သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုလေးတွေက မေမေဖေဖေတို့အတွက် စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။ ဖေဖေမေမေတို့အတွက် ပျော်စရာကောင်းသလို သူတို့လေးတွေအတွက်လည်း ဖွံ့ဖြိုးမှု မှတ်တိုင်လေးတွေပါပဲ။ မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေရဲ့ ပထမ(၂)နှစ်မှုာ အသေးစိတ်ဂရုစိုက်ဖို့ အရေးကြီးပါတယ်။
သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုလေးတွေက မေမေဖေဖေတို့အတွက် စိတ်လှုပ်ရှားစရာကောင်းလှပါတယ် (Photo by Mom Meet Ups)
လအလိုက် သားသားမီးမီးလေးတွေကို ဘယ်လိုဂရုစိုက်ကြမလဲ
၁။ (၆)ပတ် မှ (၈)ပတ်
ဒီအချိန်မှာ မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေနဲ့ မျက်လုံးချင်း ဆက်သွယ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို မျက်လုံးခြင်းဆက်သွယ်ပေးတာက သားသားမီးမီးလေးတွေရဲ့ မှတ်ဥာဏ်ထဲမှာ မေမေဖေဖေတို့ရဲ့ ပုံရိပ်တွေကို မှတ်သားစေပါတယ်။ ဒီနည်းလမ်းလေးတွေက သားသားမီးမီးလေးတွေရဲ့ အမြင်အာရုံကို အထောက်အကူပြုပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေလည်း ရရှိစေပါတယ်။ သားသားမီးမီးလေးတွေကို မကြာခဏ ပြုံးပြပေးတာကလည်း သူတို့လေးတွေရဲ့ စိတ်ကို လုံခြုံစေပါတယ်။ မေမေဖေဖေတို့က မကြာခဏ ပြုံးပြတဲ့အခါ သူတို့လေးတွေကလည်း အပြုံးနဲ့ ပြန်လည်တုန့်ပြန်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် မကြာခဏ ပြုံးပြပေးသင့်ပါတယ်။
မမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေရဲ့ ပထမ(၂)နှစ်မှုာ အသေးစိတ်ဂရုစိုက်ဖို့ အရေးကြီးပါတယ် (Photo by TheHealthSite)
၂။ (၈)ပတ်
သားသားမီးမီးလေးတွေကို ချော့သိပ်တဲ့အခါ ညင်သာစွာ အသံပြုပေးဖို့ လိုပါတယ်။ ဥပမာ- သားသားမီးမီးလေးတွေကို ချီပြီး ” အို အို့ အို အို” လို့ အသံပြုပေးကြပါတယ်။ ဒီလိုညင်သာတဲ့ အသံလေးတွေကို သားသားမီးမီးလေးတွေက ကြိုက်နှစ်သက်ကြပါတယ်။ သရသံတွေကို အသုံးပြုပြီး ညင်သာတဲ့အသံတွေကို ဖန်တီးနိုင်ပါတယ်။
၃။ (၅)လမှ (၇)လ
သားသားမီးမီးလေးတွေက ပစ္စည်းလေးတွေကို မကြာခဏ ဆုပ်ကိုင်ထားလေ့ရှိပါတယ်။ ဒီအချိန်မှာ မေမေဖေဖေတို့က အရုပ်ကလေးတွေကို အသုံးပြုပြီး သင်ကြားပေးနိုင်ပါတယ်။ အရုပ်တွေကို ခွဲခြားခိုင်းတာတွေနဲ့ ရွေးချယ်ခိုင်းတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။
၎။ (၁၂)လ
ဘာသာစကားတိုးတက်မှုကို အထာက်အကူပြုတဲ့ စာအုပ်တွေနဲ့ ကာတွန်းရုပ်ရှင်တွေကို ကြည့်ရှုဖို့ လမ်းညွှန်ပေးသင့်ပါတယ်။ မေမေဖေဖေတို့က သားသားမီးမီးလေးတွေကို ပုံပြင်ဖတ်ပြတာတွေနဲ့ မကြာခဏ စကားပြောပေးတာတွေက ဘာသာစကားတိုးတက်မှုကို အထောက်အကူပြုပါတယ်။
သားသားမီးမီးလေးတွေ လအလိုက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မေမေဖေဖေတို့က ဂရုစိုက် လမ်းညွှန်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
From Kalay with