ကလေး အသက်(၆) လ အတွင်း မသိပ်သင့်တဲ့ အိပ်စက်ခြင်းပုံစံ

ဘးတိုက်အိပ်ခြင်းကလည်းပက်လက်အိပ်ခြင်းလိုပဲ ရွေးချယ်စရာသိပ်နည်းတဲ့အနေအထားပါပဲ။ ပက်လက်သိပ်ရင်ဦးခေါင်းပုံစံပျက်နိုင်တယ်လို့ထင်ကြပါတယ်။

အန္တရာယ်ရှိစေတဲ့ အိပ်စက်ခြင်းပုံစံဟာ မှောက်လျက် အနေအထားပါပဲ (photo: tesco.hu)

မေမေတို့ရေ မွေးကင်းစ သားသားမီးမီးလေးတွေဆိုတာ အရမ်းဂရုစိုက်ကာမှ တော်ရုံကျတာပါ။ သူတို့လေးတွေရဲ့ ကျန်းမာရေး ကောင်းမွန်မှုဆိုတာ မေမေတို့နဲ့ အများကြီးသက်ဆိုင်ပါတယ်။ မွေးကင်းစလေးတွေ ကျန်းမာဖို့အတွက် အိပ်တဲ့အခါမှာ ဂရုစိုက်ဖို့ လိုပါတယ်။ သိပ်တဲ့အခါ ခြင်မကိုက်အောင်၊ အအေးမမိအောင် သိပ်ကြသလို အနေအထားကလည်း အရမ်းအရေး ပါ ပါတယ်။ ဒီတစ်ခါမှာတော့ ကလေးအတွက် မသိပ်သင့်တဲ့ ပုံစံကို ဖော်ပြလိုက်ပါတယ်။

သားသားမီးမီးလေးအတွက် အန္တရာယ်ရှိစေတဲ့ အိပ်စက်ခြင်းပုံစံက မှောက်လျက် အနေအထားပါပဲ

ဒီလို အနေအထားဟာ ကလေး ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထိတွေ့ချိန်ကြာစေပြီး အဆိပ်သင့်စေတာကြောင့် ကိုယ်တွင်း အင်္ဂါတွေကို ထိခိုက်စေပါတယ်။ မျက်နှာကို မှောက်စေတာကြောင့် အပူချိန်မြင့်တက်ပြီး အသက်အန္တရာယ်ကိုတောင် စိုးရိမ်ရပါတယ်။

ပက်လက်အိပ်တာက သားသားမီးမီး အိပ်နေစဉ်မှာ အောက်ဆီဂျင် အလုံအလောက် ရစေပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်  (photo: tesco.hu)

ဘေးတိုက်အိပ်ခြင်းကလည်း

ပက်လက်အိပ်ခြင်းလိုပဲ ရွေးချယ်စရာ သိပ်နည်း အနေအထားပါပဲ။ တချို့မေမေတွေကတော့ ကလေးတွေကို ပက်လက်သိပ်ရင် ဦးခေါင်းပုံစံ ပျက်နိုင်တယ်လို့ ထင်တာကြောင့် ဘေးတိုက်ပဲ သိပ်ကြတာ များပါတယ်။ ဘေးတိုက်အိပ်ခြင်းကလည်း ဘေးကင်းမှုအတွက် အနည်းငယ် စိုးရိမ်ရတယ်လို့ သုတေသီက ဆိုထားပါတယ်။ ပက်လက်သိပ်တာကြောင့် ခေါင်ပုံစံ ပြောင်းတာက ထိုင်တဲ့အချိန်နဲ့ လေးဘက်သွားတဲ့ အရွယ်ရောက်ရင် ပြန်လည် ပြုပြင်လို့ ရပါတယ်။

အမေရိကန် ကလေးကျန်းမာရေး ပညာပေးအဖွဲ့အရ မွေးကင်းစ ပထမ(၆) လ အတွက် သိပ်သင့်တဲ့ ပုံစံကတော့ ပက်လက်အနေအထားပါ။ သားသားမီးမီးလေးရဲ့ ဦးနှောက်က ဖွံ့ဖြိုးဆဲဆိုရင် အသက်ရှူရ ခက်ခဲနေတဲ့အခါတွေမှာ အောက်ဆီဂျင် ပြတ်လက်တာက အသက်ဆုံးရှုံးတာထိတောင် ဖြစ်နိုင်ပါတယ်။ ပက်လက်အိပ်တာက သားသားမီးမီး အိပ်နေစဉ်မှာ အောက်ဆီဂျင် အလုံအလောက် ရစေပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ သုတေသီတွေအရ ပက်လက်သိပ်တာက  ရုတ်တရက် သေဆုံးခြင်းကို လျှော့ချပေးပါတယ်လို့ သိရပါတယ်။

From Kalay with