သတိထားရမယ့် သားသားမီးမီးလေးတွေရဲ့ သွေးအားနည်းရောဂါ

သားသားမီးမီးလေးတို့မှာ သွေးအားနည်းရောဂါမဖြစ်အောင် ကိုယ်ဝန်ဆောင်ချိန်ကတည်းက သံဓာတ်အားဖြည့်ဆေးဝါးတွေ နဲ့ အစားအစာတွေကို အပြည့်အဝ စားသုံးဖို့ လိုပါတယ်။

မေမေတို့ရေ သွေးအားနည်းရောဂါဆိုတာ သွေးထဲက သွေးနီဥတွေမှာ အောက်စီဂျင်ကို အသုံးပြုတဲ့ ဟီမိုဂလိုဘင်(သံဓာတ်) အာနည်းတာပါ။ ဟီမိုဂလိုဘင် ရဲ့ လုပ်ငန်းတာဝန်ကတော့  အသက်ရှုတဲ့အခါ လေထဲက အောက်စီဂျင်ကို အသုံးပြုပြီး သွေးကို သန့်စင်အောင်ပြုလုပ်ပေးတာပါ။

သားသားမီမီးတို့မှာ သွေးအားနည်းတာကို ဘယ်လိုသိနိုင်မလဲ

သားသားမီးမီးတွေရဲ့ အသားအရေဟာ အသားအရေဟာ ဖြူဖတ်ဖြူရော်ဖြစ်နေမယ်။ အသက်ရှုမဝတာ နဲ့ ခေါင်းမူးတာတွေဖြစ်နေမယ်။ ခြေလက်တွေ အေးစက်နေမယ်ဆိုရင်တော့ သွေးအားနည်းတဲ့ လက္ခဏာပါ။

သွေးအားနည်းတာကို ဘယ်လိုကုသ နိုင်သလဲ

နို့စို့အရွယ် သားသားမီးမီးလေးတွေဆိုရင်တော့ မေမေတို့က သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို စားပေးရမှာပါ။ နောက်တစ်နည်းကတော့ ကလေးအထူးကုဆရာဝန်တွေ ဆီမှာ သွားရောက်ပြသပြီး ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့ပါပဲ၊

 ကုသပေးနိုင်တဲ့ အစားအစာများ

သားသားမီးမီးလေးတို့မှာ သွေးအားနည်းရောဂါမဖြစ်အောင် မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ကာလ ကတည်းက သံဓာတ်အားဖြည့်တဲ့ ဆေးဝါးတွေ နဲ့ အစားအစာတွေကို အပြည့်အဝ စားသောက်ဖို့ လိုပါတယ်။ သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေကတော့ အသဲ၊ ပဲပုတ်၊ ပဲအမျိုးမျိုး၊ ကြက်သား၊ ပေါင်မုန့်၊ ဝက်သား၊ ခရမ်းသီး၊  နာနတ်သီး၊ သဘောင်္သီး၊ စပျစ်သီး၊ ပဲနို့၊ ဟင်းနုနွယ်၊ မုန်ညင်း၊ အာလူး၊ နေ့ကြာစေ့ စတာတွေက သွေးအားနည်းရောဂါ မဖြစ်အောင် ကူညီပေးပါတယ်။

မေမေတို့နောက်ထပ် သတိထားရမှာတော့ သားသားမီးမီးတို့မှာ ဗီတာမင် B12 ချို့တဲ့ နေရင်လည်း သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ်။ ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအစာတွေကတော့ ခရု၊ အသဲ၊ ကောက်ပဲသီးနှံ၊ ဒိန်ချဉ်၊ နွားနို့၊ ကြက်ဥ၊ ဘဲဥ၊ ငုံဥ နဲ့ ကြက်သား တို့ ဖြစ်ပါတယ်။

ဖြည့်စွက်စာ ကျွေးနေတဲ့ သားသားမီးမီးလေးတွေအတွက်တော့ သွေးအားနည်းရောဂါ မဖြစ်အောင် အထက်ပါ ဟင်းသီးဟင်းရွက်၊    ကြက်ဥ၊ ဘဲဥ နှင့် ကြက်သား တို့ကို ဆန်မှုန့် နဲ့ ရောကျို ကျွေးနိုင်ပါတယ်နော်။

 

 

 

From Kalay with