ဗီတာမင် အေ ထည့်ကျွေးဖို့ မေမေတို့ သတိပြုရပါမယ် (Photo: Daily Mail)
သားသားမီးမီးလေးတွေ အမြင်အာရုံကြည်လင်ဖို့နဲ့ အရိုးအဆစ်တွေ သန်မာစေဖို့အတွက် ဗီတာမင် အေက မရှိမဖြစ် လိုအပ်ပါတယ်။ ဗီတာမင် အေ ဟာ ခန္ဓာကိုယ်ထဲမှာ တစ်ရှူးတွေ ကောင်းမွန်စွာ ကြီးထွားဖို့အတွက် အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်အတွင်း ၀င်ရောက်လာနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တာမို့ သားသားမီးမီးလေးတွေ ကျန်းမာစေဖို့အတွက် ဗီတာမင် အေ ရရှိဖို့ လိုပါတယ်။
ဖြည့်စွက်စာ စတင်စားတဲ့ အချိန်ကစပြီး ဗီတာမင် အေ ထည့်ကျွေးဖို့ မေမေတို့ သတိပြုရပါမယ်
သားသားမီးမီးလေးတွေရဲ့ အသားအရေ စိုပြည်ခြင်းဆိုတာကလည်း ဗီတာမင်ပေါ်မှာ အများကြီး မူတည်ပါတယ်။ ဘာလို့လဲဆိုတော့ ဆဲလ်တွေကို အသစ်တဖန်ပြန်လည် မွေးဖွားနိုင်အောင် ပြုလုပ်ပေးတာ ဗီတာမင် အေ ပါပဲ။ သားသားမီးမီးလေးတွေ အသက်(၆) လဆိုရင် တစ်နေ့ကို ဗီတာမင် အေ (၄၀၀) mcg လိုအပ်ပြီး အသက်(၇) လကနေ (၂) နှစ်အတွင်းဆိုရင်တော့ (၅၀၀) mcg လိုအပ်ပါတယ်။ မေမေတို့ သားသားမီးမီးလေးတွေအတွက် ဗီတာမင် အပြည့်အ၀ ရအောင် ဒီလို အစားအစာတွေ ကျွေးပေးသင့်ပါတယ်။
အသားအရေ စိုပြည်ခြင်းဆိုတာကလည်း ဗီတာမင်ပေါ်မှာ အများကြီး မူတည်ပါတယ် (Photo: Daily Mail)
အမဲအသည်း
အမဲသားဟာ သွေးအားကောင်းစေတယ်ဆိုတာ မေမေတို့ သိထားပြီးသား ဖြစ်မှာပါ။ အမဲအသည်းဟာ ဗီတာမင် အေအပြည့်အဝပေးနိုင်တဲ့ အသားတစ်မျိုးပါပဲ။ ဒီတော့ ဗီတာမင် အေ အတွက် အသားကျွေးချင်တယ်ဆိုရင် မေမေတို့ အမဲအသည်းကို ကျွေးပေးသင့်ပါတယ်။
ကြက်ဥနဲ့ ချိစ်
ကြက်ဥမှာလည်း ဗီတာမင် အေလုံလုံလောက်လောက်ပါတယ်ဆိုတာ မေမေတို့ မမေ့သင့်ပါဘူး။ သားသားမီးမီးလေးတွေဟာ အသီးအရွက်မကြိုက်၊ အသားမစားချင်ဆိုရင်တောင် ကြက်ဥ ကျွေးပေးလို့ ရပြီး ချိစ်မှာလည်း ဗီတာမင် အေ တွေ ပါဝင်ပါတယ်။
မုန်လာဥနီ
မုန်လာဥနီမှာ ဗီတာမင် အေ အပြည့်အဝ ပါဝင်တာမို့ သားသားမီးမီးလေးတွေအတွက် အကောင်းဆုံးပါ။ မုန်လာဥနီကို မကြိုက်ကြတာလည်း ရှိတာကြောင့် မုန့်လာဥနီ တစ်မျိုးတည်း ကျွေးတာမျိုး မလုပ်ဘဲ ပြုတ်ပြီး အသားတစ်ခုခုနဲ့ ရောကျွေးတာမျိုး ပြုလုပ်ပေးပါ။ လက်နဲ့ ကိုင်စားတတ်တဲ့ အရွယ်ဆိုရင်တော့ ရေလေးစင်အောင်ဆေးပြီး ကိုင်စားခိုင်းတာမျိုး လုပ်ပေးပါ။
ဟင်းနုနွယ်နဲ့ ပန်းဂေါ်ဖီစိမ်း
ဗီတာမင် အေ ပေးနိုင်တဲ့ အရွက်တွေထဲမှာ ဟင်းနုနွယ်နဲ့ ပန်းဂေါ်ဖီစိမ်းက ထိပ်ဆုံးက ပါဝင်ပါတယ်။ ဟင်းနုနွယ်ဟာ ဗီတာမင် အေ (၁၃) ရာခိုင်နှုန်းနဲ့ ပန်းဂေါ်ဖီစိမ်းက (၁၁) ရာခိုင်နှုန်း ပေးစွမ်းနိုင်တာကြောင့် မေမေတို့ သားသားမီးမီးလေးတွေကို ကျွေးသင့်ပါတယ်။
From Kalay with