မွေးကင်းစကလေးလေး ခြေထောက် ဖွံ့ဖြိုးစေနိုင်ဖို့

မေမေတို့ရေ တချို့သားသားမီးမီးလေးတွေ အသက်ကြီးလာတဲ့အခါ လမ်းလျှောက်ရင် ခြေထောက်ကားတာ၊ ခြေထောက်ခွင်တာမျိုး ဖြစ်နေတာတွေ ရှိမှာပါ။

မွေးကင်းစလောက်ကထဲက သားသားမီးမီးလေးတွေရဲ့ ခြေထောက် ဖွံ့ဖြိုးမှုကို ဂရုစိုက်ရပါမယ်နော်(Photo: geniusgadget.com)

မေမေတို့ရေ တချို့သားသားမီးမီးလေးတွေ အသက်ကြီးလာတဲ့အခါ လမ်းလျှောက်ရင် ခြေထောက်ကားတာ၊ ခြေထောက်ခွင်တာမျိုး ဖြစ်နေတာတွေ ရှိမှာပါ။ မွေးရာပါ မဟုတ်ရင် ပြုပြင်လို့ ရနိုင်ပါတယ်။ ဒါကြောင့် မွေးကင်းစလောကထဲက သားသားမီးမီးလေးတွေရဲ့ ခြေထောက် ဖွံ့ဖြိုးမှုကို ဂရုစိုက်ရပါမယ်နော်။

မွေးကင်းစ အရွယ်မှာ သားသားမီးမီးလေးတွေ ခြေထောက်လေးတွေ

ကွေးပြီး အနေများတာ သတိထားမိမှာပါ။ ခြေထောက်ဖွံ့ဖြိုးဖို့အတွက် ခြေထောက်လေးတွေကို ဆန့်တန်းပေးဖို့ လိုတယ်နော်။ မေမေတို့ လက်လေးနဲ့ ခြေထောက်လေးတွေကို ဖြည်းဖြည်းချင်း စုပ်ပြီး ဆန့်ပေးပါ။ အရမ်းဆွဲလို့ မရသေးပါဘူးနော်။ ဒါဆိုရင်တော့ ခြေထောက်ခွင်တာတွေ မရှိတော့ဘဲ ဖွံ့ဖြိုးမှာပါ။

ခြေထောက်ရဲ့ ဖွံ့ဖြိုးမှုက လက်နဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုထက်တော့ နောက်ကျပါတယ်(Photo: geniusgadget.com)

ခြေထောက်ရဲ့ ဖွံ့ဖြိုးမှုက လက်နဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုထက်တော့ နောက်ကျပါတယ်

ဒါကြောင့် သားသားမီးမီးလေးတွေမှာ လက်တို့ ခေါင်းတို့က ပိုလှုပ်ရှားပြီး ခြေထောက် သိပ်မလှုပ်ရင် စိတ်မပူနဲ့နော်။ သားသားမီးမီးလေးတွေ အသက်(၃)လ လောက် ရောက်တဲ့အထိ ခြေထောက်က ကန်တာလေးတွေ၊ တွန်းတာတွေ မလုပ်ရင်တော့ ဒါဟာ ဖွံ့ဖြိုးမှုမှာ ပြသာနာ နည်းနည်း ရှိနေတာပါ။ ဆရာဝန်ဆီ ပြကြည့်ပါနော်။

 ခြေထောက်လေးတွေ ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့အတွက်

ခြေထောက်ကို အမြဲတမ်း ထုပ်ထား၊ ပတ်ထားတာမျိုး မလုပ်ပါနဲ့နော်။ ဒါက ခြေထောက်လေးတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားမှုကို အနှောင့်အယှက် တစ်ခု ဖြစ်စေတာမို့ပါ။ အမြဲတမ်းတော့ မထုပ်ဘဲ ထားလို့ မရဘူးနော်။ ကလေး အအေးမိမှာ စိုးလို့ပါ။

နောက်တစ်ခုကတော့ သားသားမီးမီးလေးတွေကို အာဟာရ ပြည့်ဝနေအောင် ကျွေးရပါမယ်။ မွေးကင်းစဆိုတော့ နို့တစ်မျိုးတည်း တိုက်လို့ ရဦးမှာပါ။ ဒီ နို့ချိုကိုပဲ အချိန်မှန်အောင် ပြည့်ဝအောင် တိုက်ပါ။ နို့ဗူးတိုက်တယ်ဆိုရင်လည်း ပြည့်ဝမှု ရှိအောင် သတိပြုပါ။ သန့်ရှင်းအောင် ထားဖို့လည်း သတိရပါ။

From Kalay with