားပေးသင့်ပါတယ်။
  • ကိုယ်ဝန်ဆောင်နေချိန်မှာနဲ့ မွေးဖွားပြီးတဲ့ အချိန်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေနဲ့ ဗီတာမင်ဓာတ်တွေကို လုံလုံလောက်လောက် စားပေးရပါမယ်။
  • ဗီတာမင်အေမှာ ပါဝင်တဲ့ ဘီတာကရိုရင်းဟာ မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဗီတာမင်အေ ပါဝင်တဲ့ အစားအစာတွေကတော့ အမဲသား၊ ကြက်သား၊ မလိုင်ပြည့်နွားနို့၊ ချိစ့်၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ အာလူး၊ ကိုက်လန်၊ သခွားမွေး တို့ကို ကျွေးသင့်ပါတယ်။

အမြင်အာရုံပြောင်းလဲခြင်း ရှိမရှိ စစ်ဆေးပေးပါ

သတိထားရမှာက

  • ချွန်ထက်တဲ့ ပစ္စည်းတွေကို သားသားမီးမီးလေးတို့နဲ့ ဝေးတဲ့နေရာတွေမှာ ထားပေးပါ။
  • အမြင်အာရုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သင့်တော်တဲ့ နည်းလမ်းတွေကို အသုံးပြုပေးပါ။
  • မေမေဖေဖေတို့က အမြင်အာရုံ ပြောင်းလဲခြင်း ရှိမရှိ သတိထား စောင့်ကြည့်ပေးပါ။
  • ပြင်းထန်တဲ့ နေရောင်ခြည် မထိအောင် ကာကွယ်ပေးပါ။
  • ဖုန်း၊ tablet စတဲ့ အလင်းပြန်နိုင်တဲ့ ပစ္စည်းတွေနဲ့ သားသားမီးမီးလေးတို့ကို မပေးပါနဲ့။

 

From Kalay with